backup og meta

Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း (၈)ချက်

Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း (၈)ချက်

Keto Diet လို့ ခေါ်တဲ့ အဆီချနည်းကို အခုဆို မသိတဲ့သူ နည်းပါတယ်။ ကီတို စားသောက်နည်း ဆိုတာ ကာဗိုဟိုက်ဒရိတ်ကို လျှော့ပြီး ပရိုတင်းနဲ့ အဆီဓာတ်တွေကနေ ကယ်လိုရီပိုရယူတာ ဖြစ်ပါတယ်။ ပိန်ချင်တဲ့သူတွေ အတွက်တော့ ကီတိုနည်းက တခြားအစားလျှော့နည်းတွေထက် ပထမ ၃လ ကနေ ၆ လအတွင်း ပိုထိရောက်တယ်လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်က ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုရာမှာ ကာဗိုဟိုက်ဒရိတ်တွေထက် အဆီကို အသုံးပြုနိုင်ဖို့ ကယ်လိုရီ ပိုလောင်ကျွမ်းစေလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း (၈)ချက် ကိုရော သိပြီးပြီလား။

Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း (၈)ချက်

Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်းတွေကတော့

 (၁) Ketosis အဆင့်ကို မရောက်သေးတာ

ကီတိုစားသောက်နည်းမှာ အရေးပါတဲ့ ketosis အဆင့်ကို မရောက်သေးတာက ကာဗိုဟိုက်ဒရိတ် စားသုံးတာ များနေလို့ဖြစ်နိုင်ပါတယ်။ ကီတိုနည်းနဲ့ စားသုံးနေသူ တစ်ယောက်ရဲ့ ကယ်လ်လိုရီစားသုံးမှုမှာ ကာဗိုဟိုက်ဒရိတ်က ၅-၁၀ ရာခိုင်နှုန်းပဲ ပါဝင်သင့်ပါတယ်။

(၂) အသားဓာတ် စားသုံးမှု များနေတာ

ကာဗိုဟိုက်ဒရိတ် နည်းတဲ့ စားသောက်ပုံမှာ အသားဓာတ် ပမာဏ အတန်အသင့်ပါဝင်လို့ရပါတယ်။ ဒါပေမယ့် လူတွေထင်တာက ကာဗိုဟိုက်ဒရိတ်လျှော့ပြီး အသားဓာတ် ပိုစားရတဲ့နည်းလို့ မှားသိထားကြပါတယ်။ ဒီလိုစားမယ်ဆို ခန္ဓာကိုယ်က ပိုလျှံနေတဲ့ အသားဓာတ်တွေကို အမိုင်နိုအက်စစ်အဖြစ် ဖြိုခွဲပြီး သကြားဓာတ်အဖြစ် ပြန်ပြောင်းလိုက်မှာ ဖြစ်လို့ ketosis ဖြစ်လာစေမှာမဟုတ်ပါဘူးနော်။

(၃) ခွင့်ပြုထားတဲ့ အတိုင်းအတာထက် ပိုစားမိတာ

ကီတိုနည်းနဲ့ဆို အဆီများတာတွေ စားလို့ရတယ်ဆိုပြီး ဝက်ဆီဖတ်၊ ထောပတ်၊ ချိစ် စတဲ့ အဆီများတာတွေကို စားသင့်တဲ့ အတိုင်းအတာထက် ပိုစားမိတဲ့အခါ ရလဒ်မကောင်းတာ ဖြစ်တတ်ပါတယ်။

 (၄) ကယ်လ်လိုရီ မတွက်တာ

ကိုယ့်ခန္ဓာကိုယ်က လောင်ကျွမ်းနိုင်တာထက် ကယ်လ်လိုရီပိုစားမိနေတဲ့ လူတစ်ယောက်က ဝိတ်ကျဖို့ မလွယ်ပါဘူး။ ဒီလိုစားမယ်ဆို ketosis ဖြစ်နေရင်တောင် ဝိတ်တက်လာနိုင်ပါတယ်။ အဆီများတဲ့အစားအသောက်တွေက ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေထက် ကယ်လ်လိုရီပါဝင်မှု ပိုများနေနိုင်တဲ့အတွက် စားတဲ့အခါ ကယ်လ်လိုရီတွက်ပြီး စားတာကောင်းပါတယ်။

 (၅) အရက် သောက်မိတာ

ဝိုင်နဲ့ ဘီယာ အပါအဝင် အယ်လ်ကိုဟောသောက်သုံးမှုအများစုမှာ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများပါတယ်။ ကီတိုနည်းမှာ အယ်လ်ကိုဟောတွေကို ခွင့်ပြုမထားပါဘူး။

 (၆) လှုပ်ရှားမှု နည်းတာ

ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းတွေက လူ့ကျန်းမာရေးအတွက်အရေးပါပါတယ်။ အဆီများတာတွေ စားနေတဲ့သူမှာ ကယ်လ်လိုရီကို လောင်ကျွမ်းအောင်နဲ့ ကိုယ်လိုချင်တဲ့ အလေးချိန်ကို ရောက်နိုင်ဖို့ လှုပ်ရှားမှုလေးလုပ်ဖို့လိုပါတယ်။

 (၇) စိတ်ဖိစီးမှု များတာ

စိတ်ဖိစီးချိန်မှာ ဟော်မုန်းပမာဏတွေပြောင်းလဲစေပြီး ဝိတ်တက်တာ ဒါမှမဟုတ် အဆီချနည်း မထိရောက်တာ တွေဖြစ်စေနိုင်ပါတယ်။

(၈) ရောဂါအခံ တစ်ခုခု ရှိနေတာ

တချို့ကျတော့ နည်းလမ်းမှန်လျက်နဲ့ အဆီမကျတာ လည်ပင်းကြီးရောဂါ ၊ စိတ်ကျရောဂါ တို့လို ကိုယ်အလေးချိန်ကို သက်ရောက်မှုရှိတဲ့ ရောဂါအခံကြောင့် ဖြစ်နိုင်ပါတယ်။

သတိထားဖို့

အဆီများတာတွေ လှိမ့်စားတိုင်း ကီတို မဟုတ်ပါဘူးနော်။ အချိုးအဆမှန်မှန်နဲ့ စားသင့်ပါတယ်။ Keto Diet ကလည်း တင်းကျပ်တဲ့ စားသောက်ပုံနည်းလမ်းတစ်ခုပါပဲ။ စားသောက်နည်းကိုတော့ ကိုယ့်ရဲ့အာဟာရပညာရှင်နဲ့ သေချာဆွေးနွေးပြီး ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

26/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကီတိုဒိုင်းယက် စားသင့်မစားသင့်

ကီတို Diet လုပ်နေစဉ် အတွေ့များတဲ့ လက္ခဏာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement