backup og meta

သင်ဘာလို့ Detox Water သောက်ဖို့ မလိုအပ်တာလဲ

“Detox လုပ်တယ်၊ Detox လုပ်တယ်” ဆိုတဲ့စကားကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေလို၊ အကျိုးမပြုတဲ့ ဓာတ်တွေလို မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားပစ်ပေးတဲ့ နည်းလမ်းတစ်မျိုးပါ။

သင်ဘာလို့ Detox Water သောက်ဖို့ မလိုအပ်တာလဲ

အကြမ်းဖျဉ်းအားဖြင့်တော့ Detox Water ကို ပုံမှန်မှီဝဲမယ်ဆိုရင်

ဒါကြောင့်လည်း ကိုယ်အလေးချိန် မြင့်မားသူတွေ၊ အသားအရည် ကြည်လင်လှပလိုသူတွေဟာ Detox cleanses လုပ်ကြလေ့ရှိပါတယ်။ Detox Water သောက်သုံးတာဟာ အထက်မှာဖော်ပြခဲ့သလို ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ နည်းလမ်းဆိုတာ မှန်ပါတယ်။

ဒါပေမယ့် လူတိုင်းဟာ မဖြစ်မနေ Detox လုပ်ဖို့လိုအပ်တယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိပါဘူး။ Detox Water ၊ Lemon Detox ဒါမှမဟုတ် Master Cleanse လုပ်မှ ခန္ဓာကိုယ်သန့်စင်မယ်လို့လည်း မှတ်ယူထားလို့ မရပါဘူး။

နောက်ပြီး Detox Water ဟာ ချင့်ချင့်ချိန်ချိန်ပမာဏမျိုးနဲ့ စွဲမြဲမှီဝဲရတာမျိုးပါ။ ခုပိန်ချင်လို့ ခုထသောက်ပြီး နောက်တော့ မေ့ပစ်လိုက်တာမျိုးလုပ်ရတဲ့ နည်းလမ်းမဟုတ်ပါဘူး။ လူသိနည်းတဲ့ အချက်တချို့ ရှိနေပါတယ်။ အဲ့ဒါကတော့ မလိုအပ်ပဲ Detox လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ ကျန်းမာနေမှုကိုပါ ပျက်ယွင်းစေနိုင်တယ်ဆိုတာပါပဲ။

ဆေးပညာရှင်တွေရဲ့ အဆိုအရတော့ လူတွေဟာ Detox Water ကို ဖြတ်လမ်းနည်းတစ်ခုလို အသုံးချနေကြတယ်လို့ ဆိုပါတယ်။ အမှန်တကယ် ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေ၊ Diet လုပ်ဖို့လိုအပ်ချက်တွေကို Detox လုပ်ပြီး အစားထိုးချင်ကြတာဖြစ်ပါတယ်။

မှားယွင်းတဲ့ ယူဆချက်တစ်ခုလို့ ဆိုရမှာပါပဲ။ ဘာကြောင့်လဲ ဆိုတာကို ကြည့်ရအောင်။

ခန္ဓာကိုယ်မှာ Detox လုပ်နိုင်စွမ်းရှိပြီးသား

Detox လုပ်ဖို့ Detox Water အမြဲမလိုပါဘူး။ လူတွေရဲ့ ခန္ဓာကိုယ်မှာကိုက Detox လုပ်နိုင်စွမ်းပါရှိပြီးသားပါ။ လူအမြောက်အများဟာ ဒီအချက်ကို မသိပဲ Detox Water အလွန်အကျွံသောက်တာမျိုး၊ Detox အလွန်အကျွံလုပ်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလိုပြုလုပ်တာဟာ ခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုးတွေသာ ပေးမှာဖြစ်ပါတယ်။ Detox လွန်သွားခဲ့ရင် အိပ်မပျော်တာနဲ့ ပူပင်သောကများတဲ့ စိတ်ဝေဒနာ (Anxiety) ဖြစ်နိုင်ခြေတွေ ပိုတိုးမြင့်လာတတ်ပါတယ်။

အာဟာရပြည့်ဝစွာ စားသောက်ပြီး တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် Detox Water မသောက်လည်း ခန္ဓာကိုယ်ကို အထောက်အကူဖြစ်စေပါလိမ့်မယ်။

ရေတွေအများကြီးသောက်မိနေတာကလည်း မကောင်းဘူး

တစ်နေ့တစ်နေ့ Detox Water တွေချည်း အလွန်အကျွံသောက်သုံးတာဟာ ခန္ဓာကိုယ်မှာ ရေဓာတ် အလွန်အကျွံဖြည့်ဆည်းမိစေနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်ဟာ ရေဓာတ်ကို မြင့်မားစွာ လိုအပ်တာမှန်ပေမယ့် လိုတာထက်ပိုလာမယ်ဆိုရင်လည်း သွေးထဲမှာ ဆိုဒီယမ်ဓာတ် အလွန်နည်းသွားတတ်ပြီး Hyponatremia လိုဝေဒနာမျိုး ခံစားရစေနိုင်တာကို သတိထားရပါမယ်။

အော့အန်တာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ စိတ်ရှုပ်ထွေးတာ၊ ပင်ပန်းတာ၊ ကြွက်တက်တာ၊ လေသင်တုန်းဖြတ်တာနဲ့ ကိုမာဝင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတ်မှတ်ပမာဏမျိုးနဲ့ ပုံမှန်သာ သောက်သုံးသင့်ပါတယ်။

အစာမစားတာက အဖြေလား?

Detox လုပ်ရာမှာ တစ်ချို့က Water Detoxing ဆိုတဲ့ နည်းလမ်းကို သုံးပါတယ်။ တစ်နေကုန်အစာမစားပဲ ရေချည်းသောက်တာပါ။ ယုံကြည်သူတွေကတော့ ဒီနည်းလမ်းဟာ အလွန်ထိရောက်ပြီး အစာအိမ်အတွင်းမှာ နှစ်ပေါင်းများစွာ ခိုအောင်းနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။

တကယ်တမ်းမှာတော့ ဒီလိုနည်းလမ်းတွေဟာ မှန်ကန်တဲ့ အကျိုးကျေးဇူးတွေကို မဖြစ်စေနိုင်ဘူးလို့ အာဟာရဗေဒပညာရှင်တွေကဆိုပါတယ်။ Detox လုပ်မယ်ဆိုရင်တောင် Detox Water ထဲမှာ အရသာတစ်စုံတစ်ရာ ပါဝင်နေဖို့ လိုအပ်သလို အစားအစာကိုလည်း မျှတစွာ မှီဝဲဖို့ လိုအပ်ပါတယ်တဲ့။

ကျန်းမာဖို့က အရေးအကြီးဆုံး

“Food and Mood,” စာအုပ်ကိုရေးသားတဲ့ ဒေါက်တာ အီရင် စတဲယားက ပြောဖူးတယ်။ လူအများအပြားဟာ Toxin ဆိုတာ ဘာမှန်းမသိပဲ Detox လုပ်နေကြ၊ ခန္ဓာကိုယ်ကနေဖယ်ရှားဖို့ ကြိုးပမ်းနေကြပါတယ်တဲ့။

Detox လုပ်ပြီး အဆိပ်အတောက်တွေကို ဖယ်ရှားတာထက်ပိုကောင်းတဲ့နည်းလမ်းက ကိုယ်လက်ရှိသောက်သုံးနေတဲ့ ဆေးလိပ်တွေ၊ အရက်တွေကို ဖြတ်၊ အဆီအဆိမ့်တွေစားတာကို ရပ်လိုက်ရုံပါပဲတဲ့။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ၃၆၅ ရက်လုံး Detox လုပ်နေလည်း အဆိပ်အတောက်က ကိုယ်တွင်းမှာရှိနေမှာပါလို့ ဒေါက်တာ စတဲယားကဆိုပါတယ်။

အစားကို အာဟာရပြည့်အောင်စား၊ လေ့ကျင့်ခန်း မှန်မှန်လုပ်၊ အိပ်ရေးဝဝအိပ်၊ ရိုးရိုးရေကိုပဲ လုံလောက်မျှတစွာသောက်သုံးမယ်ဆိုရင် Detox လုပ်ပေးနေမှာဖြစ်တာမို့ ပြင်ပက ဘာမှမလိုအပ်တော့ပါဘူးတဲ့။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health-news/better-off-not-doing-a-detox#6

https://www.healthline.com/health/lemon-water-detox-the-truth#supposed-detox-benefits

https://kidshealth.org/en/teens/detox-diets.html#:~:text=Instead%2C%20they%20think%20toxins%20hang,tiredness%2C%20headaches%2C%20and%20nausea.

https://www.healthline.com/nutrition/detox-water-101#section3

ယခုပုံစံ

27/06/2022

Ye Zon Aung မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေကိုကြည်လင်စေမယ့် Detox Water ဘယ်လိုလုပ်မလဲ

အဆီကျစေမယ့် Detox Waterတွေ ကိုယ်တိုင်လုပ်မယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ