backup og meta

တင်ပါးအကြောနာခြင်းကို သက်သာစေမည့် အစားအသောက်များ

လူတိုင်းလိုလို တင်ပါးအကြောနာခြင်းကို ဘဝမှာ ကြုံတွေ့ဖူးပါလိမ့်မယ်။ တင်ပါးအကြောနာခြင်းရဲ့ လက္ခဏာတွေကတော့ ခါးနာခြင်း၊ ခြေထောက်နာခြင်း၊ ထုံခြင်း၊ ကျင်ခြင်း၊ အားနည်းခြင်း၊ လမ်းလျှောက်ခက်ခြင်း စသည်တို့ ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားသော ဆေးများအပြင် အိမ်တွင် ရှိသော နည်းလမ်းများ သုံး၍ လက္ခဏာများ သက်သာအောင် လုပ်နိုင်ပါတယ်။ သည်ဆောင်းပါးမှာ သင့်တော်သော အစားအစာများ နဲ့ ဗီတာမင်အုပ်စုများကို ဖေါ်ပြသွားပါမယ်။

တင်ပါးအကြောနာခြင်းကို သက်သာစေမည့် အစားအသောက်များ

ဗီတာမင် ဘီစစ်

ဗီတာမင် ဘီစစ် ခေါ် pyridoxine တွင် တင်ပါးအကြောနာခြင်း၊ ထုံကျင်ခြင်း၊ လက္ခဏာများကို သက်သာစေပြီး သွေးနီဥထုတ်ပေးခြင်း၊ အသားဓါတ်ထုတ်ပေးခြင်း၊ အာရုံကြောများကို ထောက်ပံ့သော ဒိုပါမင်း နှင့် စီယိုတိုနင် တို့ကို ထုတ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပါတယ်။ ထို့ပြင် ခန္ဓါကိုယ် တစ်ခုလုံးရှိ အာရုံကြောများ ရောဂါဖြစ်နိုင်ချေကို နည်းစေပါတယ်။ အာရုံကြော လှုပ်ရှားမှု သတင်းပေးရာမှ လည်း လုပ်ဆောင်ပေးပါတယ်။

ဗီတာမင် ဘီစစ် ကို ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ ပဲထောပါတ်၊ ပဲတောင့်၊ ပဲနို့ရည်၊ ဂျုံ စသည်တို့တွင် တွေ့နိုင်ပါတယ်။

ဗီတာမင် ဘီ နိုင်း

ဗီတာမင် ဘီ နိုင်း ခေါ် folic acid သည် သွေးနီဥများ ထုတ်လုပ်ခြင်း၊ ဆဲလ်များ ထုတ်လုပ်ခြင်း၊ DNA ထုတ်လုပ်ခြင်း၊ ကြွက်သားများ အလုပ်လုပ်နိုင်ခြင်း၊ တင်ပါးအကြောနာခြင်းကိုသက်သာစေခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။ ထို့ပြင် တင်ပါး အကြောကို မထိခိုက်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်စဉ် သန္ဓေသား၏ အာရုံကြော ဖွံ့ဖြိုးမှု ၊ အာရုံကြောပင်မကြီး ဖြစ်ပေါ်မှု တို့ကို လုပ်ဆောင်ကူညီပါတယ်။

ဗီတာမင် ဘီ နိုင်း များသော အစားအစာများမှာ ပဲမျိုးစုံ၊ အနှံအပြောင်းများ၊ မှို၊ ဂေါ်ဖီစိမ်း၊ လိမ္မော်ရည်၊ ထောပတ်သီး၊ တိရစ္ဆာန် အသည်း စသည်တို့ဖြစ်ပါတယ်။

ဗီတာမင် ဘီ 12

ဗီတာမင် ဘီ 12 ကို ဂဏန်း၊ ပုဇွန်ထုတ်၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ အမဲသား၊ အသည်း၊ ချိစ်၊ ကြက်ဥ စသည်တို့တွင် တွေ့နိုင်ပါတယ်။

ဗီတာမင် ဘီ 12 ခေါ် cobalamin သည် အာရုံကြောများ လုပ်ဆောင်ရည်ကို တက်စေပြီး ပျက်စီးနေသော အာရုံကြောများကို ပြုပြင်ခြင်း၊ ဆဲလ်များ ထုတ်လုပ်ပေးခြင်း၊ ကြွက်သားများ တောင့်တင်းခြင်းကို ကာကွယ်ပေးခြင်း၊ ကြွက်သားများကို ကောင်းစွာ အလုပ်လုပ်စေခြင်း၊ သန်မာစေခြင်း၊ အာရုံကြောများ ရောင်ရမ်းခြင်းကို နည်းစေခြင်း၊ ခါးနှင့် ခြေထောက် အာရုံကြောများနာကျင်ခြင်းကို လျော့နည်းစေခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။

ဗီတာမင် စီ

‘vitamins and mineal demystified’ စာရေးဆရာ Steve Blake အရ ဗီတာမင် စီ ကို ကိုယ်ခံအားစနစ် တက်စေခြင်း၊ တင်ပါးအာရုံကြောနာကျင်ခြင်း ကိုကာကွယ်ပေးခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။ ခန္ဓါကိုယ် ရေဓါတ်ဖြည့်တင်းခြင်း၊ တင်ပါး အာရုံကြောု နာကျင်ရောင်ရမ်းခြင်းကို လျော့နည်းစေခြင်း၊ အာရုံကြောစနစ်ကို မြင့်တင်ပေးခြင်း၊ အနာများကို ကျက်စေခြင်း စသည်တို့ကိုလည်း လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် စီ ကို အသီးများ ဖြစ်တဲ့ လိမ္မော်သီး၊ နာနတ်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ချယ်ရီ ၊ စသည်တို့တွင် တွေ့နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

06/01/2022

Dr.Nyan Linn မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Nyan Linn မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/01/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ