backup og meta

အစာအိမ်ရောင်ခြင်းကို ဘယ်လိုအရေးပေါ်ကုသကြမလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်ရောင်ခြင်းကို ဘယ်လိုအရေးပေါ်ကုသကြမလဲ

    အစာအိမ်အူရောင်ခြင်းဟာ အစာအိမ်နဲ့အူမှာ ရောဂါပိုးဝင်ရောင်ခြင်းကြောင့် ဖြစ်ပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုး ပါတဲ့အစားအစာ၊ ရေ (သို့) အစားအသောက်အသစ်တစ်မျိုးကို တုန့်ပြန်လို့ပဲဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးနေတဲ့ ကလေးတွေမှာတောင် အမေရဲ့ စားသောက်ပုံပြောင်းလဲခြင်းနဲ့ ဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တုန့်ပြန်နိုင်ပါတယ်။

    လက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အနည်းငယ် ကိုယ်ပူခြင်းတို့ပဲဖြစ်ပါတယ်။ ရောင်ရမ်းခြင်းရဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဒီလက္ခဏာတွေဟာ တစ်ရက်ကနေ တစ်ပတ်ကျော်အထိ ကြာမြင့်တတ်ပါတယ်။

    အောက်ပါအချက်တွေကတော့ အစာအိမ်အူရောင်ခြင်းအတွက် ရှေးဦးသူနာ ပြုစုနည်းပဲဖြစ်ပါတယ်။

    ၁။ သင့်မှာ အစာအိမ်အူရောင်ခြင်းဖြစ်ပြီလို့ သံသယ ရှိပြီဆိုရင်

    အစာအိမ် အထိုင်ကျအောင် နာရီပေါင်းများစွာ အစာမစားပဲ နေသင့်ပါတယ်။

    အားကစားလုပ်စဉ် သောက်တဲ့ အရည်၊ ရေ အစရှိတာတွေကို ရေဓါတ်ခန်းခြောက်မှုကို ကာကွယ်ဖို့ အမြောက်အမြားသောက်သင့်ပါတယ်။ အရည်ကို မသောက်နိုင်ရင် ပုံမှန်တစ်ငုံနှစ်ငုံပဲ သောက်နိုင်ပါတယ်။ ဆီး ပုံမှန်သွားဖို့ အရေးကြီးပြီး ဆီးဟာ အရောင်ဖျော့ပြီး ကြည်နေဖို့ အရေးကြီးပါတယ်။ အရောင်ရင့်တဲ့ ဆီးသွားခြင်း၊ ခေါင်းမူးခြင်းနဲ့ ရီဝေဝေဖြစ်ခြင်းတွေဟာ ရေဓါတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေ ဖြစ်ပြီး အရည်ကိုမသောက်နိုင်ဘူးဆိုရင် ဆေးကုသမှု ခံယူသင့်ပါတယ်။

    အစာပုံမှန် ပြန်စားပါ။ အစာခြေရလွယ်တဲ့ အစာတွေဖြစ်တဲ့ ငှက်ပျောသီး၊ ဆန်၊ ကြက်သား အစရှိတာတွေကိုစားပါ။ ပျို့ချင်လာရင်တော့ အစာစားတာကို ရပ်လိုက်ပါ။ နို့ထွက်ပစ္စည်းတွေ၊ ကော်ဖီ၊ အရက်၊ နီကိုတင်း၊ အဆီနဲ့ ဟင်းခတ်အမွှေးအကြိုင် အများအပြား သုံးထားတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။

    အသည်းရောဂါမရှိရင် နေထိုင်မကောင်းတာကို သက်သာစေဖို့ acetaminophen (Tylenol) နဲ့ အခြားဆေးတွေကို သောက်နိုင်ပါတယ်။

    အနားယူပါ။ ဖျားနာမှုနဲ့ ရေဓါတ်ခန်းခြောက်မှုဟာ သင့်ကို ပင်ပန်းပြီး အားနည်းစေပါတယ်။

    အောက်ဖေါ်ပြပါအချက်တွေ ရှိရင် ဆေးကုသမှု ခံယူသင့်ပါတယ်။

    • နှစ်ရက်ထက်ပိုပြီး အန်ခြင်း

    • နှစ်ရက်ထက်ပိုပြီး ဝမ်းလျှောခြင်း

    • ဝမ်းသွားစဉ် သွေးပါခြင်း

    • အဖျားတက်ခြင်း (101 ံF ၊ 38.5 ံC)

    • ရီဝေဝေဖြစ်ခြင်း (သို့) မတ်တပ်ရပ်စဉ် သတိလစ်ခြင်း

    • စိတ်ရှုပ်ခြင်း

    • ဗိုက်နာခြင်း

    ၂။ သင့်ကလေးမှာ အစာအိမ်အူရောင်ခြင်းဖြစ်ပြီလို့ သံသယ ရှိရင်

    ကလေးကို အနားပေးပါ။

    ကလေးအန်တာရပ်ပြီဆိုရင် ရေဓါတ်ပြန်လည်ဖြည့်တင်းပေးတဲ့ အရည်တွေဖြစ်တဲ့ (CeraLyte ၊ Enfalyte ၊ Pedialyte) တွေကို ပေးသင့်ပါတယ်။ ရေ သို့ ပန်းသီးရည်တွေကို မတိုက်သင့်ပါဘူး။

    အစာခြေရလွယ်တဲ့ အရာတွေဖြစ်တဲ့ ဆန်၊ ငှက်ပျောသီး၊ အာလူး အစရှိတာတွေကို ကျွေးသင့်ပါတယ်။ အဆီများတဲ့အစာတွေဖြစ်တဲ့ နွားနို့၊ ရေခဲမုန့်၊ သကြားပါတဲ့ အစာတွေ၊ ဆိုဒါ နဲ့ သကြားလုံးတွေကို မကျွေးသင့်ပါဘူး။ ဒါဟာ ရောဂါပိုဆိုးစေပါတယ်။

    သင့်ကလေးမှာ အသည်းရောဂါမရှိရင် နေထိုင်မကောင်းတာကို သက်သာစေဖို့ acetaminophen (Tylenol) နဲ့ အခြားဆေးတွေကို စဉ်းသားသင့်ပါတယ်။ Aspirin ကို မတိုက်သင့်ပါဘူး။

    ကလေးနို့တိုက်နေတယ်ဆိုရင် နို့ဆက်တိုက်ပါ။ နို့ဘူးတိုက်နေတယ်ဆိုရင်တော့ ရေဓါတ်ပြန်လည်ဖြည့်တင်း ပေးတဲ့ အရည်တွေ (သို့) ပုံမှန် တိုက်နေကျ အရည်တွေကို တိုက်နိုင်ပါတယ်။

    အောက်ဖေါ်ပြပါ အချက်တွေရှိပြီဆိုရင် ဆေးကုသမှု ခံယူသင့်ပါတယ်။

    • အိပ်ငိုက်၊ နုံးချိခြင်း

    • သွေးအန်ခြင်း

    • သွေးဝမ်းသွားခြင်း

    • ရေဓါတ်ခန်းခြောက်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ ပါးစပ်ခြောက်ခြင်း၊ အရေပြားခြောက်ခြင်း၊ ရေငတ်ခြင်း၊ မျက်စိချိုင့်ဝင်ခြင်း၊ ငိုစဉ် မျက်ရည်မထွက်ခြင်း အစရှိတာတွေကို ရှာဖွေပါ။ မွေးကင်းစကလေးတွေမှာ ကလေးတွေရဲ့ ခေါင်းပေါ်က ပျော့ပြောင်းတဲ့နေရာချိုင့်ဝင်ခြင်းနဲ့ diaper ဟာ သုံးနာရီထက်ပိုပြီး ခြောက်သွေ့နေတယ်ဆိုရင် သတိထားသင့်ပါတယ်။

    • အသက်၂ နှစ်ထက်ငယ်တဲ့ကလေးတွေမှာ အဖျားတစ်ရက်ထပ်ပိုရှိခြင်း၊ အသက်နှစ်နှစ်နဲ့ အထက် ကလေးတွေမှာ သုံးရက်ထက်ပို ဖျားခြင်း

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement