backup og meta

ဓါတ်ရောင်ခြည်ကုသစဉ် ကျန်းမာသောအာဟာရ ရရှိရန် အကြံပြုချက်၅မျိုး


Dr. Kaung Thar မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓါတ်ရောင်ခြည်ကုသစဉ် ကျန်းမာသောအာဟာရ ရရှိရန် အကြံပြုချက်၅မျိုး

    ဓါတ်ရောင်ခြည်ကုသစဉ် ကျန်းမာသောအာဟာရ ရရှိရန် အကြံပြုချက်၅မျိုး

    ကင်ဆာဆဲလ်များကို ဓါတ်ရောင်ခြည်နှင့် သတ်နေစဉ်တွင် ၎င်းမှ သင့်ခန္ဓါကိုယ်ကိုလည်း ထိခိုက်နိုင်ပါသည်။ ဓါတ်ရောင်ခြည်က သင့်ခန္ဓါကိုယ်ကအာဟာရများကို စုပ်ယူသည့် နည်းလမ်းကို ပြောင်းလဲစေပါသည်။

    အောက်တွင် ဓါတ်ရောင်ခြည်နှင့် ကုသစဉ် ကျန်းမာသောအာဟာရ ရရှိရန် အသုံးပြုနိုင်သည့် နည်းလမ်း၅မျိုးရှိပါသည်။

    ၁။ သင့်ခန္ဓါကိုယ်ကို ဂရုစိုက်ပါ။

    ဓါတ်ရောင်ခြည်၏ သက်ရောက်မှုသည် လူတစ်ယောက်နှင့်တစ်ယောက် မတူပါ။ အချို့လူများတွင် သိသာသောပြောင်းလဲမှု မတွေ့ရသော်လည်း အချို့လူများတွင် ဆိုးဝါးသောဆိုးကျိုးများဖြစ်သည့် အန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ရင်ပြည့်ခြင်း၊ ပါးစပ်အနာဖြစ်ခြင်းနှင့် မျိုရခက်ခြင်းတို့ကို တွေ့ကြုံရသည်။

    သင့်ခန္ဓါကိုယ် ဘယ်လိုခံစားရသလဲပေါ်မူတည်ပြီး စားသည့်အလေ့အကျင့်ကို ညှိဖို့လိုအပ်သည်။ အချို့က အရသာရှိသောအစားအစာပဲစားနိုင်ချိန်တွင် အချို့က အဖြူထည်ကိုပိုကြိုက်ကြသည်။ သင်အရသာတွေ့သည်အတိုင်းစားပါ။

    ၂။ သင့်ရေခဲသေတ္တာထဲမှာ အပြည့်သိုလှောင်ထားပါ။

    အော်ဂဲနစ်နှင့် ကျန်းမာသောအစားအစာများကို ဝယ်သွားပါ။ ကျန်းမာသော အစားအစာများပြင်ဆင်ကာ ရေခဲသေတ္တာထဲတွင် သင်ဓါတ်ရောင်ခြည် မကုခင်သိမ်းထားပါ။ ဓါတ်ရောက်ခြည်ကုခြင်းက သင့်ကို အစားအစာများမချက်ချင်လောက်အောင် ပင်ပန်းစေပါလိမ့်မည်။

    သင်ပင်ပန်းလာသောအခါ ပြင်ဆင်ထားသော အစားအစာကို အရင်ထက်ပို၍လိုလားနိုင်သည်။ ထို့အပြင် စတိုးဆိုင်တွင် ချက်ပြီးသား အရသာနှင့် လတ်ဆတ်ကောင်းမွန်မှုသေချာသည့် အစားအစာများကိုလည်း ဝယ်နိုင်ပါသည်။

    ၃။ သင့်အစာထဲတွင် အာဟာရများကိုထပ်ဖြည့်ပါ။

    သင့်ခန္ဓါကိုယ် ပြန်လည်ကောင်းမွန်ရန် အာဟာရဓါတ်များလိုအပ်ပါသည်။ အသင့်စားနှင့် ကယ်လိုရီဓါတ်များသော အာဟာရဓါတ်နည်းပါးသည့် အစားအစာများသည် ခန္ဓါကိုယ်ကို မကူညီနိုင်ပါ။

    ကုသမှုတိုးတက်ခြင်းကို နှောင့်နှေးမှု မရှိစေရန် လတ်ဆတ်သန့်ရှင်းသောအစားအစာများကို ပို၍ရွေးချယ်သင့်သည်။ အကယ်၍သင်သည် ဘာစားရမည်ဆိုသည့် အကြံဉာဏ်နည်းနည်းတောင်မရှိလျှင် ကုန်စုံဆိုင်တွင် သွားဝယ်ရမည့်စာရင်းကို အောက်တွင်ရေးသားထားပါသည်။

    · အသီးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ

    · အဆီမရှိသော(သို့) အဆီနည်းသည့် နို့၊ ချိစ်နှင့် ဒိန်ချဉ်

    · ပဲပိစပ်နှင့် အယ်လ်မွန်သီးပါသည့်နို့်

    · ဆန်ညိုလုံးနှင့် quinoaကဲ့သို့သော အစေ့အဆန်များ

    · ပင်လယ်စာ၊ အဆီမပါသောအသား၊ကြက်ငှက်များ။

    ၄။ ကွဲပြားစွာစားသုံးပါ။

    သင်သည်တစ်နေ့လျှင် အစာအုပ်စုကြီး၃မျိုးကိုစားပေးရမည်။ သို့သော် အစာနည်းနည်းနှင့် ခဏခဏစားပေးခြင်းကပို၍ ကောင်းပါသည်။ အထူးသဖြင့်ဓါတ်ရောင်ခြည်သည် အစာချေဖျက်ခြင်းကို ခက်ခဲစေပါသည်။ သတ်မှတ်ထားသည့် အစာစားချိန်မရှိပါ။ သင်စားချင်သည့် အချိန်တွင် စားပေးပါ။

    ၅။ ရေဓါတ်ပြည့်ဝအောင်နေပါ။

    အကယ်၍ ရေသည်သင့်အတွက် အရသာမရှိပါက စွပ်ပြုတ်(သို့) သစ်သီးဖျော်ရည်များတွင် ရေများပိုထည့်၍ ကြိုးစားနိုင်ပါသည်။ ဓါတ်ရောင်ခြည်ကုသမှု၏ အဖြစ်များသောဆိုးကျိုးမှာ ဝမ်းလျှောခြင်းဖြစ်သည်။ ရေအများအပြားသောက်ပေးခြင်းက သင့်ခန္ဓါကိုယ်ကို သန်မာအောင် ကူညီပေးနိုင်သည်။

    ရေပုလင်းကြီးကြီးတစ်ပုလင်း(သို့) သစ်သီးဖျော်ရည်များထားပေးပါ။ သို့မှသာ သင်လိုချင်သည့် အချိန်တွင် သောက်နိုင်မည်ဖြစ်သည်။

    ဓါတ်ရောင်ခြည်ကုသနေစဉ် သင့်ကျန်းမာမှုတွင် အစားအသောက်အကျင့်များက အရေးကြီးသည့်ကဏ္ဍမှပါဝင်သည်။ ကံကောင်းစွာဖြင့် အထက်ပါအကြံပြုချက်များသည် ဓါတ်ရောင်ခြည်ကုသနေစဉ် ကျန်းမာသော အာဟာရ ရရှိပြီး ဆိုးကျိုးနည်းနည်းနှင့် ကုသမှုကို ဖြတ်သန်းနိုင်အောင်ကူညီပေးပါလိမ့်မည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement