backup og meta

အနာကို သန့်စင်ဖို့ Hydrogen Peroxide သို့မဟုတ် အရက်ပြန်ကိုသုံးသင့်သလား

အနာကို သန့်စင်ဖို့ Hydrogen Peroxide သို့မဟုတ် အရက်ပြန်ကိုသုံးသင့်သလား

Hydrogen Peroxide သို့မဟုတ် အရြက်ပန်နဲ့ အနာကိုသန့်စင်တာကောင်းသလား

hydrogen peroxide သို့မဟုတ် အရက်ပြန်နဲ့ အနာကိုသန့်စင်ပေးတာက အမှန်တကယ်တော့ အရေပြားတစ်ရှူးတွေကိုထိခိုက်ပျက်စီးစေပြီး အနာကျက်နှေးစေပါတယ်။ အရက်ပြန်နဲ့hydrogen peroxide နှစ်မျိုးစလုံးက ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ ထိရောက်တဲ့ ပိုးသတ်ဆေးတွေဖြစ်လို့ အသုံးများကြပါတယ်။

Hydrogen Peroxide

Hydrogen peroxide ကို အရေပြားပြတ်ရှရာ၊ပေါက်ပြဲဒဏ်ရာတွေအတွက် အသုံးပြုလေ့ရှိကြပေမယ့် တကယ်တမ်းရောဂါပိုးသေစေဖို့လည်း စိတ်မချရတဲ့အပြင် တစ်ရှူးတွေကိုထိခိုက်စေနိုင်တယ်လို့ပြောကြပါတယ်။ ထိခိုက်ရှနာတွေလို အသေးစားဒဏ်ရာတွေကိုသန့်စင်ဖို့အတွက် အကောင်းဆုံးကရေအလျင်နဲ့လောင်းချဆေးကြောတာပါပဲ။ ဆပ်ပြာအပျော့စားလည်းသုံးနိုင်ပါတယ်။ အသေးစားဒဏ်ရာတွေကို အမှုန်အမွှားတွေ၊ အညစ်အကြေးတွေ၊ ဘက်တီးရီးယားပိုးတွေကိုဖယ်ရှားနိုင်ဖို့ မိနစ်အနည်းငယ်ကြာအောင်ရေဆေးပေးရပါမယ်။

Hydrogen peroxide က အနာထဲမှာ အမှုန်တွေကပ်မကျန်အောင်၊သွေးစတွေကိုဖယ်သုတ်ဖို့ အနာကိုအစိုဓါတ်ပေးပြီး နှူးတဲ့နည်းနဲ့ သန့်စင်ပေးပါတယ်။ အရေပြားကဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါပေမယ့် သူက အနာကျက်စေဖို့ အကျိုးြ့ပုတဲ့ တွယ်ဆက်တစ်ရှူးကိုပြန်လည်တည်ဆောက်ပေးတဲ့fibroblasts ဆဲလ်တွေကိုလည်း ပျက်စီးစေပါတယ်တဲ့။ ဒါ့ကြောင့်ပဲ မကြာခဏမသုံးဖို့ အကြံပြုလာကြတာဖြစ်ပါတယ်။

Hydrogen peroxide ရဲ့ရောဂါပိုးသေစေနိုင်တဲ့အစွမ်းက အမြဲတော့ မထိရောက်နိုင်ပါဘူး။ရောဂါပိုးတွေကို မျိုးမပွားအောင်တားဆီးနိုင်တဲ့bacteriostatic ဓါတ်ပစ္စည်းတစ်မျိုးဖြစ်ပေမယ့် ဘက်တီးရီးယားတွေကို အကုန်မရှင်းထုတ်ပစ်နိုင်ဘဲ ပိုဆိုးတဲ့ရောဂါပိုးဝင်ခြင်းတွေပါဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သူက မှိုပိုးတွေကိုလည်းသေစေနိုင်ပြီး မှိုပိုးဝင်ခြင်းကို ကာကွယ်နိုင်လို့ စဉ်းတီတုံး သို့မဟုတ် စားပွဲခုံတို့လိုရောဂါပိုးရှိနိုင်တဲ့နေရာတွေကို သန့်ရှင်းဖို့ အသုံးပြုကြတာဖြစ်ပါတယ်။

အရက်ပြန်

အနာကိုသန့်စင်ဖို့ အသုံးများတဲ့နောက်တစ်မျိုးက အရက်ပြန်ပဲဖြစ်ပါတယ်။ ဘာလေးပဲဖြစ်ဖြစ် ဂွမ်းမှာအရက်ပြန်ဆွတ်ပြီး အနာကိုဖိထားတာ၊ သုတ်လိုက်တာတွေလုပ်လေ့ရှိကြသလို ဒဏ်ရာကြီးကြီးမားမားတွေမှာတောင် အရက်ပြန်လောင်းချပြီးရင် ပိုးသေတယ်လို့ စိတ်ချလက်ချသုံးကြပါတယ်။ အရက်ပြန်သုတ်ပြီးရင်ပိုးမဝင်တော့ဘူးလို့တွေးပြီး အနာကို ဆေးတောင်မထည့်သူတွေရှိပါတယ်။ ဒါပေမယ့် လူတွေသိပ်မသိကြတာက အရက်ပြန်ဟာ အနာတဝိုက်အရေပြားမှာ ပိုးမွှားတွေကိုဖယ်ရှားနိုင်ဖို့အထောက်အကူပြုတာမှန်ပေမယ့် အရေပြားကိုလည်းလောင်စေနိုင်တာပဲဖြစ်ပါတယ်။ အရက်ပြန်နဲ့ပွတ်လိုက်တဲ့အခါ အရေပြားဆဲလ်တွေ ထိခိုက်ပျက်စီးစေနိုင်ပြီးရောင်ရမ်းလာစေနိုင်ပါတယ်။

ဒါ့ကြောင့် ထိခိုက်ရှနာတွေကို သန့်စင်ဖို့အရင်ဆုံးတွေးရမှာကရေနဲ့ဆေးကြောတာဘေးအကင်းဆုံးပါပဲ။ အနာသန့်စင်သွားတဲ့အထိရေလောင်းဆေးပါ။ ဒါမှ အနာမှာ အမှုန်တွေ၊ အစအနတွေကပ်နေသေးရင် ဆရာဝန်ပြပြီး ကုသမှုခံယူပါ။ ထိခိုက်ရှနာကုသမှုကိုဘယ်တော့မဆို ကိုယ်တိုင်လုပ်ဆောင်နိုင်ပါတယ်။

  • အရင်ဆုံး လက်ကို စင်ကြယ်အောင်ဆေးပါ။ ဒါမှရောဂါပိုးမဝင်နိုင်မှာပါ။
  • သွေးတိတ်အောင်လုပ်ပါ။ ပွန်းပဲ့ရှနာတွေလောက်ကတော့ အလိုလိုသွေးတိတ်သွားလေ့ရှိပါတယ်။ လိုအပ်ရင်တော့ ပတ်တီးစ၊ ဂွမ်းစသန့်သန့်လေးနဲ့ အသာလေးဖိထားပြီးသွေးတိတ်တဲ့အထိ အနာဖြစ်တဲ့နေရာကိုမြှင့်ထားပေးပါ။
  • အနာကို သန့်စင်ပါ။ အနာကိုရေနဲ့ဆေးကြောရပါမယ်။ အနာပေါ်ကနေရေနဲ့လောင်းပြီးဆေးချတာကရောဂါပိုးဝင်နိုင်တဲ့ အန္တရာယ်လျော့နည်းစေပါတယ်။ အနာပတ်ဝန်းကျင်ကို ဆပ်ပြာနဲ့ဆေးကြောသန့်စင်ပါ။ ဒါပေမယ့် အနာပေါ်ကို ဆပ်ပြာမထိပါစေနဲ့။hydrogen peroxide သို့မဟုတ် iodineဆေးရည်တွေမသုံးပါနဲ့။ အရမ်းစပ်ပါလိမ့်မယ်။ အနာထဲမှာ အစအနတွေ၊ အညစ်အကြေးတွေကို ဖယ်ထုတ်ရင်တော့ အရက်ပြန်နဲ့သန့်စင်ထားတဲ့ ဇာဂနာလေးနဲ့အသာအယာဖယ်ထုတ်နိုင်ပါတယ်။
  • အနာပိုးသတ်ဆေးတစ်ခုခုလိမ်းပါ။ အနာကို အစိုဓါတ်ကျန်စေဖို့၊အနာကျက်စေဖို့၊ အမာရွတ်မကျန်စေဖို့အတွက် ပိုးသတ်ဆေး(ဥပမာ- Septidine, Betadine)အရည် သို့မဟုတ် အဆီတစ်ခုခုကို ခပ်ပါးပါးလိမ်းပေးပါ။

တကယ်လို့

  • ဒဏ်ရာ ကြီးရင်၊
  • သန့်စင်ရခက်အောင် ညစ်ပေနေရင်၊
  • အနာမကျက်ရင်၊ ပိုးဝင်နေပြီလို့ယူဆရရင်
  • အနာတဝိုက်မှာ အရမ်းနာနေရင်၊ရောင်ရမ်းလာရင်၊
  • ဒဏ်ရာများရင်
  • အဖျားတက်နေရင် ဆရာဝန်အမြန်ဆုံးပြပြီး ကုသမှုခံယူသင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.nhs.uk/chq/Pages/1054.aspx?CategoryID=72

https://sciencing.com/hydrogen-peroxide-kill-bacteria-4606163.html

https://www.livestrong.com/article/181945-rubbing-alcohol-hydrogen-peroxide/

https://www.webmd.com/first-aid/ss/slideshow-wound-care-dos-and-donts

 

ယခုပုံစံ

12/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ရဲ့အရေပြားမှာ အနာကိုအကျက်မြန်စေတဲ့ အစားအသောက်များ

အနာပိုးဝင်တာနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ



Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement