backup og meta

ကလေးများတွင် အသက်ရှူ မွန်းကြပ်ခြင်း။ ကာကွယ်ခြင်းနှင့် အရေးပေါ် ကုသမှု

ကလေးများတွင် အသက်ရှူ မွန်းကြပ်ခြင်း။ ကာကွယ်ခြင်းနှင့် အရေးပေါ် ကုသမှု

မွေးကင်းစကလေးငယ်များနှင့် လေးဖက်သွားကလေးများ တွင် အသက်ရှူမွန်းကြပ်ခြင်းကို ကာကွယ်ခြင်း

အိပ်စက်ခြင်းအတွက်

  • ကျောဖြင့်အိပ်ပါ။ သင့်ကလေးကို ဘယ်တော့မှ ဝမ်းလျားမှောက်ပြီး မအိပ်ခိုင်းပါနှင့်။
  • ဘယ်အရာမှ မရှိသောမျက်နှာပြင်ပေါ်တွင် ကလေးကို အိပ်ခိုင်းပါ။ ( စောင်၊ ခေါင်းအုံး၊ ကစား စရာ၊ တစ်ရှူး၊ ပလက်စတစ်အိတ် သို့မဟုတ် အခြား အိမ်သုံးပစ္စည်းများ မရှိစေရ)
  • သင့်ကလေး အိပ်နေစဉ် အအေးမမိစေရန် အိပ်ယာ သို့မဟုတ် ဝတ်ဆင်၍ရသော စောင် ဝယ်ပေးပါ။
  • ကလေးအိပ်သော မွေ့ရာသည် အံကိုက် ဖြစ်သင့် သည်။
  • သင့်ကလေးသည် အိပ်စက်ရန် ကိုယ်ပိုင် အိပ်ယာ ရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် မိဘများသည် လိမ့်မိပြီး မွေးကင်းစကလေးငယ်များအား သေစေ နိုင်သောကြောင့်ဖြစ်သည်။

စားသောက်ခြင်းအတွက်

  • သင့်ကလေးအား ကစားနေစဉ်၊ ပြေးနေစဉ်၊ လမ်း ကြမ်းသောလမ်းကို ကားဖြင့်သွားနေစဉ်တွင် အစား မကျွေးပါနှင့်။
  • သူတို့ အစာစားနေစဉ်တွင် ကလေးကို ကြီးကြပ် ညွှန်ကြားပါ။
  • အစာကို နည်းနည်းစီဖဲ့၍ ကျွေးပါ။ ဝါးစားရန် ခက်သော အရာများကို မကျွေးပါနှင့်။
  • သင့်ကလေးကို အစာ သေချာဝါးစားနိုင်အောင် သင်ကြားပေးပါ။

ကစားခြင်းအတွက်

  • သင့်ကလေးကို ပလက်စတစ်အိတ်၊ သံလိုက် သို့မဟုတ် ပူဖေါင်းများစသော ဆို့နင်ခြင်းနှင့် အသက်ရှူမွန်းကြပ်ခြင်း အန္တရာယ်ရှိသော အရာများ မှ ဝေးအောင်ထားပါ။
  • ပလက်စတစ်အိတ်များ၊ ဘတ္တရီအပျက်များနှင့် အသုံးမပြုတော့သော အခြား ပစ္စည်းအသေးများကို စွန့်ပစ်ပါ။
  • မသုံးမပြုတော့သော ရေခဲသေတ္တာများ၊ ဗီဒိုများကို မစွန့်ပစ်ခင် သို့မဟုတ် မြေအောက်ထပ်ထဲ မပို့မီ တံခါးများကို ဖြုတ်ပစ်ပါ။ ဒုတိယနည်းလမ်းမှာ သော့ ခတ်၍ ပိတ်ပစ်ပါ။
  • သင့်ကလေး၏ ကစားစရာများသည် အသက်အရွယ် နှင့်လိုက်ဖက်ပြီး ဘေးကင်းစိတ်ချရမှု ရှိမရှိ စစ်ဆေး ပါ။
  • အစိတ်အပိုင်းများအဖြစ် ဖြုတ်၍ရသော အရုပ်များ သို့မဟုတ် ဘတ္တရီအိမ်ကို ဝက်အူဖြင့်ပိတ်မထား သော အရုပ်များကို မဝယ်ပါနှင့်။
  • သင့်ကလေးကို အသက်ရှူ မွန်းကြပ်ခြင်းမှ ကာကွယ် နိုင်ရန် အရုပ်၏ အရှည်သည် အနည်းဆုံး ၆ စင်တီမီတာ ရှိရမည်ဖြစ်ပြီး အလျားသည် အနည်းဆုံး ၃ စင်တီ မီတာ ရှိရမည်။

ဝတ်ဆင်ခြင်းအတွက်

  • ကလေးလည်ပင်းတွင် ချိုလိမ်ကို ဘယ်တော့မှ ချည်မထားပါနှင့်။
  • လည်ပင်း သို့မဟုတ် ခါးတွင် ကြိုးများပါသော အဝတ် များ မဝယ်ပါနှင့်။
  • ဆောင်းရာသီ ဝတ်ဆင်မှုအတွက် လည်ပတ်ပုဝါကို လည်ပင်းပါနွေးသော အထည်များဖြင့် အစားထိုးပါ။
  • ကြယ်သီးပါသော အဝတ်များအစား ဇစ်ပါသော အဝတ်များကို ဝယ်ပါ။ သင့်ကလေးသည် ကြယ်သီး ပါသော အဝတ်များ ဝတ်နေပါက ကြယ်သီးများ ချောင်မနေအောင် ထားပါ။

အရေးပေါ်ကုသမှု

မိဘများသည် CPR (နှလုံးခုန်နှုန်း ရပ်ခြင်းကို ကာကွယ်ရန် ရင်ဘတ်ကိုဖိခြင်းနှင့် ပါးစပ်ချင်း တေ့၍ လေမှုတ်သွင်းခြင်းကို တစ်လှည့်စီလုပ်သော ရှေးဦးသူနာ ပြုစုနည်း) လုပ်ပေးရန် အရေးကြီးပါသည်။ ၎င်းသည် အသက်ရှူ မွန်းကြပ်နေသော လူနာတွင် တစ်ရှူး သေဆုံးခြင်း ကို နှေးစေပြီး အသက်ရှူခြင်း၊ သွေးလှည့်ပတ်ခြင်းကို ထိန်း သိမ်းပေးသည်။ ဆရာဝန်များက သင်သည် အရေးပေါ် အကူအညီ မခေါ်မီ CPR ကို ၂မိနစ်လောက် လုပ်သင့်သည် ဟုဆိုသည်။

ကလေးငယ်တစ်ယောက် ဆို့နင်နေပါက မတ်တပ်ရပ် ခိုင်းပြီး ကျောကို ခပ်မာမာ ရိုက်ပေးပါ။ ကလေး ထိုင်နေစဉ် ကျောကို မရိုက်ပါနှင့်။ ပိတ်နေသော အရာသည် ထပ်မံ ကပ် နေနိုင်သောကြောင့်ဖြစ်သည်။ အသက်ပိုကြီးသော ကလေး များတွင် ဝမ်းဗိုက်တွန်းထိုးခြင်း (Heimlich maneuver ဟု အသိများသော) ကို လုပ်သင့်သည်။ ကလေးသည် အရာ ဝတ္ထုကို ဖယ်ပြီးနောက်တွင် အသက်မရှူနိုင်သေးပါက ပါးစပ် ချင်း တေ့ပြီး အသက်ရှူသွင်းခြင်းကို လုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

CHOKING AND SUFFOCATION http://www.childsafe.org.za/choke.htm Accessed April 7, 2017

Preventing choking and suffocation in children http://www.cps.ca/documents/position/preventing-choking-suffocation-children Accessed April 7, 2017

ယခုပုံစံ

12/05/2020

Dr. Zin Wai Yan Lin မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း



Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement