backup og meta

ကျန်းမာပျော်ရွှင်သောဘဝအတွက် အစားအသောက်အစီအစဉ်ဘယ်လိုရေးဆွဲမလဲ

ကျန်းမာပျော်ရွှင်သောဘဝအတွက် အစားအသောက်အစီအစဉ်ဘယ်လိုရေးဆွဲမလဲ

ညီမျှတဲ့ အစားအစာတွေ စားသုံးခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းဟာ ကျန်းမာတဲ့ ဘဝတစ်ခု ရရှိဖို့အတွက် အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကို စားသောက်မှုပုံစံ အသစ်တစ်ခုကို ဖန်တီးဖို့ ကူညီသွားမှာဖြစ်ပါတယ်။ ဒါဆိုရင် ပိုမို ကျန်းမာစွာနေထိုင်ပြီး ရင်သားကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ကျန်းမာတဲ့ အစားအသောက်ပုံစံကို ကိုယ်တိုင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အကောင်းဆုံး စားသောက်ပုံဆိုတာ သင်နဲ့ သင့်လျော်တဲ့ အစားအစာတွေကို ပြောတာပါ။

အခြားသူတွေစားသောက်ပုံကို မကြည့်ပါနဲ့။ သင့်မှာ သင့်ကိုယ်ပိုင် ကျန်းမာရေးအခြေအနေ၊ ငွေရေးကြေးရေးနဲ့ သင်နှစ်သက်မှုတွေ ရှိနေပါသေးတယ်။ သင့်စားသောက်ပုံဟာ သင့်အခြေအနေကို မူတည်ပြီး ဖန်တီးထားသင့်ပါတယ်။ သူ့ကို သင်ဘာစားချင်တယ်ဆိုတာ ပြောပြရင် သူက အဲဒီအစားအစာတွေဟာ သင့်တော်ရဲ့လားဆိုတာ ပြောပြပါလိမ့်မယ်။

သင်စားသောက်တဲ့ အစားအသောက်တွေအကြောင်း စဉ်းစားပါ။

အချို့သူတွေက ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ကယ်လိုရီတွေကို ရေတွက်ဖို့လိုပါတယ်လို့ ထင်ကြပါတယ်။ အချို့သူတွေအတွက် အကျိုးရှိပေမယ့် အချို့အတွက်တော့ အကျိုးမရှိပါဘူး။ အရေးအကြီးဆုံးကတော့ သင်ဘာစားလဲဆိုတာ သင်သိသင့်ပါတယ်။ ကျန်းမာတဲ့ စားသောက်ပုံမှာ အစားအစာအမျိုးအစား များစွာ ပါဝင်သင့်ပါတယ်။ တကယ်လို့ carbohydrates နဲ့ ဟင်းသီးဟင်းရွက်တွေသာ စားတယ်ဆိုရင် အာဟာရ ချို့တဲ့မှု ဖြစ်နိုင်ပါတယ်။

အသီးအရွက်၊ whole grain၊ ပရိုတင်း၊ ကျန်းမာတဲ့အဆီ အစရှိတဲ့ ညီမျှတဲ့ အစားအသောက်ကို စားသင့်ပါတယ်။ အဆီတွေဟာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ မယူဆသင့်ပါဘူး။ အဆီတွေဟာ သင့်ကို အားအင်ရရှိဖို့နဲ့ တစ်ရှူး တည်ဆောက်ဖို့ ကူညီပေးပါတယ်။

သကြားနဲ့ ဆားကို လျှော့စားသင့်ပါတယ်။ သူတို့ဟာ သင့်ကို နှလုံးရောဂါနဲ့ အဝလွန်ခြင်း အစရှိတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ရေအများအပြားသောက်ပါ။

ရေဟာ သင့်ဘဝအတွက် ကောင်းမွန်ပါတယ်။ တစ်နေကုန် ကျိုချက်ထားတဲ့ရေ အများအပြား သောက်သင့်ပါတယ်။ ရေစိမ်း (သို့) နို့စိမ်းကို မသောက်သင့်ပါဘူး။ သူတို့ဟာ ပိုးမသတ်ထားတာကြောင့် ရောဂါကူးစက်နိုင်ပါတယ်။ သင့်ကိုယ်ခံအားစနစ်ကလည်း ကင်ဆာရောဂါနဲ့ ကုသမှုတွေကြောင့် အားနည်းပြီးသား ဖြစ်နိုင်ပါတယ်။

အသီးဖျော်ရည်တွေကိုလည်း သောက်နိုင်ပါတယ်။ စိတ်ချရအောင် အိမ်မှာ လုပ်သောက်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။ အချိုရည်တွေ အရက်တွေ သောက်တာကို ကန့်သတ်သင့်ပါတယ်။

ဗီတာမင် သတ္တုဓါတ်တွေ သောက်ခြင်းကို တိုးမြှင့်ပါ။

ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ ကိုယ်ခန္ဓါကို ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ သူတို့ဟာ ကင်ဆာကုသမှုရဲ့ ဘေးထွက် ဆိုးကျိုးတွေကို သက်သာစေပြီး ကင်ဆာကို ကာကွယ်ပေးပါတယ်။ လိမ္မော်သီး၊ grapefruits နဲ့ အရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ ကညွတ်နဲ့ ငရုတ်ကောင်းတွေအထဲမှာ ဗီတာမင်နဲပ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။

ဒီအစားအစာတွေကို အစိမ်းစား (သို့) အရသာ ရှိတဲ့ဟင်းအဖြစ် ချက်ပြုတ်နိုင်ပါတယ်။ ဒါပေမယ့် အသီးအရွက်သုတ်တွေကိုတော့ ရောဂါပိုးတွေ ရှိနေနိုင်တာကြောင့် မစားသင့်ပါဘူး။

အဆီများတဲ့ အစားအသောက်တွေကို လျှော့စားပါ။

အဆီဝေ့နေတဲ့ အစားအစာတွေဟာ ပျို့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သူတို့ဟာ အဆီတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီအဆီတွေဟာ ပြည့်ဝဆီတွေလား transfats တွေလားဆိုတာ မသိနိုင်ပါဘူး။ ဒီအဆီတွေဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

အဆီများတဲ့ အစားအစာတွေကတော့ အာလူးကြော်၊ ချီးစ်ဘာဂါ၊ ပီဇာ၊ ကြက်ကြော်၊ ဝက်ပေါင်ခြောက်၊ အာလူးပြားကြော်နဲ့ nachos တို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ အရသာ ရှိပြီး အလွယ်တကူရရှိနိုင်ပေမယ့် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာရေးကိုသာ ထိပ်ဆုံးမှာ ထားသင့်ပါတယ်။

ကျန်းမာတဲ့စားသောက်ပုံ အသစ်ဟာ သင့်ဘဝကို ပြောင်းလဲစေနိုင်ပါတယ်။ သင့်မှာ ပိုမို အားအင်တွေ ရရှိလာပြီးတော့ ကျန်းမာရေးပိုကောင်းလာကာ အသက်ရှည်ကြာစွာ နေနိုင်မှာ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How healthy eating prevents cancer.

http://www.cancerresearchuk.org/about-cancer/causes-of-cancer/diet-and-cancer/how-healthy-eating-prevents-cancer.

Accessed February 11, 2017.

2. Designing a Healthy Eating Plan.

http://www.breastcancer.org/tips/nutrition/healthy_eat/plan.

Accessed February 11, 2017.

3. How to Design Your Own Diet.

http://www.webmd.com/diet/features/how-to-design-your-own-diet#1.

Accessed February 11, 2017.
4. Nutrition and Physical Activity During and After Cancer Treatment: Answers to Common

Questions.

https://www.cancer.org/treatment/survivorship-during-and-after-treatment/staying-active/nutrition/nutrition-and-physical-activity-during-and-after-cancer-treatment.html. Accessed February 11, 2017.

5. Why Is Greasy Food Not Healthy for You?. http://www.livestrong.com/article/427087-why-is-greasy-food-not-healthy-for-you/. Accessed February 11, 2017.

ယခုပုံစံ

21/03/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိခင်ရဲ့ စားသောက်ပုံက သန္ဓေသားရဲ့ မျိုးရိုးဗီဇအပေါ်ဘယ်လို သက်ရောက်နိုင်လဲ

ကျန်းမာရေးနဲ့မညီတဲ့ စားသောက်ပုံအမူအကျင့်တွေ ကိုယ့်မှာရှိနေသလား



Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement