Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy
မနက်ပိုင်းမှာ အချိန်မရရင်တောင်မှ သင့်မနက်စာကို မစားဖြစ်ဘဲ အပြင်ထွက်တာမျိုး မလုပ်ရပါဘူး။ အခုပြောမှာကတော့ မြန်ဆန်ပြီး အာဟာရဓါတ်ပြည့်တဲ့ မနက်စာနဲ့အတူ သင့်ရဲ့တနေ့တာလုံးကို အင်အားဖြစ်သွားစေမယ့် နည်းလမ်းအချို့ပါပဲ။
မနက်စာကို အိမ်မှာပြင်ဆင်နိုင်ဖို့ သင့်ရဲ့မီးဖိုချောင်ကို ကျန်းမာရေးအထောက်အကူပြုတဲ့ စားစရာတွေနဲ့ ဖြည့်ထားပါ။ အောက်ပါစာရင်းမှ စာစရာတွေကို လက်တကမ်းမှာထားပြီး အချိန်မရွေး ယူငင်စားသုံးနိုင်ပါတယ်။
၁။ ပန်းကန်လုံးထဲကို ကြက်ဥတလုံးဖောက်ထည့်ပြီး နို့တဇွန်းစာထည့်ပါ။ ကြက်သွန်ဖြူမှုန့်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပါ။ မက္ကရိုဝေ့မီးဖိုထဲမှာ တစ်မိနစ် (သို့) ကြက်ဥကျက်တဲ့အထိထားပါ။ ဆော့အနည်းငယ်ဖြူးပြီး အဆီနည်းတဲ့ ချိစ်တမျိုးမျိုးတဇွန်းခန့် ထည့်ပါ။ ပေါင်မုန့်ကြမ်းအနည်းငယ်လှီးပြီး မာဂရင်းထည့်ပါ ဒါမှမဟုတ် အသီးတမျိုးမျိုးနဲ့ ပေါင်းစပ်ပြီး စားသုံးပါ။
၂။ အထက်ပါနည်းအတိုင်း ကြက်ဥကိုမွှေကြော်ပါ။ ပြီးရင် ဂျုံနံပြားထဲထည့်ပြီး ငရုတ်ကောင်းမှုန့်၊ ခရမ်းချဉ်သီးတို့နဲ့ တွဲဖက်စားပါ။ ဆော့ပူပူအနည်းငယ်ထည့် ခဲပတ်နဲ့လိပ်ပြီး သင်သွားရာကို ယူသွားနိုင်ပါတယ်။
၃။ ဂျုံမှုန့်ကြမ်းပန်းကန်လုံး တလုံးခန့်ကို အဆီနည်းတဲ့နို့ ခါက်တဝက်ခန့်နဲ့ ရောပါ။ ဘယ်ရီသီးရောပါ။ ကစီဓါတ်သိပ်မပါအောင် အချိုမပါတဲ့ နို့ ဒါမှမဟုတ် ပဲနို့သုံးပါ။ ပုံမှန်နွားနို့ထက် ကစီဓါတ်ရော ကယ်လိုရီပါနည်းအောင် ဖြစ်ပါတယ်။
၄။ အဆီမပါတဲ့ ဒိန်ချဉ်ခွက်တဝက်ခန့်၊ အဆီနည်းတဲ့နို့ ၂ဇွန်းခန့်၊ အေးခဲထားတဲ့အသီးခွက်တဝက်စာ စတာတွေကို ရေခဲနဲ့ရောပြိး စက်ဖြင့်ဖျော်ပါ။ သင်သွားရာ ယူသွားနိုင်ပါတယ်။ ပဲစေ့ထောပတ်၊ နှမ်းကြတ်စေ့၊ သစ်ကြမ်းပိုးစေ့ စတာတွေပါ ပေါင်းထည့်နိုင်ပါသေးတယ်။
၅။ ဖျော်စက်မသုံးချင်ရင်တော့ ဒိန်ချဉ်နဲ့ အချိုတည်းစရာလုပ်နိုင်ပါတယ်။ ပန်းကန်ထဲမှာ အဆီမပါတဲ့ ဒိန်ချဉ်ခွက်တဝက်ခန့်တလွှာ၊ ဘယ်ရီသီးခွက်တဝက်ခန့် တလွှာထည့်ပြီး သစ်စေ့များနဲ့ တွဲစားနိုင်ပါတယ်။
၆။ မနက်စာကို မြေပဲထောပတ်၊ ပေါင်မုန့်ကင်လောက်နဲ့ပဲ တင်းတိမ်နိုင်ပါတယ်။ ပေါင်မုန့်ကြမ်း၊ ကိတ်မုန့်ကြမ်းကို မီးကင်ပါ။ မြေပဲထောပတ် တဇွန်း နှစ်ဇွန်းခန့်သုတ်ပါ။ ပန်းသီး၊ ငှက်ပျောသီး စတာတွေကို ပါးပါးလှီးပြီးတော့လည်း ပေါင်းစပ်စားသုံးနိုင်ပါတယ်။
၇။ ဂျုံကြမ်းကို ခခက်တခွက်ရဲ့ လေးပုံတပုံ၊ ရေကို ခွက်တဝက်နဲ့ ဂျုံများကျက်အောင် ကြိုချက်ပါ။ သကြားကြမ်း တစ်ဇွန်း၊ သစ်ကြမ်းပိုးစေ့ထည့်မွှေပါ။ အသီးစေ့လှော် အနည်းငယ်ထည့်ပါ။ ဆန္ဒရှိရင် ပန်းသီး၊ အသီးခြောက် စတာတွေ ထည့်စားနိုင်ပါတယ်။
၈။ အဆီမပါတဲ့ဒိန်ခဲ ခွက်တဝက်ခန့်ကို စည်သွပ်မက်မွန်သီး ခွက်တဝက်ခန့်နဲ့ ရောပါ။ မက်မွန်မကြိုက်ရင် နာနတ်သီး၊ ရက်စ်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ခရမ်းချဉ်သီး စတာတွေ စားနိုင်ပါတယ်။ ဆန္ဒရှိရင် အခွံမာသီး အနည်းငယ်နဲ့ တွဲစားနိုင်ပါတယ်။
အသင့်စားနိုင်မယ့် မနက်စာနဲ့ပဲ အဆင်ပြေနိုင်တဲ့ နေ့တွေ အများကြီး ကြုံနိုင်ပါတယ်။ ကောင်းတာက ယခုအခါမှာ စားသောက်ဆိုင်တေါဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတွေ ရောင်းပေးနေပါတယ်။ တချို့သော ရွေးချယ်စရာတွေကို ဖော်ပြပါမယ်။
ကြက်ဥတလုံး၊ ဒိန်ခဲကို ပေါင်မုန့်ညှပ်ပြီး စားနိုင်ပါတယ်။ ဖြစ်နိုင်ရင် အသီးအရွက်တွေပါ ပေါင်းစပ်စားပါ။ ဝက်သားခြောက်၊ ဝက်အူချောင်းကို ရှောင်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။