backup og meta

သင့်ရဲ့ မိတ်ကပ်brushတွေကို ဘယ်လိုသန့်စင်မလဲ

သင့်ရဲ့ မိတ်ကပ်brushတွေကို ဘယ်လိုသန့်စင်မလဲ

သင့်ရဲ့ မိတ်ကပ်ဆွဲတံ brush တွေကိုဘယ်လိုသန့်စင်မလဲ။

ဘယ် brush က အသားအရေညိုဖို့ အတွက်သုံးပြီးဘယ် brush ကိုတော့ အမည်းစက်ဖုံ း ဖို့ အတွက် သုံးတယ်ဆိုတာကိုတော့ သင်သိနေပါပြီ။ ဒါပေမဲ့ သင့်မိတ်ကပ် brush တွေကို သန့်စင်သင့်တယ် ဆိုတာကိုရော သင်သိပါသလား။ မိတ်ကပ်brushတွေကို သန့်စင်ခြင်းဟာသင့်ရဲ့ နေ့စဉ် အလှအပရေးရာထိန်းသိမ်းမှုထဲမှာ ပုံမှန် အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်သင့်ပါတယ်။ သင့် brush တွေကို အသုံးပြုတဲ့အခါမှာ မိတ်ကပ်တွေ၊ အဆီတွေ ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေတောင်မှ brushရဲ့ အမွှေးတွေကြားမှာ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် သာမန် စဉ်းစားကြည့်ရင်တောင် ဒီအဆင့်ကို မလုပ်တာက ချွေးပေါက်တွေပိတ်စေပြီး စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အခြေအနေတွေဖြစ်လာစေနိုင်ပါ တယ်။ တကယ်အဆင့်မှီပြီးကောင်းတဲ့ မိတ်ကပ် brush တွေဈေးကြီးတာကို ထည့်မပြောပါနဲ့ဦး။ သူတို့ကို ဘယ်လို သေချာ သန့်စင်ပေးရမယ် ဆိုတာကို သင်ယူတာကမှ သင့်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ရာရောက်မှာပေါ့။

ဘာတွေလိုအပ်သလဲ။

  • ဇလုံခပ်တိမ်တိမ်
  • နူးညံ့ပြီးရှင်းလင်းစေတဲ့ ခေါင်းလျှော်ရည် သို့မဟုတ် ကလေးခေါင်းလျှော်ရည်
  • ရေဇလုံ
  • အဝတ်စ
  • အသုံးပြုပုံ
  • သင့်brushတွေကိုရေကြက်သီးနွေးထဲမှာစိမ်ပြီးမိတ်ကပ်အကြွင်းအကျန်တွေ အားလုံး ကင်းရှင်းသွားသည်အထိ စိမ်ထားခြင်းနဲ့စတင်ပါ။ brush ရဲ့ ခေါင်းနဲ့လက်ကိုင်နဲ့ ထိတဲ့နေရာဟာ ကပ်ထားတဲ့ကော် ကွာနိုင်တာကြောင့် ရေမစိမ်မိအောင် ရှောင်ရှားရင်း brush က အမွှေးတွေကိုပဲဂရုစိုက်ပါ။
  • ဇလုံထဲကို ရေကြက်သီးနွေးအနေအထားမှာ ထည့်ပြီး ခေါင်းလျှော်ရည် အနည်းငယ်ထည့်ပါ။ သင့်brush ထိပ်ဖျားတွေကိုရေထဲမှာ စက်ဝိုင်းပုံမွှေပေးပါ။ လိုအပ်ခဲ့မယ်ဆိုရင် brush ကိုလက်ဖဝါးပေါ်တင်ပြီးအမြှုပ်ထလာသည်အထိ စက်ဝိုင်းပုံလှည့်ပေးပါ။
  • Brush ထိပ်ဖျားတွေကို ရေထဲမှာ တစ်ခါထပ်ထည့်ပြီးဆေးပေးပါ။ ဒီအဆင့်ကို brush ကိုရေထဲမှာ ထည့်လိုက် သော်လည်း ရေကြည်နေတဲ့အဆင့်ထိ ရောက်အောင် ၂ခါ ၃ခါ ထပ်ထပ်လုပ်ပေးပါ။
  • Brush ကိုသန့်စင်အောင် အဝတ်စနဲ့သုတ်ပေးပြီး အမွှေးတွေကို မူလအတိုင်းဖြစ်အောင် ပုံပြန်သွင်းပါ။
  • Brush တွေကို အဝတ်စပေါ်မှာ ခြောက်သွားတဲ့ထိ ဖြန့်ချထားပါ။
  • ပြီးရင်တော့ သန့်စင်ပြီးတဲ့ brush လေးတွေသင်ရပြီပေါ့။ ဈေးကွက်ထဲမှာ brush တွေ ဆေးဖို့အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ brush shampoo တွေရှိပါတယ်။ နူးညံ့ရှင်းလင်းစေတဲ့ shampoo သို့မဟုတ် ကလေး shampoo တွေကလည်း ဒီလိုပြုလုပ်ဖို့အတွက် ကောင်းတယ်ဆိုယုံလောက် ရှိတာမဟုတ်လား။

ကံကောင်းထောက်မစွာနဲ့ပဲ သင့်ရဲ့မိတ်ကပ်brushတွေကိုသန့်စင်တာဟာ မြန်ဆန် လွယ်ကူနေပါတယ်။ သင့် brush ကိုသန့်စင်စေမဲ့ ပထမဆုံး အဆင့်ကတော့ သင်အသုံးပြုပြီးတိုင်းမှာ daily brush cleaner ကို brush တွေပေါ်မှာ ဖြန်းပေးတာပါပဲ။ တစ်ပတ်မှာ တစ်ခါတော့ သေချာ သန့်စင်ပေးရမှာပါ။ (သင့် brush တွေဟာ သေချာသန့်စင်ပေးပြီးရင် လုံးဝခြောက်သွေ့သွားဖို့ တစ်နာရီခန့် အချိန်ယူရမှာကိုတော့ သတိပြုပါ။ ဒါကြောင့် အဲ့ဒီနေ့ အတွက်ဆိုရင် သင်ဖြီးလိမ်းပြင်ဆင်ပြိးမှ brush တွေကို သန့်စင်တာက ပိုပြီးသင့်တော်ပါတယ်။ )

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://laurenconrad.com/blog/2013/06/beauty-school- how-to- clean-your- makeup-brushes-tips- tricks-ilana- saul-june- 2013/http://laurenconrad.com/blog/2013/06/beauty-school- how-to- clean-your- makeup-brushes-tips- tricks-ilana- saul-june- 2013/http://laurenconrad.com/blog/2013/06/beauty-school- how-to- clean-your- makeup-brushes-tips- tricks-ilana- saul-june- 2013/http://laurenconrad.com/blog/2013/06/beauty-school- how-to- clean-your- makeup-brushes-tips- tricks-ilana- saul-june- 2013/http://laurenconrad.com/blog/2013/06/beauty-school- how-to- clean-your- makeup-brushes-tips- tricks-ilana- saul-june- 2013/http://laurenconrad.com/blog/2013/06/beauty-school- how-to- clean-your- makeup-brushes-tips- tricks-ilana- saul-june- 2013/http://laurenconrad.com/blog/2013/06/beauty-school- how-to- clean-your- makeup-brushes-tips- tricks-ilana- saul-june- 2013/http://laurenconrad.com/blog/2013/06/beauty-school- how-to- clean-your- makeup-brushes-tips- tricks-ilana- saul-june- 2013/

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Wilson Chan မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့် အသားအရေ ကို ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝပစ္စည်းများ

ပြီးပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှု အဆင့်ဆင့်


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement