backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသင့်စားခေါက်ဆွဲတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုလုပ်မလဲ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသင့်စားခေါက်ဆွဲတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုလုပ်မလဲ

အသင့်စားခေါက်ဆွဲကို ကျန်းမာရေးနှင့် ညီညွတ်အောင် ပြုလုပ်နည်းများ

အသက်အရွယ်မရွေး ကလေးကနေ လူကြီးအထိ အသင့်စားလို့ရတဲ့ အစားအသောက်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဈေးလည်းသက်သာတာမို့ အထူးသဖြင့် ကောလိပ်ကျောင်းသားတွေ သိပ်သဘောကျကြပါတယ်။ အလုပ်အရမ်းများလွန်းသူတွေဆိုလည်း ဒီလိုအဆင်သင့်စားလို့ရတဲ့ အစားအသောက်တွေကို ပိုစားဖြစ်တတ်ကြပါတယ်။

ဒါပေမယ့် အာဟာရတန်ဖိုးအရ ကြည့်ရင်တော့ ဒီအစားအသောက်တွေဟာ အာဟာရမပြည့်စဘဲ အဆီ၊ ဆိုဒီယမ်၊ ကြာကြာအထားခံစေတဲ့ ပစ္စည်းတွေနဲ့ သဘာဝမဟုတ်တဲ့ အရောင်ဆိုးမှုတွေ များများပါဝင်နေပါတယ်။ အချိုမှုန့်ရဲ့ အရသာကလည်း စားသုံးသူတွေကို စွဲငြိစေပါတယ်။ ဒါပေမယ့် အဲဒီအသင့်စားခေါက်ဆွဲတွေကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် ခဏခဏစားဖို့ မသင့်တော်ပါဘူး။

ခဏခဏစားမယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ပြီး သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကိုလည်း ဖြစ်စေပါတယ်။ ဒီခေါက်ဆွဲတွေကို ကြိုက်လည်းကြိုက်တယ်၊ ကျန်းမာရေးနဲ့ သင့်တော်အောင်လည်း စားချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို လိုက်နာဖို့လိုပါတယ်။

၁။ ဒီအတိုင်းမစားပစ်ပါနဲ့

ခေါက်ဆွဲထုပ်တွေကို မပြုတ်ဘဲ ချေပစ်ပြီး အမှုန့်နဲ့ရောစားပစ်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ မှားယွင်းတဲ့နည်းတစ်ခု ဖြစ်ပါတယ်။ ပြုတ်ရတာကလည်း ရေနွေးထည့်ပြီး မိနစ်အနည်းငယ်စောင့်လိုက်ရုံနဲ့ ရတာမို့ ပြုတ်ပြီးမှ စားဖို့ပြောလိုပါတယ်။

၂။ အချိုမှုန့်လျှော့စားပါ

ခေါက်ဆွဲထုပ်ထဲမှာ ပါဝင်တဲ့ အချိုမှုန့်က ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ အချိုမှုန့်လျှော့လိုက်ရင် အရသာနည်းနည်းပေါ့ကောင်း ပေါ့သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ဝက်လောက်ပဲ ထည့်စားတာ ကောင်းပါတယ်။ ဒါမှမဟုတ်ရင် သင့်အိမ်မှာလုပ်ထားတဲ့ အမှုန့်တခုခုထည့်ပြီး အရသာရှိအောင် စားနိုင်ပါတယ်။

၃။ ခေါက်ဆွဲစားတာ လျှော့ပါ

ဈေးဝယ်ထွက်တဲ့အခါ ခေါက်ဆွဲထုပ်တွေ အများကြီး ဝယ်မလာပါနဲ့။ တွေ့နေရင် စားမိတတ်လို့ပါ။ ခေါက်ဆွဲအစားများတာက သင့်ကို ဘာကောင်းကျိုးမှမပေးတာ သိစေချင်ပါတယ်။ အစာချေရလည်း ခက်စေပါတယ်။ ဒါကြောင့် တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပဲ စားပါ။

၄။ အာဟာရညီညွှတ်မျှတစွာ စားပါ

ခေါက်ဆွဲမှာ ကာဗိုဟိုက်ဒြိတ်ပါတာကြောင့် တခြားဟင်းသီးဟင်းရွက်၊ ပဲ၊ ကြက်ဥတို့နဲ့ တွဲစားရင် အာဟာရစုံစုံလင်လင် ရနိုင်ပါတယ်။

အဲဒီလိုမှ မလုပ်ချင်ဘူးဆိုရင်လည်း သင့်ဘာသာသင် အိမ်မှာ ခေါက်ဆွဲပြုတ်စားနိုင်ပါတယ်။ အသီးအရွက်နဲ့ အသားတချို့ထည့်ပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာရွေးနိုင်သလို ၄ရက်လောက်လည်း အထားခံပါတယ်။ ဗိုက်ဆာပြီဆိုတာနဲ့ ရေခဲသေတ္တာထဲကနေ ထုတ်ပြီး အဆင်သင့် ပြုတ်စားလိုက်ရုံပါပဲ။

ဒီနည်းလမ်းတွေကတော့ သင်သိပ်ကြိုက်တဲ့ အသင့်စားခေါက်ဆွဲကို ကျန်းမာရေးညီညွှတ်အောင် စားသုံးနိုင်မယ့် နည်းလမ်းကောင်းတချို့ပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement