backup og meta

ရုတ်တရက် ခြေသလုံး ကြွက်တက်တဲ့အခါ ဘယ်လိုလုပ်ရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရုတ်တရက် ခြေသလုံး ကြွက်တက်တဲ့အခါ ဘယ်လိုလုပ်ရမလဲ

    လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ အထိုင်အထမှာဖြစ်ဖြစ် ရုတ်တရက် ခြေသလုံးကြွက်တက်တာ အတော်နာကျင်ရပါတယ်။ ခပ်မြန်မြန် ခပ်သွက်သွက်လမ်းလျှောက်ရင်းလည်း ဖြစ်တတ်ရဲ့။ ကြွက်သားထဲက လိပ်တက်လာသလို တောင့်တင်းနာကျင်မှုကြောင့် တစ်ခါတလေ မျက်ရည်ပါကျတဲ့အထိပါ။

    ဒီလိုဖြစ်လာတဲ့အချိန် ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာလေး အကြံပေးချင်ပါတယ်။ အရင်ဆုံး –

    • ကြွက်သားကို ဆန့်ပြီး နှိပ်နယ်ပေးပါ။
    • ကြွက်သားကိုပြေလျော့စေဖို့ရေနွေးနွေးနဲ့လောင်းပေးပါ။ရေနွေးဝတ်ကပ်ပေးတာလည်းကောင်းပါတယ်။
    • ရေခဲတုံး သို့မဟုတ်ရေအေးဝတ်ကပ်ပေးတာကလည်း တစ်နည်းပါ။ ဒီလိုကပ်တဲ့အခါမှာတော့ အရေပြားနဲ့ရေခဲ ကြားမှာ အဝတ်တစ်ခုခုခံထားဖို့တော့ မမေ့ပါနဲ့။
    • acetaminophen(Tylenol), ibuprofen (Advil, Motrin), ဒါမှမဟုတ် naproxen (Aleve) တို့လို အလွယ်တကူဝယ်ယူနိုင်တဲ့ ဆေးဝါးတွေသောက်နိုင်ပါတယ်။
    • ကြွက်တက်ခြင်းအတွက် ဆရာဝန်ကသောက်ဆေးညွှန်ကြားတဲ့အခါ အတိအကျသောက်ပါ။ တစ်ခုခုအကြောင်းရှိရင် ဆရာဝန်ထံ ဆက်သွယ်ပါ။
    • အရည်များများသောက်ပါ။ ဓါတ်ဆားအချိုရည်တွေကလည်းြေခထောက်ကြွက်တက်ခြင်းအတွက် အထောက်အကူပေးပါတယ်။

    ခြေထောက်မှာကြွက်တက်ချင်သလိုလိုဖြစ်လာပြီဆိုရင် လုပ်ဆောင်နိုင်တာက –

    • ဟိုလျှောက်ဒီလျှောက်လုပ်ပါ။
    • ခြေသလုံးကြွက်သားတွေကို ဆန့်ပါ။ ထိုင်နေရင်းဖြစ်ဖြစ်၊ မတ်တပ်ရပ်နေရင်းဖြစ်ဖြစ် လုပ်နိုင်ပါတယ်။
    • ထိုင်နေရင်းခြေထောက်ကိုဆန့်တန်းပါ၊ခြေဖျားကိုကော့လိုက် ကုပ်လိုက် လုပ်ပါ။
    • နံရံနဲ့ ၂ပေအကွာလောက်မှာရပ်ပြီး နံရံဘက်ကို လက်နှစ်ဖက်နဲ့ထောက်ပါ။ရှေ့ကိုညွှတ်ချချိန်မှာ ကြွက်တက်ချင်နေတဲ့ဘက်ကခြေထောက်ကို ဒူးဆန့်ထားပြီး ဖနောင့်ကိုကြမ်းနဲ့ထိထားပါ။ ဒီလိုလုပ်နေချိန်မှာ နောက်တစ်ဘက်ကိုတော့ကွေးထားပါ။

    ကြွက်မတက်အောင် ဘယ်လိုကာကွယ်နိုင်မလဲ

    • ရေနဲ့ အရည်များများသောက်ပါ။ ဆီးအရောင်က အဝါရောင်ဖျော့သထက်ဖျော့ပြီးရေလိုကြည်တဲ့အထိဖြစ်လာတဲ့အထိရေသောက်ပါ။
    • အရက်၊ဘီယာလျှော့သောက်ပါ သို့မဟုတ်ရှောင်ပါ။
    • ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကြွယ်ဝပြီး ကျန်းမာရေးအတွက်ကောင်းတဲ့အစားအစာတွေ စားပါ (အထူးသဖြင့် ကိုယ်ဝန်ဆောင်ဖြစ်ရင်)
    • ကြွက်သားအနေအထားပြန်လည်ကောင်းမွန်စေဖို့ စက်ဘီးစီးပါ ဒါမှမဟုတ် စက်ဘီးစက်မှာ စီးပါ။
    • လေ့ကျင့်ခန်းမလုပ်မီနဲ့ အိပ်ရာမဝင်မီနေ့တိုင်းအကြောလျှော့လေ့ကျင့်ခန်းလုပ်ပါ။
    • လေ့ကျင့်ခန်းကို လုပ်နေကျထက် ရုတ်တရက်တိုးမလုပ်ပါနဲ့။ တစ်ပတ်ကို နည်းနည်းချင်းပဲတိုးပါ။
    • ဗီတာမင်အစုံပါတဲ့အားဆေးတွေသောက်ပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement