backup og meta

Heat Exhaustion (အပူဒဏ်ကြောင့် အားအင်ကုန်ခမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများကုသမှု နှင့် အကြောင်းရင်းများကာကွယ်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

Heat Exhaustion (အပူဒဏ်ကြောင့် အားအင်ကုန်ခမ်းခြင်း) ကဘာလဲ။

အပူရှပ်ခြင်း (heat exhaustion) ဆိုတာဟာ မြင့်မားတဲ့အပူချိန်နဲ့ ထိတွေ့ပြီးရင် ဖြစ်ပွားတတ်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ သူဟာ ရေဓါတ်ခန်းခြောက်မှုနဲ့ တွဲဖက် ဖြစ်ပွားတတ်ပါတယ်။

အပူရှပ်ခြင်းဟာ heat stroke (သေစေနိုင်လောက်သော ပြင်းထန်သည့် အပူရှပ်ခြင်း) လောက်တော့ မပြင်းထန်ပါဘူး။ ဒါပေမယ့် သေချာဂရုစိုက်ခြင်းမရှိရင် အပူရှပ်ခြင်းဟာ heat stroke ဖြစ်သွားနိုင်ပြီး ဦးနှောက်နဲ့ အခြား အရေးကြီးတဲ့ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို ထိခိုက်စေပြီး သေဆုံးနိုင်ပါတယ်။

အပူရှပ်ခြင်း နှစ်မျိုးရှိပါတယ်။

  • ရေဓါတ်လျော့နည်းခြင်း – ရေငတ်ခြင်း၊ ရေဆာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိမကောင်းခြင်း။
  • ဆားဓါတ် လျော့နည်းခြင်း – ပျို့အန်ခြင်း၊ ကြွက်တက်ခြင်း၊ ခေါင်းမူးခြင်း။

လက္ခဏာများ

Heat Exhaustion (အပူဒဏ်ကြောင့် အားအင်ကုန်ခမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။

အောက်ဖေါ်ပြပါ လက္ခဏာတွေ ပြတတ်ပါတယ်။

  • စိတ်ရှုပ်ခြင်း
  • အရောင်ရင့်သော ဆီးသွားခြင်း
  • ခေါင်းမူးခြင်း
  • သတိမေ့ခြင်း
  • ပင်ပန်းလွယ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်တတ်ခြင်း
  • ပျို့အန်ခြင်း (သို့) ဝမ်းလျှောခြင်း
  • အသားအရေ ဖြူဖျော့ဖျော့ ဖြစ်ခြင်း
  • ချွေးထွက်လွန်ခြင်း
  • နှလုံးခုန် မြန်ခြင်း

ကုသမှု နှင့် အကြောင်းရင်းများ

အပူရှပ်ခြင်း ကို ဘယ်လိုကုသရမလဲ။

အပူရှပ်ပြီဆိုရင် ပူတဲ့နေရာက ရှောင်ကြဉ်ပြီး အေးမြတဲ့ နေရာတစ်ခုမှာ အနားယူသင့်ပါတယ်။ ဒီလိုမလုပ်နိုင်ဘူးဆိုရင်တော့ အနီးအနားက အေးမြတဲ့ သစ်ပင်ရိပ်အောက်မှာ သွားနေသင့်ပါတယ်။

ပြီးရင်တော့

  • အရည် အများကြီးသောက်ပါ။ ကော်ဖီနဲ့ အရက်ကို ရှောင်ကျဉ်ပါ။
  • ကျပ်တည်းတဲ့ အဝတ်အစားတွေကို ချွတ်ပါ။
  • ရေချိုးပါ။
  • အေးစေတဲ့ ပန်ကာ (သို့) ရေခဲစိန် သဘတ်တွေကို အသုံပြုပါ။

၁၅ မိနစ်လောက်နေတဲ့အထိ အကျိုးမရှိရင် အရေးပေါ် ကျန်းမာရေးကုသမှု ယူပါ။ မယူရင်တော့ heat stroke အထိ ဖြစ်နိုင်ပါတယ်။

အပူလျှပ်ခြင်းကနေ ပြန်ကောင်းလာပြီးရင် ပူပြင်းတဲ့ရာသီဥတုနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန် ပြန်မဖြစ်မချင်း မပြုလုပ်သင့်ပါဘူး။

အပူလျှပ်ခြင်းရဲ့ အကြောင်းရင်းများ

မြို့ပြမှာနေခြင်းဟာ လေရဲ့ အရည်အသွေးညံ့ဖျင်းတာမို့ အပူရှပ်ခြင်း ဖြစ်နိုင်ခြေ ပိုမိုများပြားပါတယ်။ ကတ္တရာတွေနဲ့ ကွန်ကရစ်တွေဟာ နေ့အချိန်မှာ အပူကို စုပ်ယူထားပြီး ညအချိန်မှာမှ တစ်ဖြည်းဖြည်း ပြန်လည်ထုတ်လုပ်ပေးကာ ညအချိန် အပူချိန်မြင့်စေခြင်းလို့ ခေါ်ပါတယ်။

အခြား အပူနဲ့ ပတ်သက်တဲ့ ဖျားနာမှုတွေကတော့

  • အသက် – မွေးကင်းစကလေးတွေ၊ အသက်လေးနှစ်အောက်ကလေးတွေ၊ အသက် ၆၅ နှစ်အထက် လူကြီးတွေဟာ အပူလျှပ်ခြင်း ပိုမိုဖြစ်ပွားနိုင်ပါတယ်။ သူတို့ဟာ အပူကို အခြားသူတွေလို လျင်မြန်စွာ ထိန်းညှိနိုင်ခြင်း မရှိလို့ ဖြစ်ပါတယ်။
  • ကျန်းမာရေးရောဂါများ – နှလုံး၊ အဆုတ်၊ ကျောက်ကပ်ရောဂါတွေနဲ့ အဝလွန်ခြင်း၊ ပိန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ ဆီးချို၊ စိတ်ရောဂါ၊ အရက်သောက်ခြင်း၊ နေလောင်ခြင်းနဲ့ အခြားအဖျားတက်ခြင်း ဖြစ်ပွားစေတဲ့ အခြေအနေများ
  • ဆေး – အားဆေး၊ နှလုံးဆေး၊ သွေးပေါင်ကျဆေး၊ စိတ်ရောဂါဆေးများ

ဒီရောဂါအခြေအနေတွေ ရှိခဲ့ရင် ပြင်းထန်တဲ့ ပူပြင်းစွတ်စိုမှုကို ထိန်းညှိနိုင်တဲ့ အစွမ်းကို ထိခိုက်မှု ရှိမရှိ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်။

ကာကွယ်ခြင်း

အပူလျှပ်ခြင်းကို ဘယ်လိုကာကွယ်မလဲ။

အပြင်မှာအရမ်းပူနေရင် အေးတဲ့နေရာမှာ နေပါ။ နေအောက်မှာ နေမှ ဖြစ်မယ်ဆိုရင် အပူလျှပ်ခြင်းကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို လိုက်နာပါ။

  • အသားရောင် အဝတ်အစားဝတ်ဆင်ပါ။ လျှာပါတဲ့ ဦးထုတ်ကိုဆောင်းပါ။
  • နေလောင်ခံခရင်မ် အသုံးပြုပါ။
  • ရေအများအပြားသောက်ပါ။

ကော်ဖီ (သို့) အရက်တွေဟာ ရေပိုငတ်စေပြီး အပူလျှပ်ခြင်းကို ပိုဆိုးစေတာမို့ မသောက်သင့်ပါဘူး။ သင့်မှာ တက်ခြင်း (သို့) နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါ (သို့) ကိုယ်ခန္ဓါအတွင်း အရည်များတဲ့ ရောဂါတွေရှိရင် အရည် အများကြီးမသောက်မီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Heat exhaustion. http://www.mayoclinic.org/diseases-conditions/heat-exhaustion/basics/definition/con-20033366. Accessed October 19, 2016.
Heat Exhaustion. http://www.webmd.com/fitness-exercise/heat-exhaustion#1.
Accessed October 19, 2016.
Heat exhaustion. http://umm.edu/health/medical/altmed/condition/heat-exhaustion. Accessed October 19, 2016.

ယခုပုံစံ

13/08/2017

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


ဆက်စပ် အကြောင်းအရာများ

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/08/2017 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ