brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်အလေးချိန် မြန်မြန်ကျအောင် ဘယ်လိုလုပ်ကြမလဲ

ကိုယ်အလေးချိန်မြန်မြန်ကျအောင်ဘယ်လိုလုပ်ရမလဲ။

ကိုယ်အလေးချိန် မြန်မြန်ကျအောင် ဘယ်လိုလုပ်ကြမလဲ

စိတ်ရှည်ရှည်နဲ့တစ်ကြိမ်ကိုတစ်ဆင့်ချင်းစီပဲသွားပါ။ တစ်ညတည်းနဲ့တစ်သက်လုံးအတွက်ကိုယ်အလေးချိန်ကျအောင်လုပ်နိုင်တာမျိုးမရှိပါဘူး။ သင့်အစီအစဉ်တွေကိုအတတ်နိုင်ဆုံးတိတိကျကျဖြစ်အောင်လုပ်ပါ။ အောက်မှာဖော်ပြထားတာတွေကိုလမ်းညွှန်အဖြစ်အသုံးပြုပါ။

ငါအခုဘယ်အခြေအနေမှာလဲ

ဥပမာ -ကျွန်တော်လိုချင်တဲ့ ကိုယ်အလေးချိန်ထက် ပေါင်၄၀များနေတယ်ဆိုပါတော့။

အဲဒါဆိုရင်အောက်မှာပြထားတာတွေကကိုယ်အလေးချိန်ကျဖို့ကျွန်တော်ဘာလုပ်ရမလဲဆိုတာပါပဲ။

ဥပမာ –

  • တစ်ပတ်ငါးရက်နေ့လည်စာစားချိန်တွေမှာမိနစ်၃၀ကျွန်တော်လမ်းလျှောက်မယ်။
  • ဆိုဒါနဲ့အချို ရည်တစ်ခုခုသောက်မယ့်အစား ကယ်လိုရီမပါတဲ့ ဆိုဒါ နဲ့ရိုးရိုးရေပြောင်းသောက်မယ်။

ကျွန်တော်ဘယ်အချိန်တွေမှာလုပ်မလဲဆိုတော့

ဥပမာ –

  • တစ်ပတ်လုံး နေ့လည်စာစားချိန်မှာမိနစ်၃၀လမ်းလျှောက်မယ်။
  • အစာစားချိန်တွေကြားမှာ လမ်းလျှောက်မယ်။

ကျွန်တော်အဆင်သင့်ဖြစ်ထားရမှာတွေက

ဥပမာ –

  • သက်တောင့်သက်သာရှိစေတဲ့လမ်းလျှောက်ရှူးဖိနပ်တွေလိုပါမယ်။
  • ကယ်လိုရီမပါတဲ့ဆိုဒါတွေဝယ်ဖို့လိုပါမယ်။

ဒါတွေ ကျွန်တော့အစီအစဉ်ကိုနှောင့်ယှက်နိုင်တယ်။

ဥပမာ –

  • မိုးရွာခဲ့ရင်ကျွန်တော်လမ်းလျှောက်လို့မရတော့ပါဘူး။
  • ကယ်လိုရီမပါတဲ့ဆိုဒါကုန်ချင်ကုန်သွားနိုင်တယ်။

အဲလိုတွေဖြစ်လာရင်ကျွန်တော် ဒါတွေအစားထိုးလုပ်မယ်။

ဥပမာ –

  • မိုးလုံလေလုံ အပန်းဖြေစင်တာကိုသွားပြီးအထဲမှာလမ်းလျှောက်မယ်။
  • ကယ်လိုရီမပါတဲ့ ဆိုဒါတွေမကုန်သွားအောင်ကြိုစီစဉ်မယ်ဒါမှမဟုတ်ရေပဲသောက်တော့မယ်။

အခုပြောမှာကကျွန်တော်ဘယ်အချိန်စမလဲဆိုတာပါပဲ။

ဥပမာ – ဒီပန်းတိုင်နှစ်ခုလုံးကိုတနင်္လာနေ့မှာကျွန်တော်စလုပ်မယ်။

ဒီမှာကကျွန်တော့်ကိုကျွန်တော်ဘယ်လိုဆုချမလဲဆိုတာပါပဲ (ဆုချတဲ့ထဲအစားအစာမပါစေပါနဲ့)

ဥပမာ – နောက်လအထိဒီအစီအစဉ်အတိုင်းလုပ်နိုင်ရင်ရုပ်ရှင်ရုံသွားမယ်။

သင်ပထမပန်းတိုင်ကိုရောက်တာနဲ့ နောက်ထပ်ပန်းတိုင်အသစ်တွေထပ်လုပ်ပါ။

နောက်ထပ်အဆင့်တွေအတွက်ဥပမာများ

  • တစ်ပတ်ကို ၅ ရက်၊ တစ်ရက်ကိုမိနစ် ၃၀ အစားမိနစ် ၄၀ တိုးလျှောက်မယ်။
  • နေ့လည်သရေစာကိုကွတ်ကီးအစား သစ်သီးဝလံတွေပြောင်းစားမယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/02/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။