backup og meta

လိမ္မော်သီးထက် ဗီတာမင် စီ ပိုပါသော အစားအသောက် ၅ မျိုး

လိမ္မော်သီးထက် ဗီတာမင် စီ ပိုပါသော အစားအသောက် ၅ မျိုး

ကျန်ုပ်တိုငယ်စဉ်က မိဘများ ဗီတာမင်ပြည့်ဝစွာပါသောအသီးအရွက်များစားရန် ပြောသည်ကိုခဏခဏကြားဖူးပေလိမ့်မည်။ လူအတောမများများက ဖျားခြင်းကာကွယ်ရန်သံပရာသီးသို့မဟုတ် လိမော်သီးတစ်ခွက်သောက်မှုကိုပိုကြိုက်တတ်သည်။ တနေ့တနေ့ ဗီတာမင်စီ ၇၅ဂရမ် စားရန်သဘာဝပစ္စည်များမှစားသုံးရန်လိုအပ်သည်။ဥပမာ ဗီတာမင်စီပြည့်ဝသောလိမ္မော်သီး တစ်ကဒ်( ၉၈မီလီဂရမ်)။ သို့သော် လိမော်သီးထက် ဗီတာမင်စီပိုပေးနိုင်သောအခြား အသီးအရွက် ငါးမျိုးရှိသေးသည်။

၁။ ငရုတ်ပွသီး။

နေ့တိုင်းစားဖို့အရသာရှိခြင်းအရောင်လှခြင်(သုံးမျိုး အနီ အဝါ နှင့်အစိမ်း)အနံကအလွန်ကောင်း

နာမည်ကြီးအစားလည်းဖြစ်သည်။ ငရုတ်ပွသီးအနီတစ်ခွက်တွင် ၁၉၀မီလီဂရမ်နည်းပါးပါဝင်ပြီး လိမော်သီးထက် သုံးဆခန့်ပိုများသည်။ အဝါရောင်တွင် ၁၅၅ မီလီဂရမ် ဗီတာမင်စီပါဝင်သည်။ အစိမ်းရောင်က အခြားနှစ်ခုထက်ပါဝင်မှုပိုနည်းသည်။ သို့သော် လိမော်သီးတစ်ခွက်ထက် ၃၀%ထက်ပိုများသည့် ၁၂၀မီလီဂရမ်ကိုပေးစွမ်းနိုင်သည်။။

ထိုပြင် ဗီတာမင်အေ နှင့်အမျှင်ဓါတ်များစွာလည်းပါဝင်ပြီး သင်ကျန်းမာရေးကောင်းစေရုံမက အခြားရောဂါများကိုလည်းကာကွယ်ပေးနိုင်သည်။

၂။ သင်္ဘောသီး။

အရသာကောင်းပြီးချိုသည်။ ထိုအသီး အကြီးတစ်စိတ်က ၂၃၈မီလီဂရမ်ဗီတာမင်စီပါဝင်သည်။ အစိမ်းစားလဲရသည် ဖျော်ရည်လည်းလုပ်သောက်နိုင်သည်။ သင်္ဘောသီးတွင် အမျှင်ဓါတ်နှင့် ဗီတာမင်အေလည်းများစွာပါဝင်သည်။ သင်္ဘောသီးတစိတ် နေ့တိုင်းစားခြင်းက သင်အရေပြားကိုလှစေခြင်း သန့်စင်စေသခြင်း ဆံပင်သန်စေခြင်း အရိုးသန်မာစေခြင်နှင့်အစာချေစနစ်ကိုကောင်းစေသည်။

၃။ အစိမ်းရင့်ရောင်အရွက်များ(ဥပမာ ကိုက်လန်)

ကိုက်လန်တစ်ခွက် အသုပ်တစ်ပွဲတွင် ၈၀.၄ မီလီဂရမ်ဗီတာမင်စီပါဝင်သည်။

ထိုအရွက်တွင် ဖက်တီးအက်စစ် သတ္ထုဓါတ်နှင့် ဗီတာမင်၇ဆ ဗီတာမင်အေ ၂ ဆပါဝင်သည်။ နှစ်ခွက်က ၁၅၀မီလီဂရမ် ဓါတ်တိုးဆန့်ကျင်သောပစ္စည်းပါဝင်သည်။ ထို့ပြင် ၇၀၀ဂရမ် ပိုတက်စီယမ်နှင့် ၇ ဂရမ်အမျှင်များလည်းပါဝင်သည်။ ဗီတာမင်စီကိုအခြား အစိမ်းရင်ရောင်အရွက်များ လှီးထားသောအသီးအရွက်တစ်ခွက်တွင်ဥပမာ မှန်လာဥဝါ(၅၅%) ဟင်းရွက် (၁၈%) ဟင်းနုနွယ်(၁၄%)ပါဝင်သည်။

၄။ ဘယ်ရီသီးများ။

အပြင်ကောအတွင်းပါ လှသောအသီးများနှင့်ရင်းနှီးပြီးသားဖြစ်လိမ့်မည်။ လေ့လာချက်များအရ စတော်ဘယ်ရီသီးတွင် လိမော်သီးအလတ်တွင်ပါဝင်သော ဗီတာမင်စီ ၉၈မီလီဂရမ်ပါဝင်သည်။ ထိုပြင် ရပ်စ်ဘယ်ရီက ၅၄% ဘလူးဘယ်ရီက ၂၄% ဘလက်ဘယ်ရီက ၅၀%ပါဝင်သည်။ အစိမ်းစားခြင်း ဖျော်ရည်လုပ်သောက်ခြင်း အလှအပအတွက်စားသုံးခြင်းလုပ်နိုင်သည်။

၅။ ပန်းမုန်လာမျိုး။

အဆုံးမဟုတ်သော်လည်း နောက်ဆုံးအနေနှင့်ပြောရသော် ထိုအရွက်က ၁၃၂ မီလီဂရမ်ပါဝင်သည်။ အမျှင်ဓါတ်များစွာလည်းပါဝင်သောကြောင့် ဝမ်းချုပ်ခြင်း ကင်ဆာဖြစ်ခြင်းကိုလည်းကာကွယ်ပေးနိုင်သည်။ မုန်လာထုပ်တွင်ဗီတာမင်စီပြည့်ဝခြင်းကိုတွေ့နိုင်သည်။ မုန်လာထုပ်တွင် ၁၂၃% ပန်းဂေါ်ဖီထုပ်တွင် ၉၄% အနီရောင်ပန်းဂေါ်ဖီထုပ်တွင် ၈၆% နှင့် ဂေါ်ဖီတွငင် ၆၀% ပါဝင်နိုင်သည်။

လိမော်သီးသာမကအခြားချဉ်သောအသီးများအပြင် ဗီတာမင်များသောအစာများသင့်နေ့စဉ်စားသောက်မှုတွင်ထည့်သွင်းစားသုံးနိုင်မည်ဟုမျော်လင့်ပါသည်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Best of vitamin C. http://www.fruitsandveggiesmorematters.org/vitamin-c-in-fruits-and-vegetables. Accessed November 6, 2016.

What to eat for healthy hair.http://www.bbcgoodfood.com/howto/guide/what-eat-healthy-hair. Accessed November 6, 2016.

Vitamin C. http://www.whfoods.com/genpage.php?tname=nutrient&dbid=109. Accessed November 6, 2016.

ယခုပုံစံ

01/02/2022

Nadi မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement