backup og meta

Foreign object in the rectum (စအိုထဲတွင်ပြင်ပမှအရာတစ်ခုရှိနေခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Foreign object in the rectum (စအိုထဲတွင်ပြင်ပမှအရာတစ်ခုရှိနေခြင်း) ကဘာလဲ။

နားထဲကို ပြင်ပအရာတွေဝင်တယ်ဆိုတာ နားစည်လမ်းကြောင်း ( နားစည်နဲ့ အပြင်နှဲု့ ဆက်ထားတဲ့လမ်း) မှာမူလရှိမနေတဲ့ ဘယ်အရာမဆိုရှိနေတာကို ခေါ်ပါတယ်။ လူတစ်ယောက်က နားထဲကို ရည်ရွယ်ချက်နဲ့ ( ဥပမာ ဂွမ်းစ) ဖြစ်စေ မရည်ရွယ်ပဲနဲ့( ဥပမာ နားကပ်) ဖြစ်စေ တစ်ခုခုထည့်သွင်း မိတတ်ပါတယ်။ ကလေးတွဆိုရင် မိခင်နားကိုဖြစ်စေ အခြားကလေးတွေ နားထဲဖြစ်စေ ပစ္စည်းတော်တော်များများ လိုက်ထည့်တတ်ပါတယ်။ တစ်ခါတစ်လေလည်း အင်းဆက်တစ်ကောင်ကောင်က နားထဲဝင်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဂွမ်းပဲဖြစ်စေ အရုပ်ပဲဖြစ်စေ၊ နားထဲဝင်သွားတဲ့ပစ္စည်းဟာ လွယ်လွယ်နဲ့ပြန်မထွက်လာတတ်ပါဘူး။

Foreign object in the rectum (စအိုထဲတွင်ပြင်ပမှအရာတစ်ခုရှိနေခြင်း) က ဘယ်လောက်အဖြစ်များသလဲ

တော်တော်အဖြစ်များပါတယ်။ မိန်းကလေးတွေဟာယောက်ျားလေးတွေထက်ပိုဖြစ်ကြပါတယ်။ အသက်အရွယ်လည်း မရွေးပါဘူး။ ဖြစ်စေတဲ့အရာတွေကိုလျော့ချလို့ရပါတယ်။ အခြား အချက်အလက်များအတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။

လက္ခဏာများ

Foreign object in the rectum (စအိုထဲတွင်ပြင်ပမှအရာတစ်ခုရှိနေခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နားထဲအပြင်ပစ္စည်းတစ်ခုဝင်တာနဲ့ မသက်မသာခံစားရပါလိမ့်မယ်။ နားအကြားအာရုံလည်း ထိခိုက်ပါမယ်။ ပစ္စည်းက နားလမ်းကြောင်းကို ထိခိုက်မှုဖြစ်စေတယ်ဆိုရင် နာတာတွေ ပိုးဝင်တာတွေဖြစ်လာပြီး otitis externa ဖြစ်နိုင်ပါတယ်။ နားထဲမှာ အသံမည်တာတွေဖြစ်နေပြီး ချောင်းဆိုးတာပါကြုံရနိုင်ပါတယ်။ တကယ်လို့ ပိုးကောင်တစ်ကောင်ဝင်တာဆိုရင် တဝီဝီမြည်တာ ယားတာအပြင် ပိုးကောင်က နားလမ်းကြောင်းကို ကိုက်တာပါဖြစ်နိုင်ပါတယ်။ အထက်ပါလက္ခဏာတွေမှာ မပါတာတွေရှိနိုင်ပါသေးတယ်။ သင်သိလိုတဲ့ အချက်အလက်တွေရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်သိလိုတဲ့ အချက်အလက်တွေရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Foreign object in the rectum (စအိုထဲတွင်ပြင်ပမှအရာတစ်ခုရှိနေခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဝင်သွားတဲ့ပစ္စည်းအများစုဟာ လူနာကိုယ်တိုင်ထည့်လိုက်တာကြောင့်ပါ။ သူတို့ခန္ဓါကိုယ်ရော ထူးထူးဆန်းဆန်းအရာတွေကိုပါ စပ်စုတတ်တဲ့ကလေးတွေမှာဒီပြသနာအများဆုံးဖြစ်ပါတယ်။(အထူးသဖြင့် ၉လကနေ ၈နှစ်အရွယ်ထိ)

သူတို့နားထဲအများဆုံးထည့်တဲ့အရာတွေကတော့

ပုတီးစေ့

အစားအသောက်

စာရွက်

ဂွမ်းတံ

ခဲဖျက်

အရုပ်သေးတွေ

ကျောက်စရစ်

အခွံလေးတွေ စတာတွေဖြစ်ပါတယ်။

Ear wax : နားဖာချေးတွေဆိုတာ ပုံမှန်ဖြစ်နေကျအရာဆိုပေမယ့် အတွင်းမှာစုပြီး ခဲနေမယ်ဆိုရင် နားမကြားတာ နာကျင်တာတွေဖြစ်နိုင်ပါတယ်။ နားကေ ာ်တံကို အလွန်အသုံးပြုရင် သန့်ရှင်းရေးလုပ်တယ်ဆိုပေမယ့်တကယ်တော့ wax တွေနဲ့ ဆဲလ်အသေတွေကို အထဲထိထိုးထည့်သလိုဖြစ်နေပြီး ရောဂါဖြစ်စေပါတယ်။

အင်းဆက်များ

အင်းဆက်တွေဟာ နားလမ်းကြောင်းထဲကိုပျံပြီး ဒါမှမဟုတ် တွယ်ပြီးဝင်ရောက်လာနိုင်ပါတယ်။ ပုံမှန်အးာဖြင့် ကြမ်းပေါ်မှာအိပ်တာ ဒါမှမဟုတ် အပြင်မှာ camp ထွက်ပြီးအိပ်ကြတာဖြစ်ဖြစ် ဒါမျိုးဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကြောက်လန့်ဖို့လည်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ပိုးကောင်ရဲ့ တဝီဝီသံက အရမ်းကျယ်သလို အရမ်းလည်းနာကျင်တာကြောင့်ဖြစ်ပါတယ်။

ဖြစ်စေတတ်သောအကြောင်းများ

ဘယ်အရာတွေက နားအတွင်းပိုင်းပြင်ပအရာဝင်တာမျိုးဖြစ်စေတတ်သလဲ?

ဖြစ်စေတာတွေက အများကြီးရှိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Foreign object in the rectum (စအိုထဲတွင်ပြင်ပမှအရာတစ်ခုရှိနေခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က အလင်းဆများတဲ့ otoscope ခေါ်ကိရိယာနဲ့ သင့်နားအတွင်းပိုင်းကို ကြည့်ရှူ ပါလိမ့်မယ်။ အဲ့အခါမှာ ပစ္စည်းကိုတွေ့ပြီး ဘယ်လိုအရာဆိုတာနဲ့ နားစည်ပေါက်ပြဲမှုရှိမရှိ ဆိုတာပါ သေချာစမ်းသပ်နိုင်မယ်ဖြစ်ပါတယ်။

Foreign object in the rectum (စအိုထဲတွင်ပြင်ပမှအရာတစ်ခုရှိနေခြင်း) ကို ဘယ်လိုကုသပါသလဲ

သေချာမမြင်ရရင် နားထဲကအရာကို ဖယ်ထုတ်ဖို့မ ကြိုးစားပါနဲ့။ အချို့အရာတွေက နားကိုအောက်စိုက်ထားရုံနဲ့ မြေဆွဲအားကြောင့် အလိုလို ထွက်ကျလာတတ်ပါတယ်။ ကလေးဆိုရင် မျက်နှာကို လူကြီးတွေကကိုင်ပေးထားပြီးနာရွက်အောကိစိုက်ကာ ငြင်သာစွာလှုပ်ဖို့ကြိုးစားကြည့် နိုင်ပါတယ်။ ဒါပေမယ့် ပစ္စည်းထွက်သွားဖို့အတွက် ကလေးကို အားနဲ့လှုပခါတာမျိုးလုံးဝမလုပ်ပါနဲ့ ။

ဝါဂွမ်းတွေ စက္ကူ တွေဆိုရင် သင့်လက် ဒါမှမဟုတ်ကိရိယာတွေသုံးပြီးဖယ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေဆီမှာ လိုတဲ့ကိရိယာအစုံရှိတဲ့ အတွက် ဝင်သမျှပစ္စည်းတော်တော်မျူးများကို ဆရာဝန်ထုတ်ပေးတာများပါတယ်။ ဘာလို့လဲဆိုတော့ ဆရာဝန်အကူအညီမယူပဲ မိမိဘာသာထုတ်ခဲ့ရင် ဒဏ်ရာတွေဖြစ်နိုင်လို့ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ဆရာဝန်က ရေနဲ့လောင်းချတာမျိုးနဲ့ လိုအပ်ရင် ချိတ်လေးကိုပါသုံးနိုငိပါတယ်။ ပြီးတော့ ထုတ်ပြီးချိန်မှာလည်း otoscope နဲ့ပြန်ကြည့်ပြီး ပုံမှန်ဖြစ်မဖြစ်စစ်ဆေးပါတယ်။

တကယ်လို့ အင်းဆက်တစ်ကောင်ဝင်နေတယ်ဆိုရင် သင့်လက်နဲ့ထိုးတာမျိုးမလုပ်ပါနဲ့ ။ ကိုက်တတ်လို့ပါ။ ဒီအခါ နားကိုအပေါ်အောက်ကို ခေါင်းမော့ထားပါ။ အင်ဆက်က သူ့ဘာသာထွက်သွားပါလိမ့်မယ်။ မထွက်ရင် ဆီတစ်မျိုးလောင်းထည့်ပါ။ အင်းဆက်သေသွားပါလိမ့်မယ်။ အဲ့အခါမှ ဆရာဝန်က ရေသန့်သန့်နဲ့ နားကိုဆေးချပြီး ပိုးကောင်ကိုထုတ်ယူပါလိမ့်မယ်။

နေထိုင်မှုပြုပြင်ခြင်းနှင့် အိမ်တွင်းဆေးဝါးများ

နားအတွင်းပြင်ပပစ္စည်းဝင်တာကို ကူညီပေးနိုင်တဲ့ ဆေးနဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?

နားသန့်ရှင်းရေးလုပ်ဖို့အတွက် တစ်ရှူ းတွေ ပိုးပိတ်တွေ သွားကြားထိုးတံတွေ မသုံးပါနဲ့ ။ နားစည်ပေါက်တာရဲ့ အဓိကအကြောင်းရင်းက ဒီလိုပစ္စည်းတွေင်တာကြောင့်ဖြစ်ပါတယ်။

သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Foreign object in the rectum. https://www.webmd.com/a-to-z-guides/foreign-body-rectum#3. Accessed October 27, 2017
Foreign object in the rectum. https://www.emedicinehealth.com/foreign_body_rectum/article_em.htm. Accessed October 27, 2017

ယခုပုံစံ

02/12/2019

Dr. Sandy Kyaw မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း



Dr. Sandy Kyaw မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement