သင့်ခန္ဓါကိုယ်ထဲရှိ ကိုယ်ခံအားစနစ်သည် သင့်ကိုနေမကောင်းဖြစ်စေမည့် ပြင်ပမှရောဂါပိုးများကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ တခါတရံတွင် သင့် ကိုယ်ခံအားစနစ်သည် သင့်အပေါ်သက်ရောက်လာသော အရာများကို တုန့်ပြန်မှုလွန်ကဲရာမှ ဓါတ်မတည့်မှုဖြစ်လာရခြင်းဖြစ်သည်။
သင်သည် အစားအစာ၊ ဆေးဝါးနှင့် ပတ်ဝန်းကျင် စသည်တို့နှင့် ဓါတ်မတည့်မှုများခံစားရနိုင်ပါသည်။
ဘယ်အချိန်မှာ ရှေးဦးပြုစုမှုကို လိုအပ်သလဲ။
ဓါတ်မတည့်မှုကို ပြင်းထန်စွာခံစားနေရသော လူနာများနှင့် အောက်ပါလက္ခဏာများရှိလျှင်ရှေးဦးပြုစုရန် လိုအပ်သည်။
- အသက်ရှုကျပ်လာခြင်း နှင့် တရွှီရွှီမြည်နေခြင်း
- အသံသြလာခြင်း၊ စကားပြောရခက်ခြင်း
- လည်ချောင်းထဲတွင် ကျပ်ပြီး အသက်ရှုမဝတော့ခြင်း
- နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းများ ဖောင်းရောင်လာခြင်း
- နှလုံးခုန်၊ သွေးခုန်မြန်လာခြင်း
- ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်း
- သတိလစ်သွားခြင်း
- စိုးရိမ်စိတ်များခြင်း၊ ခေါင်းမူးခြင်း
- သွေးလန့်ပြီး သွေးပေါင်ရုတ်တရက်ကျခြင်း
ပြင်းဓါတ်စွာဓါတ်မတည့်ခြင်းကြောင့် အထက်ပါလက္ခဏာများ ခံစားရပါက Epinephrine ဆေး၂ လုံးကိုထိုးရန် ဆောင်ထားသင့်သည်။
ပြင်းထန်စွာ ဓါတ်မတည့်ခြင်းနှင့်ပက်သက်ပြီး သိထားသင့်သော အရာများ
ပြင်းဓါတ်စွာဓါတ်မတည့်ခြင်းကြောင့် သွေးလန့်ပြီး သွေးပေါင်ရုတ်တရက်ကျခြင်း ဓါတ်မတည့်မှုဖြစ်ပြီး မိနစ်ပိုင်းအတွင်းဖြစ်ပြီး သတိလစ်ခြင်း၊ နှလုံးရပ်ခြင်း နှင့် အသက်ရှုရပ်သွားခြင်းတို့ဖြစ်တတ်သည်။
အောက်ပါလက္ခဏာများသည် သွေးလန့်ပြီး သွေးပေါင်ရုတ်တရက်ကျခြင်း၏ လက္ခဏာများဖြစ်သည်။
- အရေပြားယားယံလာပြီး အက်ပြင်များထခြင်း၊ ရုတ်တရက် ဖြူဖတ်ဖြူရော်ဖြစ်သွားခြင်း
- မူးမိုက်သွားခြင်း
- မျက်နှာရုတ်တရက် ရောင်လာခြင်း
- အသက်ရှုကျပ်ပြီး ရှုသံများကျယ်လာခြင်း
- ပျို့အန်ခြင်း
- နှလုံးခုန်မြန်လာခြင်း၊ သွေးခုန်နှုန်းစမ်းမရတော့ခြင်း
လူတယောက်သည် သင့်ရှေ့တွင် ပြင်းထန်စွာ ဓါတ်မတည့်ခြင်းခံစားနေရလျှင် ဘယ်လိုလုပ်ရမလဲ။
- အရေးပေါ်ဌာနသို့ ချက်ချင်းဖုန်းခေါ်ဆိုပါ။
- လက္ခဏာများစပေါ်နေပြီဆိုလျှင် Epinephrine ထိုးပါ။ ဆေးထိုးခြင်းသည် သင့်အတွက် အကျိုးမယုတ်စေပါ။ သင့်ဆရာဝန်နှင့် ဓါတ်မတည့်မှုအကြောင်းကို တိုင်ပင်ပြီးဖြစ်ပါက ဆရာဝန်ညွှန်ကြားချက်များနှင့် အရေးပေါ်လုပ်ဆောင်မှုများကို လိုက်နာပြီး ဆေးထိုးပါ။
- လူနာကို စိတ်အေးအေးထားရန် ပြောပါ။
- လူနာကို လဲလျောင်းစေပါ။
- ခြေထောက်ကို ရေပြင်ညီနှင့်အထက် ၁၂ လက်မမြှောက်ထားပါ။
- အကယ်၍ အန်နေလျှင်၊ သွေးထွက်နေလျှင် ဘေးဘက်သို့စောင်းထားပါ။
- အသက်ရှုမကျပ်စေရန် အင်္ကျ ီကို ချောင်အောင်ပြုလုပ်ပါ။
Epinephrine ဆေးကို မြန်မြန်ထိုးနိုင်လေလေ လူနာမြန်မြန် သက်သာလေလေဖြစ်ပါသည်။ လူနာအသက်ရှုကျပ်နေသော အချိန်များတွင် ဆေးသောက်ခြင်း၊ အရည်သောက်ခြင်းနှင့် ခေါင်းမော့ခြင်းများကို မပြုလုပ်ပါနှင့်။
အသက်ရှုစေရန်အရေးပေါ်လုပ်ဆောင်ခြင်း
အကယ်၍ လူနာသည် အသက်မရှု၊ ချောင်းမဆိုးတော့လျှင် ၊ လှုပ်ရှားမှုမရှိတော့လျှင် အရေးပေး အသက်ကယ်ခြင်းကို လုပ်ဆောင်ရမည်ဖြစ်သည်။ အရေးပေါ်အသက်ကယ်ခြင်းနည်းလမ်းများ သည် လေ့ကျင့်သင်ကြားမှုများရှိမှသာ လုပ်နိုင်သည်။
လူနာ၏ ရင်ဘတ်ကို ၁ မိနစ်လျှင် အခါ၁၀၀ အကူအညီပေးမည့်သူလာသည်အထိ ဖိနှိပ်ရမည်။ သင်နှင့် အတူ သင့်မိသားစုဝင်များလည်း အရေးပေါ်အသက်ကယ်ခြင်းနည်းလမ်းများကို သင်ပေးသော အတန်းများတွင် လေ့လာထားသင့်သည်။
သင်သည် ဓါတ်မတည့်မှုဖြစ်စေသော အရာများကို သိထားပြီးရှောင်ကျဉ်နိုင်လေလေ ဓါတ်မတည့်မှုများလျော့နည်းလေလေဖြစ်သည်။ သင့် လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများကို Epinephrine ထိုးဆေးသိမ်းထားသောနေရာကို ပြောပြထားသင့်သည်။
ထို့ပြင် သူတို့ကို အထက်ဖော်ပြပါ ရှေးဦးပြုစုနည်းများကို သင်ပေးထားခြင်းဖြင့် သင့်အသက်ကို ကယ်တင်နိုင်ပါလိမ့်မည်။
[embed-health-tool-bmi]