brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အမျှင်ဓါတ်များတဲ့ အစားအစာတွေကဘာတွေလဲ

အူရောင်ရောဂါ (IBT) တွေဖြစ်တဲ့ Chrohn’s disease, ulcerative colitis, diverticulitis တွေ ရှိနေမယ်ဆိုရင် သင့်ဆရာဝန်က အကြွင်းအကျန် နည်းပါးတဲ့ အစာတွေသာ စားစေမှာ ဖြစ်ပါတယ်။ ဒါဟာ ဘာကိုဆိုလိုပါသလဲ။ အခြေခံကတော့ အစာကြေလွယ်တဲ့အစာတွေကို ဆိုလိုတာဖြစ်ပြီး အစာမကြေတဲ့အရာတွေကိုလည်း ပမာဏလျှော့ချပေးနိုင်တာတွေကို ဆိုလိုတာဖြစ်ပါတယ်။

အမျှင်ဓါတ်များတဲ့ အစားအစာတွေကဘာတွေလဲ

၁။ အကြွင်းအကျန်နည်းပါးတဲ့ အစားအစာတွေက ဘာတွေလဲ။

အမျှင်ဓါတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ whole grain ပေါင်မုန့်၊ အခွံမာသီး၊ အစေ့၊ အသီးအရွက် အစိမ်း(သို့) အခြောက်တွေကို ကန့်သတ်ထားတဲ့ အစားအစာတွေဖြစ်ပါတယ်။ Residue ဆိုတာ အမျှင်တွေအပါအဝင် မစင်ကိုဖြစ်စေတဲ့ အစာခြေစရာမလိုတဲ့အရာတွေကို ပြောတာဖြစ်ပါတယ်။ ဒီအစားစားပုံရဲ့ ရည်ရွယ်ချက်ကတော့ နေ့တိုင်းမှာ အနည်းငယ် အူလှုပ်ရှားမှု ရှိဖို့ပဲဖြစ်ပါတယ်။ ဒါတွေဟာ ဝမ်းလျှောခြင်း၊ ဗိုက်ပွခြင်း၊ ဂက်စ်ထခြင်းနဲ့ ဗိုက်နာခြင်းတွေကို သက်သာစေပါလိမ့်မယ်။

သင့်ဆရာဝန်တွေဟာ သင်ရောဂါဖြစ်ပြီးရင် (သို့) ခွဲစိတ်ကုသမှု ခံပြီးသွားရင် ဒီလိုအစာတွေ စားဖို့ ညွှန်ကြားပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ IBD ရှိတဲ့ လူတွေအကုန်စားဖု့ိ ယေဘုယျ စားသောက်ပုံမျိုးတော့ မဟုတ်ပါဘူး။ Chrohn’s ရောဂါဟာ အစားအစာတွေက အာဟာရတွေကို ကိုယ်ခန္ဓါက စုပ်ယူမှုကို ခက်ခဲစေပါတယ်။ ဒါ့ကြောင့် ဘယ်စားသောက်ပုံက သင့်အတွက် သင့်လျော်လဲဆိုတာ ဆရာဝန်ကို မေးသင့်ပါတယ်။ အခြားဗီတာမင်တွေ ထပ်သောက်ဖို့ လိုလားဆိုတာကိုလည်း သူက ပြောပြပါလိမ့်မယ်။

၂။ ဘာတွေ စားသင့်လဲ။

ဂျုံစေ့

  • သန့်စင်ထားတဲ့ ပေါင်မုန့်ဖြူ နဲ့ Plain crackers (ဥပမာ saltines သို့ Melba toast)
  • ချက်ထားတဲ့ စီရီရယ်၊ ဂျုံနဲ့လုပ်ထားတဲ့ခရင်မ်
  • အေးတဲ့ စီရီရယ်တွေဖြစ်တဲ့ Puffed rice နဲ့ Corn flakes
  • ထမင်း၊ ခေါက်ဆွဲ၊ သန့်စင်ထားတဲ့ အီတလီခေါက်ဆွဲ

အသီးအရွက်များ – အသီးအရွက်တွေဟာ အမျှင်ဓါတ်များစွာပါဝင်ပါတယ်။

  • ကောင်းကောင်းချက်ပြုတ်ထားတဲ့ အစေ့မပါတဲ့ အသီါ်အရွက်တွေ (ဥပမာ ကညွတ်၊ မုန်လာဥနီ၊ ပဲစိမ်း၊ မုန်လာဥ၊ မှို၊ ရွှေဖရုံသီး၊ အသီးဖျော်ရည်။
  • အခွံခွာပြီး ပြုတ်ထားတဲ့အာလူး
  • အစေ့မပါတဲ့ ခရမ်းချဉ်သီးဆော့စ်
  • ငှက်ပျောသီး
  • ပျော့ပြောင်းတဲ့
  • Soft cantaloupe
  • Honeydew
  • သံဗူးနဲထည့်ထားတဲ့ အစေ့မပါတဲ့ အသီးများ
  • ထောပတ်သီး

နို့နဲ့ နို့ထွက်ပစ္စည်းများ

နို့်ထွက်ပစ္စည်းတွေဟာ ပုံမှန်စားသောက်ရင် အဆင်ပြေပါတယ်။ နို့မှာ အမျှင်ဓါတ်မပါဝင်တာကြောင့် သင့်မှာ lactose intolerance ရှိရင် နို့ကို ကိုယ်ခန္ဓါက မခြေဖျက်နိုင်တာကြောင့် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းအစရှိတာတွေကို ခံစားရနိုင်ပါတယ်။ ဒါဆို lactase supplements စားသုံးခြင်း (သို့) lactose မပါတဲ့ အစာစားခြင်း ပြုနိုင်ပါတယ်။

အသား – တိရစ္ဆာန်တွေရဲ့ အသားမှာ အမျှင်ဓါတ် မပါဝင်ပါဘူး။ အမဲသား၊ သိုးသား၊ ကြက်သား၊ ငါးနဲ့ ဝက်သား အစရှိတာတွေကို ပျော့ပြီး ကောင်းကောင်းနူးရင် စားသောက်နိုင်ပါတယ်။ ကြက်ဥ စားနိုင်ပါတယ်။

အဆီ၊ဆော့စ်နဲ့ အခြားအရာများ

  • Margarine၊ ထောပတ်၊ ဆီ
  • Mayonnaise နဲ့ ဆော့စ်
  • Sour cream
  • ဆော့စ် နဲ့ ဆလပ် စားမြိန်ရည်
  • အရောက်ကြည်တဲ့ ဂျယ်လီ၊ ပျားရည်၊ သကြားရည်

မုန့်အချိုများ

အချိုပွဲတွေနဲ့ မုန့်တွေကို အလယ်အလတ်စားနိုင်ပါတယ်။

  • ပလိန်းပေါင်မုန့်နဲ့ ကွတ်ကီး
  • ကျောက်ကျော၊ ပူတင်း၊ Custard၊ sherbet
  • ရေခဲမုန့်
  • သကြားလုံး
  • မုန့်ကြိုးလိမ်
  • နို့ဝေဖာ

အရည်

  • ကဖင်းမပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ကာဗွန်ပါတဲ့ အရည်များ
  • နို့
  • အစေ့ (သို့) အနှစ်မပါဝင်သော ဖျော်ရည်များ (ပန်းသီး၊ လိမ္မော်သီး၊ ခရန်ဘယ်ရီသီး)
  • အရွက်ဖျော်ရည်များ

၃။ ဘာကို မစားသင့်ဘူးလဲ။

  • ပေါင်မုန့်၊ စီရီရယ်၊ အချိုပွဲနဲ့ သကြားလုံးတို့မှာ တွေ့ရတဲ့ အစေ့၊ အုန်းသီး
  • ပေါင်မုန့်၊ စီရီရယ်၊ ခရက်ကာ၊ ခေါက်ဆွဲ၊ ဆန်၊ Kasha အပါအဝင် whole-grain products များ
  • prunes, berries, raisins, figs, နဲ့ နံနတ်သီး အစရှိတဲ့ အသီးစိမ်း (သို့) အသီးခြောက်
  • အသီးအရွက် အစိမ်း
  • ချက်ထားတဲ့အသီးအရွက် (ပဲ၊ ပန်းဂေါ်ဖီ၊ winter squash၊ ပဲပင်ပေါက်၊ ဂေါ်ဖီထုတ်၊ ပြောင်းဖူး၊ ကြက်သွန်နီ၊ အခွံပါတဲ့ အာလူး၊ ဖုတ်ထားတဲ့ပဲ
  • ပဲ၊ ပဲနီလေး၊ တို့ဖူး
  • မာတဲ့အသား
  • အစေ့ပါတဲ့ ချိစ့်၊ အစေ့၊ အသီး
  • ကြွတ်ဆတ်သော မြေပဲထောပတ်၊ ယို၊ marlalade (သို့) preserves
  • သနပ်၊ သံလွင်သီး၊ relish, ဂေါ်ဖီထုပ်ချဉ် နဲ့ သင်္ဘောဒန့်ဒလွန်
  • ပေါက်ပေါက်ဆုပ်
  • အနှစ် (သို့) အစေ့မပါတဲ့ အသီးဖျော်ရည်

၄။ ဘယ်လိုစတင်သင့်သလဲ။

တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ သင်ဟာ မစားသင့်တဲ့ အစာစာရင်းကို ကျေနပ်ကောင်းကျေနပ်မှာ ဖြစ်ပေမယ့် စားသင့်တဲ့အစာစာရင်းကတော့ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

အပတ်တိုင်း အစားအသောက်ဒိုင်ယာရီရေးပါ။ ကိုယ်စားသမျှ အစာတွေကို ရေးချပြီး ဘယ်အရာက သင့်အတွက်ကောင်းမွန်တယ်ဆိုတာကိုပါ ထည့်သွင်းပါ။ တကယ်လို့ whole grains၊ အခွံမာသီး၊ အသီးအရွက်စိမ်းတွေကို ကြိုက်နှစ်သက်သူဆိုရင် ဒီ low residue diet စားရတာ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ပေါင်မုန့်တို့ ခေါက်ဆွဲတို့ ကြိုက်တယ်ဆိုရင်တော့ သူ့ဘာသာသူ အလိုလို ပြောင်းလဲလာပါလိမ့်မယ်။

အထူးသတိထားသင့်တာကတော့ ဒါဟာ အချိန်အကြာကြီး စားသောက်သင့်တဲ့နည်းလမ်းမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ အာဟာရ အများကြီး မပါဝင်လို့ပါပဲ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/03/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။