Heterocyclic amines (HCAs)
Heterocyclic amines (HCAs) ဆိုတာကတော့ငါးနဲ့အသားတွေကို အကင်ဖိုပေါ်တင်လိုက်တဲ့အခါ အပူချိန် ၃၀၀ ဒီဂရီဖာရင်ဟိုက်အထက်မှာ ထွက်ရှိလာတဲ့ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်တွေဖြစ်ပါတယ်။HCAsတွေက ဆီးကျိတ်ကင်ဆာ၊ပန်ကရိယကင်ဆာ၊နဲ့အူကင်ဆာတွေဖြစ်လာစေနိုင်တယ်လို့ သုတေသနတွေကပြောကြပါတယ်။
Polycyclic Aromatic Hydrocarbons (PAHs)
အကင်ဖိုထဲကို အသားရဲ့အဆီတွေကျသွားတဲ့အခါ ကာစီနိုဂျင်နောက်တစ်မျိုးဖြစ်တဲ့ Polycyclic Aromatic Hydrocarbons (PAHs)ဖြစ်လာပါတယ်။PAHsတွေက မီးခိုးငွေ့နဲ့အတူအကင်မှာကပ်ပါလာပြီး စားမိတဲ့အခါ အစာအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းပိုများစေပါတယ်။ ဒါ့ကြောင့် အကင်ကိုတူးနေတာတွေမစားသင့်တာပါ။ မီးဖိုနဲ့မဟုတ်ဘဲ အကင်အိုးနဲ့ကင်စားမယ်ဆိုလည်း သိပ်မတူးစေဖို့ဂရုစိုက်သင့်ပါတယ်။
ငါးကင်၊ အသားကင် မှန်သမျှဟာ နယ်ရနှပ်ရတဲ့အထဲ အငန်ဓါတ်ပါဝင်မှုများပါတယ်။ အငန်ဓါတ်ပိုစားမိတာများရင်သွေးတိုးရောဂါ၊ရေဓါတ်ခန်းခြောက်ခြင်းနဲ့ နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။ ကိုယ့်မှာကျောက်ကပ် သို့မဟုတ် နှလုံးရောဂါရှိထားတယ်ဆိုရင် ပိုသတိထားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။