brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Methanol poisoning (မီသနောအဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Methanol poisoning (မီသနောအဆိပ်သင့်ခြင်း) ကဘာလဲ။

မီသနောဆိုတာ စက်မှုလုပ်ငန်းနဲ့ မော်တော်ယာဉ်တွေမှာ သုံးတဲ့ မသောက်ရတဲ့ အရက်တစ်မျိုး ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ မီသနော အလွန်အကျွံအသုံးပြုခြင်းကြောင့် အဆိပ်သင့်ခြင်းအကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Methanol poisoning (မီသနောအဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Methanol poisoning (မီသနောအဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မီသနောအဆိပ်သင့်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-

  • အဆုတ်နှင့် အသက်ရှူလမ်းကြောင်းတွင်အသက်ရှူရခက်ခဲခြင်း
  • အသက်မရှူနိုင်ခြင်း
  • မျက်လုံးတွင်
  • မျက်စိကွယ်ခြင်း
  • မျက်စိမှုန်ခြင်း
  • သူငယ်အိမ်ကျယ်ခြင်း
  • နှလုံးနှင့် သွေးကြောတွင်
  • သွေးပေါင်ကျခြင်း
  • ဦးနှောက်နှင့် အာရုံကြောတွင်
  • သတိလစ်ခြင်း
  • မူးဝေခြင်း
  • ခေါင်းကိုက်ခြင်း
  • တက်ခြင်း
  • အရေပြားနှင့် လက်သည်းတွင် အပြာရောင်သန်းခြင်း
  • အစာအိမ်နှင့် အူလမ်းကြောင်းတွင်
  • အပြင်းအထန် ဗိုက်နာခြင်း
  • ဝမ်းလျှောခြင်း
  • အသည်းရောဂါ
  • ပျို့ခြင်း
  • ပန်ကရိယရောင်ခြင်း
  • အန်ခြင်းနှင့်
  • နုံးချိခြင်း၊ ကြွက်တက်ခြင်းတို့ ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Methanol poisoning (မီသနောအဆိပ်သင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က သင့်ရဲ့ ကိုယ်အပူချိန်၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းနဲ့ သွေးပေါင်ချိန်ကို စောင့်ကြည့်တိုင်းတာပါမယ်။

Methanol poisoning (မီသနောအဆိပ်သင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

လူနာကို ကျောက်ကပ်ဆေးခြင်း၊ မီသနောရဲ့ အဆိပ်ကို ပြေစေမယ့် ဖြေဆေး (fomepizole, methanol) ပေးခြင်း၊ ရောဂါလက္ခဏာများ သက်သာစေမယ့်ဆေးများပေးခြင်း ဖြင့်ကုသနိုင်ပါတယ်။

  • နှာခေါင်း/ပါးစပ်မှ ပိုက်ထည့်၍ အစာအိမ်ဆေးခြင်း
  • အောက်ဆီဂျင်နှင့် အသက်ရှူအထောက်အကူများ
  • အခြားဆေးများ (folinic acid, bicarbonate) တို့ဖြင့်လည်း ကုသနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. May Myat Hnin Aung မှ ရေးသားသည်။ · 08/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။