backup og meta

ဆယ်ကျော်သက်များ အပျိုဖော်၊လူပျိုဖော်ဝင်ချိန် စားသင့်သော အထူးအစားအစာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်များ အပျိုဖော်၊လူပျိုဖော်ဝင်ချိန် စားသင့်သော အထူးအစားအစာများ

    အပျိုဖော်၊လူပျိုဖော်ဝင်ခြင်းဆိုသည်မှာ ကလေးခန္ဓါကိုယ်မှ အရွယ်ရောက်သူတစ်ဦး၏ ခန္ဓါကိုယ်အဖြစ်သို့ရုပ်ပိုင်းဆိုင်ရာ လျင်မြန်စွာ ပြောင်းလဲလာပြီး မျိုးပွားခြင်း စွမ်းဆောင်နိုင်သော အဆင့်အထိပြောင်းလဲခြင်းကိုဆိုလိုပါသည်။ဤအချိန်တွင် ဆယ်ကျော်သက်တစ်ဦး၏ ခန္ဓါကိုယ်သည် ကယ်လိုရီပိုမိုလိုအပ်လာပြီး အခြားအာဟာရများလည်းလိုအပ်လာပါသည်။

    ကယ်လ်စီယမ်

    လူသားများသည် အသက်ကြီးလာသည်နှင့်အမျှ ခန္ဓါကိုယ်ထဲတွင်ရှိသောကယ်လ်စီယမ်များ ကျဆင်းလာပါသည်။ အပျိုဖော်၊လူပျိုဖော်ဝင်ချိန်တွင် ကလေးများသည် အရိုးနှင့်ကြွက်သားများ ကြီးထွားဖို့အတွက် ကယ်လစီယမ်ပိုမိုလိုအပ်ပါသည်။ အရွယ်ရောက်ပြီးသူများသည် တစ်နေ့လျှင် ကယ်လ်စီယမ် တစ်ထောင့်နှစ်ရာ မီလီဂရမ် လိုအပ်ပါသည်။ ကယ်လ်စီယမ် ပါဝင်သောအစားအစာများမှာ နို့၊နို့ပူတင်း၊ဒိန်ချဉ်၊ချိစ့် စသည်တို့ဖြစ်ပါသည်။ သင့်ကလေးသည် တစ်ရက်လျှင် ကယ်လ်စီယမ်ပါဝင်သော အစားအစာသုံးမျိုး သို့မဟုတ် လေးမျိုးလောက် စားပေးသင့်ပါသည်။

    ပရိုတင်း(အသားဓါတ်)

    အသားဓါတ်သည်ကြီးထွားနေသောတစ်ရှူးများ၊ကြွက်သားများနှင့်အရိုးများအတွက် အရေးပါသော အာဟာရဖြစ်သည်။ ပရိုတင်းကို အသား၊ပဲ ၊ ပင်လယ်စာများတွင် တွေ့နိုင်သည်။ တစ်နေ့လျှင်ပရိုတင်း နှစ်မျိုး သို့မဟုတ် သုံးမျိုးစားသင့်သည်။ သင်သည် အသား၊ကြက်သား၊ဘဲသား စသည်ဖြင့်စားနိုင်သည်။ အကယ်၍သက်သတ်လွတ်စားသူဆိုပါက ပဲ သို့မဟုတ် တို့ဖူးများမှ အသားဓါတ်ရယူနိုင်သည်။

    ဆန်နှင့်ဆက်စပ်ပစ္စည်းများ

    ဆန်တွင် ကယ်လိုရီပမာဏ များစွာပါဝင်သည်။ ကြီးကောင်ဝင်ချိန်တွင် ဆယ်ကျော်သက်များ၏ ခန္ဓါကိုယ်သည် ကယ်လိုရီများစွာလိုအပ်သည်။ ဆယ်ကျော်သက်များသည် တစ်ရက်ကို ထမင်း ခြောက်ကြိမ် မှ ခုနှစ်ကြိမ်လောက် စားသင့်သည်။ ထမင်းနှင့်အလားတူ အစားအစာများစွာရှိသည်။ ဥပမာ-ပေါင်မုန့်၊ခေါက်ဆွဲ၊ဘီစကစ် စသည်တို့ဖြစ်သည်။ ထို့အပြင်အမျှင်ဓါတ်သည်လည်း ပဲ အစာချေ ကျန်းမာရေးစနစ် ကိုတိုးတက်ကောင်းမွန်စေသည်။

    ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများ

    ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများသည် သတ္တုဓါတ်များနှင့် အာဟာရများ၏ အကောင်းဆုံးသော အရင်းအမြစ်ဖြစ်သည်။ ဟင်းသီးဟင်းရွက်မျိုးစုံစားနိုင်သည်။ အစိမ်းရောင်အရွက်ပါသော ဟင်းသီးဟင်းရွက်များသည် ဖောလိတ်ဓါတ် ကိုပေးစွမ်းသည်။ အဝါရောင် သို့မဟုတ် လိမ္မော်ရောင်ရှိသော ဟင်းသီးဟင်းရွက်များသည် ဘီတာကယ်ရိုတင်းကိုပေးစွမ်းသည်။ ချဉ်သောအရသာရှိသည့်အသီးများသည် ဗီတာမင်စီကိုပေးစွမ်းပြီး ကင်ဆာမှကာကွယ်ပေးသည်။

    ရေ

    လူအများစုသည် ရေ၏အရေးပါမှုကို မေ့လျော့လျက်ရှိကြသည်။ ရေသည် ကလေးများ၏ခန္ဓါကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။ ဂတ်စ်ပါသောဖျော်ရည်များနှင့် အယ်လ်ကိုဟော ပါသောသောက်စရာများသည် ခန္ဓါကိုယ်တွင် ကယ်လိုရီများပိုမိုများပြားစေပြီး အဆိပ်တောက်ဖြစ်ပေါ်စေနိုင်သည်။

    အခြားအာဟာရများ

    သံဓါတ်

    သံဓါတ်သည်မိန်းကလေးများအတွက် အထူးအရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် အပျိုဖော်ဝင်သောမိန်းကလေးများသည် ရာသီလာခြင်းဖြစ်စဉ်မှ တစ်ဆင့် သံဓါတ်ဆုံးရှုံးပြီး သွေးအားနည်းရောဂါ ခံစားနိုင်ရသောကြောင့်ဖြစ်သည်။ အသားသည် သံဓါတ်၏အရင်းအမြစ်ဖြစ်သည်။ ဆယ်ကျော်သက်မိန်းကလေးများသည် အသားကိုပုံမှန်စားသုံးသင့်သည်။ သံဓါတ်အားဖြည့်ဆေးများ သောက်ခြင်းဖြင့်လည်း မိန်းကလေးများအတွက်အပျိုဖော်ဝင်ချိန်အတွင်း လုံလောက်သော သံဓါတ်ပမာဏရရှိစေနိုင်သည်။

    ဇင့် (zinc)

    ဇင့်ဓါတ်ကို ဝက်သား၊ အဆီမပါသော အသားများနှင့် အာဟာရထပ်ဖြည့်ထားသော စီရီယယ်များတွင် တွေ့နိုင်သည်။ လူပျိုဖော်ဝင်စ ဆယ်ကျော်သက်များသည် တစ်နေ့လျှင် ဇင့်ဓါတ် တစ်ဆယ့်တစ်မီလီဂရမ် လိုအပ်သည်။ အပျိုဖော်ဝင်စမိန်းကလေးများသည် တစ်နေ့လျှင် ဇင့်ဓါတ် ကိုးမီလီဂရမ် လိုအပ်သည်။

    ဖောလစ်အက်ဆစ်

    ဖောလစ်အက်ဆစ်(ဗီတာမင်ဘီ)သည် သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး ဆဲလ်များကိုကြီးထွားစေသည်။ ဗီတာမင်ဘီမရှိပါက စိတ်ဓါတ်ကျခြင်း၊စိတ်ပိုင်းဆိုင်ရာမူမမှန်မှုများ၊ မှတ်ဉာဏ်မူမမှန်မှုများနှင့် မေ့လွယ်သောရောဂါများဖြစ်ပွားစေနိုင်သည်။ ထို့ကြောင့် ဖောလစ်အက်ဆစ်ကို ကလေးများ၏ နေ့စဉ်အစားအစာများတွင် မပါမဖြစ်ပါစေသင့်သည်။ ဖောလစ်အက်ဆစ်ကို အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ၊ချဉ်သောအသီးများ၊ဂျုံပေါင်မုန့်များ၊ပဲများ စသည်တို့တွင်ရရှိနိုင်သည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement