backup og meta

Brown recluse spider bite (အဆိပ်ပြင်းပင့်ကူကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Brown recluse spider bite (အဆိပ်ပြင်းပင့်ကူကိုက်ခြင်း) ကဘာလဲ။

အဆိပ်ပြင်းပင့်ကူကိုက်ခြင်းဆိုသည်မှာ

အဆိပ်ပြင်းပင့်ကူကို အမေရိကန်နိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းတွင် တွေ့ရလေ့ရှိသည်။ အကိုက်ခံရလျှင် တခါတရံ အသက်ပင်သေစေနိုင်သည်။

Brown recluse spider bite (အဆိပ်ပြင်းပင့်ကူကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ထိုပင့်ကူများသည် အဆိပ်ပြင်းသော်လည်း လူကိုကိုက်ခြင်းမှာ ရှားပါးဖြစ်စဉ်ဖြစ်သည်။

လက္ခဏာများ

Brown recluse spider bite (အဆိပ်ပြင်းပင့်ကူကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သင်သည် အဆိပ်ပြင်းပင့်ကူကိုက်ခံရပါက မည်သို့မျှခံစားရလေ့မရှိပါ။ သင့်ခန္ဓါကိုယ်ပေါ်တွင် ပင့်ကူကိုမမြင်လိုက်ပါက အကိုက်ခံရကြောင်းပင် သိမည်မဟုတ်ပါ။ သင်သိလိုက်သည်ဆိုပါက အကိုက်ခံရလျှင်ရချင်း စူးကနဲခံစားရမည်။

အဆိပ်ကြောင့်ဖြစ်သော လက္ခဏာများမှာ နာရီအနည်းငယ်အတွင်း ပေါ်မလာနိုင်သေးပါ။ ထို့နောက် အကိုက်ခံရသည့်နေရာတဝိုက်တွင် နာကျင်ခြင်း၊ ပူလောင်ခြင်း သို့မဟုတ် ယားယံခြင်းကို ခံစားရမည်။ ထိုနေရာတွင် နီရဲလာနိုင်သည်။ သေးငယ်သော အရည်ကြည်ဖုအဖြူလည်း ဖြစ်နိုင်သည်။

အကိုက်ခံရပြီးဖြစ်နိုင်သော အခြားလက္ခဏာများမှာ ဖျားခြင်း၊ ပျို.ခြင်း၊ ကိုက်ခံရသောနေရာတွင် အလွန်ယားယံလာခြင်း၊ အနီပြင်ထွက်ခြင်း၊ ချမ်းတုန်ခြင်း၊ မအီမသာဖြစ်ခြင်း နှင့် ချွေးထွက်ခြင်းတို့ဖြစ်သည်။

အကိုက်ခံရပြီး၁၂နာရီမှ ၃၆နာရီအတွင်း အဆိပ်ပြင်းပင့်ကူကိုက်ခံရခြင်း၏ ထူးခြားဝိသေသ လက္ခဏာဖြစ်သည့် အရောင်ပြောင်းခြင်းဖြစ်ပေါ်လာမည်။ အကိုက်ခံရသည့်နေရာတွင် ခရမ်းရင့်သို့မဟုတ် အပြာရောင်ပြောင်းပြီး ဖြူဖျော့ဖျော့အရောင်အကွင်းနှင့် ပိုကြီးသော အနီရောင်ဧရိယာတို့ဖြင့် ဝန်းရံထားသည်။ အရောင်ရင့်သော အရည်ကြည်ဖု သို့မဟုတ် အနာလည်းရှိနေနိုင်သည်။ အချို.လူနာများတွင် အကိုက်ခံရသောအနာသည် ရက်သတ္တပတ်နှင့်ချီ၍ ရှိနေပြီး အရွယ်အစားလည်းကြီးလာနိုင်သည်။

အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Brown recluse spider bite (အဆိပ်ပြင်းပင့်ကူကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဆိပ်ပြင်းပင့်ကူများသည် ရန်လိုသောပင့်ကူများမဟုတ်၍ လူ၏အရေပြားနှင့် ထိကပ်မိမှသာ ကိုက်ပါလိမ့်မည်။ ၎င်းတို့သည် နေ့ဘက်တွင်ပုန်းအောင်းနေပြီး ညဘက်မှသာထွက်လာ၍ အင်းဆက်ပိုးမွှားများကို ဖမ်းယူစားသောက်ကြသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

အဆိပ်ပြင်းပင့်ကူ ကိုက်ခံရကြောင်း ဘယ်လိုသိနိုင်မလဲ

အဆိပ်ပြင်းပင့်ကူ ကိုက်ခံရပြီဟုထင်ပါက အရေးပေါ်ခန်းသို့သွားခြင်း သို့မဟုတ် ဆရာဝန်ကိုခေါ်ခြင်းကို ချက်ခြင်းလုပ်ဆောင်ပါ။ ဖြစ်နိုင်လျှင် ကိုက်သည့်ပင့်ကူကို ဖမ်း၍ အလုံပိတ်ဘူးထဲထည့်ယူခဲ့ပါ။ သို့မှသာ ဆရာဝန်က ပင့်ကူကိုစစ်ဆေးကြည့်ပြီး ရောဂါကို အတည်ပြုနိုင်မည်။ အရေးပေါ်ဌာနတွင် ဆရာဝန်က သင့်ကို မေးခိုင်ရောဂါကာကွယ်ဆေး ထပ်မံထိုးပေးလိမ့်မည်။

အဆိပ်ပြင်းပင့်ကူကိုက်ခြင်းကို ဘယ်လိုကုသမလဲ

အဆိပ်ပြင်းပင့်ကူကိုက်ခြင်းအတွက် အဆိပ်ဖြေဆေးမရှိပါ။ အနားယူခြင်း၊ ရေခဲကပ်ခြင်း၊ အကိုက်ခံရသည့် ခြေလက်တို့ကို မြှောက်ထားခြင်းဖြင့် သက်သာသွားလေ့ရှိသည်။

အခြားဆေးဝါးများကို ပင့်ကူကိုက်ခံရပြီး နောက်ဆက်တွဲအရေပြားထိခိုက်ခြင်းကို ကုသရန်သုံးနိုင်သည်။ လေ့လာမှုများအရ မည်သည့်ဆေးဝါးမှ အမြဲတစေ ထိရောက်ခြင်း ယုံကြည်စိတ်ချရခြင်း မရှိပါ။ ထိုဆေးဝါးများမှာ

ဂေါက်ရောဂါတွင်သုံးသောဆေး ခသူခ့ငခငညန

အရောင်ကျရန် ခသမအငခသျအနမသငျိ

အနာကြီးရောဂါတွင်သုံးသော ပဋိဇီဝဆေး ိဈေသညန

ိငစ့နည့ပိမောငညန

ဖိအားများသော အောက်ဆီဂျင်

နှလုံးရောဂါဆေး ညငအမသူါပခနမငညန

ှုဘကစမသ်နည ကဲ့သို့အကိုက်အခဲပျောက်ဆေး တို့ဖြစ်သည်။

အကိုက်ခံရသည့်နေရာတွင် ရောဂါပိုးဝင်ပါက ဆရာဝန်မှပဋိဇီဝဆေးလည်း ပေးနိုင်သည်။

နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ

အဆိပ်ပြင်းပင့်ကူကိုက်ခံရပြီး ဆရာဝန်ထံသွားနေစဉ် အောက်ပါရှေးဦးပြုစုနည်းများကို ဆောင်ရွက်ရမည်။

အကိုက်ခံရသည့် ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့ဖြင့် အမြန်ဆုံးဆေးပါ။

အကိုက်ခံရသည့် ခြေလက်တို့ကို မြှောက်ထားခြင်းပါ။

နာကျင်ခြင်း ရောင်ရမ်းခြင်းတို့သက်သာစေရန် ရေခဲ သို့မဟုတ် ရေအေးဝတ်ဖြင့် ဆယ်မိနစ်ခြားကပ်ပေးပါ၊။

အဆိပ်ပြင်းပင့်ကူကိုက်ခံရခြင်းမှာ ထိတ်လန့်ဖွယ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အများအားဖြင့် အန္တရာယ်မရှိပါ။ အများစုတွင် နောက်ဆက်တွဲဆိုးကျိုးများမရှိဘဲ သူ့အလိုလိုပျောက်ကင်းသွားတတ်သည်။

သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။ ံ

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Brown recluse spider bite. https://www.healthline.com/health/brown-recluse-spider#overview1. Accessed October 16, 2017
Brown recluse spider bite. https://www.emedicinehealth.com/spider_bite_brown_recluse_spider_bite/article_em.htm. Accessed October 16, 2017

ယခုပုံစံ

04/12/2019

Dr. May Myat Hnin Aung မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း



Dr. May Myat Hnin Aung မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement