backup og meta

နှလုံးအမောဖောက်ခြင်းအတွက် ရှေးဦးသူနာပြုနည်း


Dr.Nyan Linn မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးအမောဖောက်ခြင်းအတွက် ရှေးဦးသူနာပြုနည်း

    နှလုံးအမောဖောက်နေသည်ကို ကိုယ်တိုင်မြင်တွေ့ရသည့်အချိန်များစွာရှိတတ်သည်။

    ထိုသို့ဖြစ်ခြင်းကို နောက်ဆက်တွဲရောဂါများနှင့် ဘေးရန်များ ဖြစ်နိုင်ချေရှိသည့် အရေးပါ်အခြေအနေများအဖြစ်သတ်မှတ်ထားသည်။

    ထို့ကြောင့် နှလုံးအမောဖောက်ခြင်းအတွက် ရှေးဦးသူနာပြုလုပ်ခြင်းသည် အလွန်အရေးကြီးပါသည်။

    နှလုံးအမောမဖောက်ခင် လက္ခဏာများ

    • ဖိထားသလိုဖြစ်ခြင်း၊နာကျင်ခြင်း၊အောင့်ခြင်းနှင့် ပြည့်ကျပ်နေခြင်းအပါအဝင် ရင်ဘတ်တွင် မသက်မသာဖြစ်စေသည့်ခံစားချက်များ ဖြစ်ပေါ်လာတတ်ပြီး အကြိမ်များစွာ ပျောက်လိုက်ပေါ်လိုက်ဖြစ်နေတတ်သည်။ တစ်ကြိမ်စီတွင် နှစ်မိနစ်ထက် အနည်းဆုံးတော့ ကြာမြင့်တတ်သည်။
    • သင့်ကိုယ်အပေါ်ပိုင်းတွင် မသက်မသာခံစားရခြင်း ဥပမာ နောက်ကျော၊မေးရိုး၊လည်ပင်း၊လက်မောင်း၊ဘယ်ဘက်
    • ပခုံးနှင့် သွားများအထိ နာကျင်ခြင်း၊အောင့်ခြင်း။
    • တစ်ခါတစ်ရံတွင် ရင်ဘတ်အောင့်တတ်သည်။
    • အသက်ရှူမှုပုံမှန်မဟုတ်ခြင်း
    • ချွေးအလွန်အကျွံထွက်ခြင်း(သို့)ချွေးအအေးပက်ခြင်း
    • ခေါင်းကိုက်ခြင်း
    • အလွန်မောပန်းခြင်း
    • မူးဝေခြင်း
    • အန်ခြင်း
    • အစာမကြေခြင်း
    • ရင်ပူခြင်း
    • သတိသိပ်မရခြင်း

    ထို့အပြင် သင်သည် ရင်ဘတ်အောင့်ခြင်းကို 15 မိနစ်ထက်ပိုခံစားရပါက သင့်တွင်နှလုံးအမောဖောက်နိုင်ချေ အလွန်များနေပြီဖြစ်သည်။

    နှလုံးအမောဖောက်ခြင်းအတွက် ရှေးဦးသူနာပြုမှု

    ကျန်းမာရေးအကူအညီကို ချက်ချင်းရယူပါ။

    သင်သည် နှလုံးအမောဖောက်နေသည်ကို မြင်တွေ့ရပါက လူနာတင်ယာဉ်တစ်စီးအားချက်ချင်းခေါ်ဆိုပါ။

    လူနာတင်ယာဉ်ရရှိရန်ခက်ခဲနေပါက ထိုလူအား အနီးဆုံးကျန်းမာရေးစင်တာသို့မောင်းခေါ်သွားပါ။

    သင်ကိုယ်တိုင်အမောဖောက်နေပါက ဘေးလူများဆီမှအကူအညီတောင်းပါ။

    ထိုအခြေအနေများတွင် ကားအက်စီးဒင့် ဖြစ်ခြင်းစသော မလိုအပ်သည့်နောက်ဆက်တွဲပြဿနာများမဖြစ်ရန် သင်ကိုယ်တိုင်ကားမမောင်းပါနှင့်။

    အက်စပရင်အချို့ကို ရှာဖွေရယူပါ။

    လူနာတင်ယာဉ်စောင့်နေစဉ်တွင် အမောဖောက်နေသူအား အက်စ်ပရင်တစ်ပြားကို ဝါး၍ မျိုချထားခိုင်းထားပါ။

    အက်စ်ပရင်နှင့်ဓါတ်မတည့်ခြင်းမရှိပါစေနှင့်။

    ညွှန်းထားသောဆေးများကို သောက်သုံးပါ။

    သင်သည်နှလုံးရောဂါသည်ဖြစ်ပါက သင့်တွင် ညွှန်းထားသောဆေးများရှိပြီးဖြစ်သည်။

    ထိုဆေးများကို ချက်ချင်းသောက်သုံးပါ။

    သင်နှင့်ရောဂါတူနေသည်ပင်ဖြစ်လင့်စေကာမူအခြားသူများထံမှမည်သည့်ဆေးမှမသောက်ရန်လိုအပ်သည်။

    စီပီအာ အသက်ကယ်ကုသမှုပြုလုပ်ပါ။

    အကယ်၍လူနာသည် သတိလစ်သွားပြီး (အသက်ရှူရပ်မှသာလျှင်) သင်သည် စီပီအာ အားလေ့ကျင့်ထားပါက မှန်ကန်စွာပြုလုပ်ပါ။

    သင့်တွင် အတွေ့အကြုံမရှိပါက ကျန်းမာရေးစင်တာတစ်ခုကို ခေါ်ဆို၍ ညွှန်ကြားချက်များကို လိုက်နာပြုလုပ်လိုက်ပါ။

    အများအားဖြင့်သင့်အား ပါးစပ်မှလေမှုတ်ထည့်ခြင်းမပါပဲ ရင်ဘတ်ကို မှန်မှန်ကန်ကန်ဖိပေးနိုင်ရန်သာ ပြောပြတတ်ကြသည်။

    နှလုံးအမောဖောက်ခြင်းကို မည်သို့ကာကွယ်နိုင်သနည်း။

    နီသည့်အသားများ၊ပြည့်ဝဆီများ၊ဆား၊သကြားများကို လျှော့စားပါ။

    အသီးအရွက်များ၊အစေ့အနှံများ၊နှင့် အိုမီဂါ3ပါသည့် ငါးဆီအား များများစားပါ။

    သင့်တင့်ညီမျှသောဘဝကို ဦးတည်ပါ။

    သိပ်မပြင်းထန်သည့်လေ့ကျင့်ခန်းများဖြစ်သော ရောဂါ (သို့)လမ်းလျှောက်ခြင်းတို့ကို တက်တက်ကြွကြွဖြစ်စေရန်ပြုလုပ်ပါ။

    စိတ်ဖိစီးမှုကို တတ်နိုင်သလောက်လျှော့ချပါ။

    စိတ်ဖိစီးမှု(သို့)ပြင်းထန်သောစိတ်ခံစားမှုများမရှိနိုင်ရန်ကြိုးစားပါ။

    အရက်နှင့်ဆေးလိပ်ဖြတ်ပါ။

    ထိုအကျင့်ဆိုးများသည် နှလုံးရောဂါများအပြင် ဆီးချို၊သွေးတိုး(သို့)အဝလွန်ခြင်း စသောရောဂါနှင့်ဘေးရန်များစွာလည်း ဖြစ်စေနိုင်ပါသည်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement