backup og meta

ဟင်းသီးဟင်းရွက်နှင့် သစ်စီးဝလံများကို စမတ်ကျကျဝယ်ယူတတ်စေမယ့် နည်းလမ်း ၁၀ မျိုး

အသီးအရွက်လမ်းကြောင်းသို့သွားပါက ဘယ်ဟာဝယ်ရမလဲဆုံးဖြတ်ဖို့ အထူးသဖြင့် သင်ပိုက်ဆံနည်းနေချိန် ဆုံးဖြတ်ရန်ခက်ခဲလှသည်။ အောက်ပါဆယ်ချက်က သင်အသ်းအရွက်ဝယ်ရာတွင် အထောက်အကူဖြစ်စေသော ဆယ်ချက်ကိုဖော်ပြပေးနိုင်သည်။

၁။ ရာသီဥတုအလိုက်စဉ်းစားပါ။

ရာသီဥတုအလိုက်စားသုံးပါ။ ရာသီအသီးအရွက်များက များပြားခြင်း အနံအရသာပြည့်စုံခြင်း ဈေးသက်သာခြင်းတို့ရှိသည်။

၂။ ဈေးချတာကိုကြည့်ပါ။

ဈေးချတာမျိုးရှိတတ်သည်။ သတင်းစာများမှ အရောင်းချခြင်း သို့မဟုတ် ဈေချပေးသောကူပွန်ရှိမရှိကိုရှာဖွေပါ။

၃။ လိုအပ်သည်များကိုချရေးပါ။

ဘာစားရမလဲဆိုတာကို ဇယားလုပ်ခြင်း ချရေးခြင်းတို့ပြုလုပ်သင့်သည်။ ကိုယ်လုပ်ထားသော လိုအပ်သည်များကိုဝယ်ပါ။ မလိုအပ်သည့် အခြားပစ္စည်းများကိုကောက်မထည့်ပါနှင့်။

၄။ ဈေးမဝယ်ခင် စားသောက်ပါ။

ဗိုက်ဆာနေချိန် စူပါမက်ကတ်အတွင်းဝင်ပါက သရေစာ အသင့်စားအစာတို့အပေါ် ပိုက်ဆံပိုသုံးမိတတ်သည်။ ဗိုက်တင်းပြီး ဈေးဝယ်ပါက သင်ပိုက်ဆံကို ကျန်းမာသောအစာအပေါ်ပိုသုံးမိစေနိုင်သည်။

၅။ သိုလှောင်မထားပါနှင့်။

အသီးအရွက်များက ကြာရှည်မခံပါ။ မသိုးခင် အနည်းငယ်ဝယ်ပြီးသာစားသင့်သည်။ သို့သော် ကြာရှည်ခံသောအရွက် ဈေးချနေပါက ပိုက်ဆံချွေတာရန်ဝယ်ထားသင့်သည်။

၆။ ကြိုတင်သွင်းထားသောအသီးများကိုရှာပါ။

ထိုအသီးများကိုလတ်ဆတ်သောအသီးထက်ပိုသက်သာသည်။ သို့သော် တံဆိပ်ကိုသေချာဖတ်ပါ ဆိုဒီယမ်နည်းတာကိုဝယ်ပါ။

၇။ တံဆိပ်ကြည့်ဝယ်ပါ။

အချို့တံဆိပ်က ပိုဈေးသက်သာသော ထုတ်ကုန်တူများထုတ်နိုင်သည်။ မင်ဘာ အလိုက်လျော့ဈေးများရှိပါက ပိုက်ဆံခြွေတာရန် စာရင်းသွင်းထားပါ။

၈။ ရိုးရှင်းခြင်းက အကောင်းဆုံးဖြစ်သည်။

ဆေးမထားသော မလှီးဖြတ်ရသေးသော အသီးများက ဈေးကြီးတတ်သည်။ သို့သော် သင့်ပိုက်ဆံကနည်းနေပါကဖြတ်ထားသောအရွက်က သက်သာစေသည်။

၉။ သင် ဥယျဉ်သင်တည်ဆောက်ထားပါ။

အသီးအရွက်များက စိုက်ရလွယ်ကူသည်။ သခွားသီး ငရုတ်သီး နှင့် ခရမ်းချဉ်သီးတို့က အစပြုစိုက်ရန်လွယ်ကူသည်။ ခြံဝင်းမရှိပါက အိုးအသေးနှင့် စိုက်နိုင်သည်။

၁၀။ ကောင်းစွာချက်ပြုတ်နိုင်ပါသည်။

မချက်ပြုတ်မှီ သေချာပြင်ဆင်မှုများနှင့် သင်လိုအပ်ချိန်တွင်စားနိုင်ရန် ရေခဲထားပါ။ ကျန်နေသော အရွက်များကို စွပ်ပြုတ်လုပ်သောက်ပါ။ အမှည့်လွန်နေသော အသီးကို ဖျော်ရည်လုပ်သောက်ပါ။

ပိုက်ဆံဘယ်လောက်နည်းပါစေ များပါစေ အသီးအရွက်အနည်းငယ်ထည့်နိုင်သည်။ ကျန်းမာသောဟင်းသည် အသီးအရွက် ဈေးကြီးစရာမလိုပါ။ အထက်ပါအချက်များက သင်ပိုက်ဆံကိုမထိခိုက်စေပဲ အသီးအရွက်စားရန် အထောက်အကူပြုလုပ်မည်ဟုမျော်လင့်ပါမည်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 tips for affordable vegetables and fruits. https://www.choosemyplate.gov/ten-tips-smart-shopping Assessed November 5, 2016

ယခုပုံစံ

01/02/2022

Nadi မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Nadi မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement