backup og meta

Animal Bites (တိရစ္ဆာန်ကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Animal Bites (တိရစ္ဆာန်ကိုက်ခြင်း) ကဘာလဲ။

တိရစ္ဆာန်များဟာ သူတို့ကို ခြိမ်းခြောက်တဲ့အခါ သူတို့ကလေးတွေနဲ့ သူတို့နေရာကို ကာကွယ်ဖို့ လူတွေကို တိုက်ခိုက်တတ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကနေ တိုက်ခိုက်တာ တွေ့ရပိုများပါတယ်။ တိရစ္ဆာန်ကိုက်ခြင်းဟာ အသက်အန္တရာယ်ထိခိုက်စေခြင်း ရှားပါးပါတယ်။ ဒါပေမယ့် ရောဂါပိုးကူးစက်ရင် ဆိုးရွားတဲ့ ကငျန်းမာရေး ပြသနာတွေ ဖြစ်တတ်ပါတယ်။

တိရစ္ဆာန်အမျိုးများစွာဟာ အရွယ်ရောက်ပြီးသူတွေနဲ့ ကလေးတွေကို တိုက်ခိုက်နိုင်ပါတယ်။ တိရစ္ဆာန်ကိုက်ခြင်း အများစုဟာ အိမ်မွေးတိရစ္ဆာန်တွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အောက်ပါတိရစ္ဆာန်ကိုက်ခြင်းတွေကိုလည်း တွေ့နိုင်ပါတယ်။

  • ရက်ကွန်ဝက်ဝံ
  • မြွေပါ
  • ရှဉ့်
  • ကြွက်

Animal Bites (တိရစ္ဆာန်ကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

တွေ့များပြီး အသက်အရွယ်မရွေး တွေ့နိုင်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Animal Bites (တိရစ္ဆာန်ကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အကိုက်ခံရပြိဆိုရင် ရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ရှုဖို့ လိုအပ်ပါတယ်။

ဒဏ်ရာမှာ အောက်ပါလက္ခဏာတွေ ရှိမရှိ စစ်ဆေးရပါမယ်။

  • ဒဏ်ရာတဝိုက်မှာ နီရဲနေခြင်း
  • ကိုက်ထားတဲ့နေရာတဝိုက်မှာ နွေးနေခြင်း
  • ကိုက်ရာအနီး အနီရောင်တန်းများ ပေါ်နေခြင်း
  • ဖျားခြင်း
  • ပြည်တည်ခြင်း
  • ရောင်ရမ်းခြင်း
  • နာကျင်ခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသင့်ပါတယ်။

  • ဒဏ်ရာနက်ပြီး မည်မျှပြင်းထန်သည်ကို မသိနိုင်ခြင်း
  • အရေပြား ဆိုးရွားစွာ စုတ်ပြဲပြီး သွေးထွက်ခြင်း။ သွေးထွက်ခြင်းကို တိတ်စေဖို့ ပတ်တီး၊ အဝတ်သန့်သန့်နဲ့ ဖိထားပေးပါ။
  • ရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်း၊ အရည်စီးထွက်ခြင်းများ ပိုဆိုးလာခြင်း
  • ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေရှိခြင်း။ ကြောင် (သို့) ခွေးကနေ ကိုက်လိုက်ရင် ခွေးရူးပြန်ကာကွယ်ဆေးထိုးထားခြင်း ရှိမရှိ အတည်ပြုပါ။ တိရစ္ဆာန်အရိုင်းကိုက်ရင် ဆရာဝန်ပြပါ။
  • လင်းနို့တွေဟာလည်း ခွေးရူးပြန်ရောဂါ ဖြစ်စေပါတယ်။ ကိုက်မိတယ်လို့ မသိရဘဲ ရောဂါလက္ခဏာပြနိုင်ပါတယ်။ ဒါကြောင့် လင်းနို့နဲ့ ထိတွေ့နေသူများ၊ အိပ်ရာနိုးလာစဉ် လင်းနို့ကို အခန်းတွင်း တွေ့ရသူများဟာ အကိုက်ခံရတယ် မသေချာရင်တောင် ခွေးရူးပြန်ခြင်းအတွက် ဆေးထိုးဖို့ အကြံပြုထားကြပါတယ်။
  • လွန်ခဲ့တဲ့ ၅နှစ်အတွင်း မေးခိုင်ကာကွယ်ဆေး မထိုးဖူးရင်၊ ဒစ်ရာဟာနက်ရင် ညစ်ပတ်ရင် ပြသသင့်ပါတယ်။ ဆေးထိုးဖို့ လိုပါတယ်။

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Animal Bites (တိရစ္ဆာန်ကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တိရစ္ဆာန်များရဲ့ဒေါသကို သွားဆွမိရင် ကိုက်နိုင်ပါတယ်။ ဥပမာ ခွေးဟာ အစာစားနေတုန်း အစာခွက်ကို သွားဖယ်တာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်တွေကို သွားစရင် ဖြစ်နိုင်ပါတယ်။

တိရစ္ဆာန်များကို သွားမဆွရင်လည်း ဖြစ်နိုင်ပါတယ်။ ခြံထဲမှာ ရက်ကွန်းဝက်ဝံ၊ ရှဉ့် စတာတွေကိုက်ခြင်း ကြုံရနိုင်ပါတယ်။ ဒီလိုဖြစ်ရင် တိုက်ခိုက်တဲ့ တိရစ္ဆာန်ဟာ တော်တော်လေး နေမကောင်းတာကို တွေ့နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Animal Bites (တိရစ္ဆာန်ကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

လူအများစုဟာ လမ်းဘေးက တိရစ္ဆာန်တွေကိုက်မှာ ကြောက်တတ်ကြပါတယ်။ တကယ်တော့ ဘယ်တိရစ္ဆာန်မဆို ကိုက်နိုင်ခြေ ရှိပါတယ်။

အကိုက်ခံရခြင်းအများစုဟာ ကိုယ်ပိုင် အိမ်မွေးတိရစ္ဆာန်၊ ဒါမှမဟုတ် သူငယ်ချင်း၊ အိမ်နီးနားချင်းတို့ရဲ့ ခွေး ဖြစ်နေတတ်ပါတယ်။

ဘယ်အချိန်မှာ ကိုက်နိုင်တယ်လို့တော့ အတပ်မပြောနိုင်ပါဘူး။ ဒါပေမယ့် သူတို့ကို နှောင်၊့ယှက်ရင်၊ လန့်သွားအောင်လုပ်ရင် ကိုက်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Animal Bites (တိရစ္ဆာန်ကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အပြင်ပန်းစစ်ဆေးခြင်း

ဒဏ်ရာမှာ ညစ်ပေနေတာတွေရှိလား အသေးစိတ်စစ်ဆေးရပါမယ်။ ဆရာဝန်မစစ်ဆေးခင်မှာ နာကျင်မှုသက်သာတဲ့ ဆေးတွေ သုံးထားနိုင်ပါတယ်။

ဆရာဝန်ဟာ အကိုက်ခံရတယ်လို့ထင်ရင် တိရစ္ဆာန်ကိုက်ခံရခြင်းနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ တခြား စစ်ဆေးခြင်းတွေလည်း ပြုလုပ်နိုင်ပါတယ်။

ဓါတ်မှန်

အရိုးကျိုးခြင်း ရှိမရှိ ဓါတ်မှန်ရိုက်နိုင်ပါတယ်။ သာမန်စစ်ဆေးစဉ် မမြင်လိုက်တဲ့ ညစ်ပေပစ္စည်းတွေ ဒဏ်ရာအတွင်းမှ ရှိမရှိ ဓါတ်မှန်မှာ တွေ့နိုင်ပါတယ်။ အမှိုက်၊ မှန်စ စတဲ့ပြင်ပပစ္စည်းတွေကိုလည်း တွေ့နိုင်ပါတယ်။

Animal Bites (တိရစ္ဆာန်ကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆေးကြောခြင်း

ဒဏ်ရာကို သန့်ရှင်းအောင် ကောင်းစွာ ဆေးကြောပါလိမ့်မယ်။ ရောဂါပိုးဝင်ခြင်းကနေ ကာကွယ်ဖို့ အရေးကြီးပါတယ်။ ဆေးကြောခြင်းဟာ ရောဂါပိုးဝင်ခြင်းကို မကာကွယ်နိုင်ပေမယ့် ပိုးဝင်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ ထုံဆေးနဲ့ အနာသက်သာအောင် လုပ်နိုင်ပါတယ်။

မကောင်းသည့်အသားများ ဖယ်ထုတ်ခြင်း

တိရစ္ဆာန်ကိုက်ခြင်းကြောင့် အရေပြားစုတ်ပြဲနိုင်ပါတယ်။ မကောင်းတော့တဲ့၊ ပိုးဝင်နေတဲ့ အရေပြားနဲ့ တစ်သျှူးတွေကို ဖယ်ထုတ်ရပါတယ်။ ဒီလိုလုပ်တဲ့အခါ နာကျင်တတ်ပါတယ်။ ထုံဆေးနဲ့လုပ်ဖို့ လိုအပ်ပါတယ်။

အနာကိုချုပ်ခြင်း

ပေါက်ပြဲနေတဲ့အနာကို များသောအားဖြင့် ချုပ်ကြိုးနဲ့မချုပ်ရပါဘူး။ ဒါပေမယ့် တချို့ဒဏ်ရာတွေကိုတော့ အကိုက်ခံရပြီး ချက်ချင်းပဲ ချုပ်ရပါတယ်။

အနာကိုဂရုစိုက်ခြင်း

ရရှိတဲ့ဒင်္ဏရာပေါ် မူတည်ပြီး ပြုစုကုသဖို့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။

ဆေးဝါးများ

ရောဂါပိုးဝင်ခြင်းကို ကာကွယ်ဖို့ ပဋိဇီဝဆေးတွေ ပေးပါတယ်။ အောက်ပါအခြေအနေတွေမှာ လိုအပ်ပါတယ်။

  • ကြောင်ကိုက်ခံရခြင်း
  • အသားစများဖယ်ထုတ်ရန်လိုအပ်သည့် ဒဏ်ရာ
  • ဆိုးရွားစွာ ရောဂါပိုးဝင်သည့် ဒင်္ဏရာ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက တိရစ္ဆာန်ကိုက်ခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • မသိတဲ့ တိရစ္ဆာန်တွေကို မွေးမြူခြင်း၊ ကိုင်တွယ်ခြင်း၊ အစာကျွေးခြင်း မပြုလုပ်ပါနှင့်
  • မြွေတွေကို မကိုင်ပါနှင့်
  • တိရစ္ဆာန်အနီးမှာ ကလေးတွေရှိနေရင် ဂရုစိုက်ပါ
  • ကြောင်များ၊ ခွေးများကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားပါ
  • ခွေးတွေကို မာန်ဖီတာလျော့အောင် သားကြောဖြတ်ထားပါ
  • တခါမှ မထိုးဘူးရင် မေးခိုင်ကာကွယ်ဆေးထိုးပါ
  • အဆိပ်ရှိမြွေပေါတဲ့နေရာတွေမှာ လည်ရှည်ဖိနပ်၊ ဘောင်းဘီရှည် စတာတွေကို ဝတ်ထားပါ

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
First aid Animal bites: First aid

http://www.mayoclinic.org/first-aid/first-aid-animal-bites/basics/art-20056591. Accessed April 19, 2017
Animal Bites

https://medlineplus.gov/animalbites.html. Accessed April 19, 2017
Animal Bite

http://www.healthline.com/health/animal-bites#outlook6. Accessed April 19, 2017

ယခုပုံစံ

13/02/2018

Written by Dr. Thant Zin

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement