backup og meta

အသားအရေ ကြည်လင်စေမယ့် အစားအစာ ၇ မျိုး

အသားအရေ ကြည်လင်စေမယ့် အစားအစာ ၇ မျိုး

နေ့ရယ်ညရယ်လို့ခွဲခြားပြီး သိလာနိုင်တာ နေရဲ့ကျေးဇူးပါပဲ။ နေကပေးတဲ့ အရေးအကြောင်းတွေအတွက်လည်း လေးလေးနက်နက်ကို ကျေးဇူးတင်ရမလိုပါပဲလေ။ အသားအရည်တွေဟာ နေ့စဉ်နေရောင်ခြည်နဲ့ထိတွေ့နေရတဲ့အခါမှာ ပြင်းထန်စွာထိခိုက်ပျက်စီးသွားနိုင်ပါတယ်။

ခုချိန်မှာတော့ သင်မြင်ရဦးမှာမဟုတ်ပေမယ့် အချိန်တွေကုန်လွန်သွားပြီး တစ်နေ့မှာ သင့်မှာအရေးအကြောင်းတွေ၊ အမဲစက်တွေနဲ့ မျက်နှာတစ်ပြင်လုံးက အသားအရည်တွေလျော့တွဲနေတာကို သင်တွေ့ရမှာပါ။

ဒါပေမယ့် ဒါတွေကြောင့်ပဲ သဘာဝတရားကြီးက နေရောင်ခြည်ကြောင့် အသားအရည်ပျက်စီးတာကို ပြန်လည်တိုက်ခိုက်ပေးနိုင်မယ့် နည်းလမ်းတွေ လက်ဆောင်ပေးထားတယ်ဆိုတာ သိကြရတာပေါ့။ အသားအရည်ကိုကြည်လင်စေမယ့် အစားအစာ ၇ မျိုးကို အောက်မှာဖော်ပြထားပါတယ်။

ပူဒီနာ

လန်းဆန်းစေတယ်မဟုတ်လား။ ယနေ့ခေတ်ရဲ့ သဘာဝစားသောက်ကုန်ထုတ်လုပ်ရေးတွေမှာ ပူဒီနာကို အသုံးများကြပါတယ်။ ပူဒီနာရွက် အနည်းငယ်ပါဝင်တဲ့ ပန်းသီးလက်ဖက်ရည်တစ်ခွက်ဟာ မငြင်းဆန်ရက်စရာပါပဲ။ ပူဒီနာကို သူ့ရဲ့ကုစားပေးနိုင်စွမ်းနဲ့ အေးမြစေတဲ့အစွမ်းတွေကြောင့် လူသိများတာအပြင် သူက သင့်ကိုငြိမ်းချမ်းအေးဆေးမှုကို ခံစားရစေနိုင်တယ်လေ။

ဒါက စိတ်ဖိစီးမှုတွေကို လျှော့ချပေးတဲ့အစားအစာပါပဲ။ ကျွန်တော်တို့အားလုံးဟာလည်း စိတ်ဖိစီးမှုတွေက ဘာတွေပေးနိုင်သလဲ သိနေကြတာမဟုတ်လား။ ဝက်ခြံတွေလေ။

ကန်စွန်းဥ (အာလူး)

ရေဓါတ်ပြည့်နေချင်တယ်ဆိုရင် အထူးသဖြင့်သင့်အသားအရည်ကိုရေဓါတ်ဖြည့်ပေးချင်တယ်ဆိုရင် အာလူးတွေက အကောင်းဆုံးပါပဲ။ အာလူးတွေမှာ ဗီတာမင် အေ တွေပြည့်ဝစွာ ပါဝင်တာကြောင့် လှပတဲ့အသားအရောင်ကိုပိုင်ဆိုင်စေပါတယ်။ မုန်လာဥနီကဲ့သို့သော အရောင်တွေပါဝင်တဲ့အသီးအရွက်တွေဟာလည်း တူညီတဲ့အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်ပါတယ်။

ဟင်းနုနွယ်

၁၉၀၀ပြည့်နှစ်လောက်တုန်းမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ကာတွန်းတွေထဲက နာမည်ကြီးသင်္ဘောသား Popeye ဟာ ဘာလို့ ဟင်းနုနွယ် တွေစားရတာလဲဆိုတဲ့ အကြောင်းပြချက်က ရှိပြီးသားပါ။ ဟင်းနုနွယ်က ပိုသန်မာစေပြီး ကျန်းမာရေးလည်းပိုကောင်းစေလို့ပါ။ သင်လည်းစားသင့်ပါတယ်။

ဟင်းနုနွယ်ဟာ အမျှင်ဓါတ်တွေထုတ်ပေးပြီး အသားအရည်ကြည်လင်စေတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင် တွေလည်း ထုတ်ပေးပါတယ်။ သူက ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကြီးထွားတာကို ကာကွယ်ပေးခြင်းအားဖြင့် အလုံးအကျိတ်တွေဖြစ်ပေါ်လာခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် အသားတွေပိုပြည့်လာတာကြောင့် အရေးအကြောင်းလည်း အနည်းငယ်ပဲရှိတော့မှာပါ။ ရိုးရိုးသားသားပြောရရင်တော့ အစိမ်းရောင်အရွက်တွေကို စားသုံးခြင်းက အလားတူကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

ခရမ်းချဉ်သီး

ဗီတာမင်စီ က အရေပြားအတွက် အရေးကြီးတဲ့ ကော်လာဂျင်ကိုထုတ်ပေးတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးတွေမှာ ဗီတာမင်စီ အမြောက်အများပါဝင်ပါတယ်။ အရေပြားသွေးလည်ပတ်ခြင်းကို လှုံ့ဆော်ပေးတဲ့ Lycopene တွေကလည်း ခရမ်းချဉ်သီးမှာပါဝင်တာကြောင့် အသားအရေကို တောက်ပပြီးဆွဲဆောင်မှုရှိစေပါတယ်။

အနီရောင် စပျစ်သီး

စပျစ်သီးတွေက တကယ်အံ့သြစရာပါပဲ။ အစာစားပြီးတိုင်း စပျစ်သီးအနည်းငယ်စားပေးခြင်းက လိုအပ်တာထက်ပိုမိုစားချင်စိတ်ဖြစ်ခြင်းကိုလျှော့ချပေးပါတယ်။ ဒါ့အပြင် အနီရောင် စပျစ်သီးတွေက အသားအရည်ရောင်ရမ်းခြင်းကို ကုသပေးနိုင်တဲ့ သဘာဝဓါတုပစ္စည်းတွေနဲ့ ဓါတ်တိုးဆန့်ကျင်သတ္တိ တွေရဲ့ စွမ်းအင်ပြည့်အရင်းအမြစ်ဖြစ်ပါတယ်။

တို့ဖူး

တစ်ခါတလေမှာ တို့ဖူးဟာ အသားတွေပဲပါဝင်နေတဲ့ နေ့လည်စာအတွက် အကောင်းဆုံး အစားထိုးဟင်းလျာပါပဲ။ သူ့ရဲ့ကောင်းကျိုးတွေကတော့ အများကြီးပါပဲ။ ပရိုတိန်း၊ ကယ်လ်စီယမ်၊ဓါတ်တိုးဆန့်ကျင် ပစ္စည်း၊ သတ္တုဓါတ်၊သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ကျန်းမာစေသော မပြည့်ဝဆီ အစရှိတာတွေရဲ့ အရင်းအမြစ်ဖြစ်နေတာမျိုးပေါ့။

ဒါပေမယ့် တို့ဖူး ရဲ့အကောင်းဆုံးအချက်ကတော့ အရသာပါပဲ။ ပျော့ပျော့လေးကြော်ထားတဲ့ တို့ဖူးဟာ အကောင်းဆုံးဖြစ်ပြီး စားတဲ့အခါကြွပ်ရွနေကာ တစ်ချိန်တည်းမှာပဲ ကျန်းမာရေးအတွက်လည်း အကောင်းဆုံးဖြစ်နေပါတယ်။

ထောပတ်သီး

ထောပတ်သီးကို လူတွေသိကြတာကတော့ ဗီတာမင် အီး ကြောင့်ပါပဲ။ အသားအရည်တောက်ပအားကောင်းခြင်းကို တိုးတက်စေတဲ့ အဓိကရင်းမြစ်လည်းရှိနေပါတယ်။ ထပ်ပြောရရင် ထောပတ်သီးမှာပါဝင်တဲ့ ဗီတာမင် စီ ဟာ အသားအရည်ကိုပိုမိုကောင်းမွန်စေတဲ့ ကော်လာဂျင်တွေထုတ်ပေးတဲ့နေရာမှာလည်း ကူညီပေးနိုင်ပါသေးတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်နေထိုင်ခြင်းဟာ ကျေနပ်လောက်စရာရလဒ်တွေကို အမြဲပေးပါတယ်။ ဒါကြောင့် နေ့စဉ်စားနေကျအစားအစာတွေကို ချိန်ညှိလိုက်ခြင်းက အချိန်တိုအတွင်း သင့်ကျန်းမာရေးကို ပိုပြီးကောင်းမွန်လာစေပါတယ်။

ဒါ့အပြင် ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အခြားစားစရာတွေလည်းအများကြီးရှိနေပါသေးတယ်။ သင့်အတွက်အကောင်းဆုံးကဘာတွေဖြစ်မလဲဆိုတာကို လေ့လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရေးသားသူ- Wuthun Myat Chal

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

THE TOP 10 FOODS TO BOOST YOUR COMPLEXION https://www.getthegloss.com/article/the-top- 10-foods- to-boost- your-complexion Accessed Date Jul 9, 2017

7 Foods That Clear Your Complexion http://stylecaster.com/beauty/foods-for- clear-skin/“Top 30 Skin Clearing Foods” Accessed Date Jul 9, 2017

13 Foods You Must Have For Perfect Skin https://food.ndtv.com/food-drinks/13-foods-you-must-have-for-perfect-skin-1789975 Accessed Date Jul 9, 2017

7 foods to eat everyday for glowing skin https://food.ndtv.com/webstories/food/7-foods-to-eat-everyday-for-glowing-skin-4753 Accessed Date Jul 9, 2017

How to get glowing skin https://www.medicalnewstoday.com/articles/how-to-get-glowing-skin Accessed Date Jul 9, 2017

ယခုပုံစံ

21/06/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့် အသားအရေ ကို ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝပစ္စည်းများ

အသားအရေထိန်းသိမ်းခြင်းအကြောင်း အများဆုံးမေးတတ်ကြတဲ့ မေးခွန်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement