အရင်က မြင်ဖူးတဲ့ ပြဒါးပါတဲ့ သာမိုမီတာအပြင် ဒစ်ဂျစ်တယ် သာမိုမီတာ မျိုးစုံ ရှိပါတယ်။ နောက်ပိုင်းမှာတော့ ပြဒါးတံ သာမိုမီတာက အသုံးနည်းလာပါပြီ။ အဖြေဖတ်ရခက်တဲ့ အပြင် မတော်တဆ ပြဒါးတံ ကျိုးသွားရင် ပြဒါးတွေ အပြင်ကို ထွက်လာပြီး အဆိပ်သင့်နိုင်တာကြောင့် တဖြည်းဖြည်း အသုံးနည်းလာပါပြီ။
အဲ့ဒီအစား ဒစ်ဂျစ်တယ် သာမိုမီတာတွေ သုံးလာကြပါပြီ။ ဒစ်ဂျစ်တယ် သာမိုမီတာ အမျိုးအစားတွေကတော့
ပါးစပ်ထဲ ထည့်တိုင်းတဲ့သာမိုမီတာ
- အသက် ၄နှစ်အထက်ကစပြီး သုံးလို့ရပါပြီ။ သာမိုမီတာကို ပါးစပ်ထဲမှာ ကောင်းကောင်းငုံနိုင်တဲ့ အရွယ်ပေါ့။
- အပူချိန်မတိုင်းခင် လက်အရင်ဆေးပါ။
- သာမိုမီတာကို ရေနဲ့ ဒါမှမဟုတ် အရက်ပြန်သုတ်ပါ။ ပါးစပ်ထဲထည့်မှာမို့လို့ အရက်ပြန်သုံးခဲ့ရင် ရေပြန်ဆေးပါ။
- အပူချိန် မတိုင်းခင် ဘာမှမစားပါနဲ့။ အနည်းဆုံး နောက်ဆုံးအစာနဲ့ ၅မိနစ် ခြားပါစေ။ သင်စားလိုက်တဲ့ အပူ အအေးတွေက အပူချိန်ပေါ် သက်ရောက်မှု ရှိလို့ပါ။
- သာမိုမီတာကို လျှာအောက်မှာ ထားပါ။ ပါးစပ်ပိတ်ထားပါ။
- တချို့ သာမိုမီတာက စက္ကန့်၄၀ စောင့်ရပါတယ်။ တချို့ သာမိုမီတာက အပူချိန်တိုင်းပြီးရင် အသံမြည်ပါတယ်။
- တိုင်းပြီးရင် ရေ ဒါမှမဟုတ် အရက်ပြန်နဲ့ ပြန်ဆေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။