backup og meta

ကယ်လ်စီယမ်စုပ်ယူအားကို ဘယ်လိုတိုးမြှင့်မလဲ

ကယ်လ်စီယမ်သည် သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး အရိုးများကို သန်မာစေပါသည်။ လုံလောက်သည့် ကယ်စီယမ်ပမာဏ မရရှိပါက သင့်ခန္ဓါကိုယ်သည် လိုအပ်သည်များကို အရိုးများမှ ထုတ်သုံးသောကြောင့် အရိုးများကို အားနည်းစေပြီး ကျွတ်ဆတ်ခြင်း သို့မဟုတ် ပျော့ခြင်း ဖြစ်စေနိုင်ပါသည်။

ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာများကိုစားခြင်း ကယ်လ်စီယမ်စုပ်ယူမှုကိုတားသော အစာများကိုရှောင်ခြင်း၊ ဗီတာမင်ဒီလုံလောက်စွာရအောင် လုပ်ခြင်းများသည် ကယ်လ်စီယမ်လယ်ဗယ်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်ပါသည်။

၁။ ကယ်လ်စီယမ်စားသုံးမှုကို တိုးပေးပါ

သင့်ခန္ဓါကိုယ်သည် အားဆေးများမှပါသော ကယ်လ်စီယမ်ထက် အစာများမှပါသော ကယ်လ်စီယမ်ကို အလွယ်တကူ စုပ်ယူနိုင်ပါသည်။ ကယ်လ်စီယမ် စုပ်ယူမှုကောင်းစေရန်အတွက် ကယ်လ်စီယမ်ကြွယ်ဝသည်များကို နေ့စဉ်စားပေးရမည်။

အဆီနည်းသော သို့ အဆီထုတ်ထားသော နွားနို့ကိုလည်း သောက်ပေးခြင်းဖြင့် အဆီများများစားရန်မလိုပါပဲနှင့် ကယ်လ်စီယမ်စုပ်ယူမှုကို အားကောင်းစေပါသည်။ တခြားသော ကယ်စီယမ်ကြွယ်ဝသည့် အစားအစာများမှာ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဆာဒင်းနှင့် ဆာမွန်ငါးများဖြစ်သည်။

၂။ ကယ်လ်စီယမ်၏ရန်သူများ

တစ်ချို့သောအစားအစာများသည် ကယ်လ်စီယမ်စုပ်ယူမှုကို တားဆီးနိုင်၏။ ဥပမာ ချောကလက်သည် ကယ်လ်စီယမ်နှင့် ပေါင်းစပ်သွားပြီး ခန္ဓါကိုယ်မှ မစုပ်ယူနိုင်တော့ပါ။ ဘယ်ရီသီးများ၊ စပျစ်သီး၊ ကန်စွန်းဥနှင့် ခရမ်းသီးတို့တွင်လည်း အောက်ဆလိတ်များ ပါဝင်သည်။

ကယ်လ်စီယမ်ချို့တဲ့ပါက သင်စားနေသည့် အောက်ဆလိတ်ပါဝင်သောအစားအစာများဆိုင်ရာ ပမာဏတို့ကို ဆရာဝန်နှင့်ဆွေးနွေးပါ။ ထို့အပြင် အရက်နှင့် ကဖိန်းဓါတ်သည် ကယ်လ်စီယမ်စုပ်ယူမှုကို တားမြစ်သောကြောင့် ဖြတ်ရန် စဉ်းစားပါ။

၃။ ဗီတာမင်ဒီလုံလောက်စွာရယူပါ

ဗီတာမင်ဒီသည် ကယ်စီယမ်ကို ပိုစုပ်ယူစေနိုင်ရန် အထောက်အကူပြု၏။ ဗီတာမင်ဒီ လုံလောက်စွာမရရှိပါက ကလေးများတွင် ကယ်လ်စီယမ်ချို့တဲ့ခြင်းကြောင့် ဖြစ်သော ရစ်ကက်ရောဂါ ဖြစ်ပွားစေနိုင်ပါသည်။

ဗီတာမင်ဒီ လုံလောက်စွာရစေမည့် သဘာဝနည်းလမ်းသည် နေရောင်အောက်၌ တစ်ရက်လျှင် ၁၅ မိနစ်ခန့် နေပေးခြင်းပင်ဖြစ်သည်။ အရေပြားကင်ဆာ ဖြစ်နိုင်ချေကို လျော့ချနိုင်ရန်အတွက် ကလေးကို ၁၅ နစ်ထက်ပိုပြီး နေရောက်အောက်မှာ မနေပါစေနှင့်။

ကလေးတွင် ဗီတာမင်ဒီ အားဆေး သောက်ရန်လိုမလို ဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည်။ အာဟာရဖြည့်စွက်နွားနို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းသည်လည်း ခန္ဓါကိုယ်တွင် လိုအပ်သော ဗီတာမင်ဒီကို ထောက်ပံ့နိုင်ပါသည်။

ကလေး၏အစားအသောက်တွင် ဘယ်ဖြည့်စွက်အာဟာရမှ မထည့်ခင် ဆရာဝန်နှင့် အရင်တိုင်းပင်ရန် သတိရပါ။

ကယ်လစီယမ်စုပ်ယူုမှုကို မြင့်စေမည့် တခြားနည်းလမ်းများ

· ဗီတာမင်စီသည် ရေ၌ပျော်ဝင်၏။ ၎င်းသည် ခန္ဓါကိုယ်၏ ကယ်လ်စီယမ်စုပ်ယူနှုန်းကိုလည်း တိုးမြှင့်ပေး၏။ ရေတွင်ပျော်ဝင်သော ဗီတာမင်များသည် အဆီတွင်ပျော်ဝင်သော ဗီတာမင်များထက် ခန္ဓါကိုယ်မှ စွန့်ထုတ်ရမြန်သောကြောင့် ကလေး၏ အစားအသောက်တွင် ထိုဗီတာမင်များ အမြဲပါရန် လိုအပ်ပါသည်။

ဗီတာမင်စီ အပေါများဆုံး အစားအစာများတွင် ချဉ်သောသစ်သီးများ၊ ငရုတ်စိမ်းပွ၊ စတော်ဘယ်ရီနှင့် ခရမ်းချဉ်သီးတို့ ဖြစ်သည်။

· အအေးများတွင် ဖော်စဖော်ရစ်အက်စစ်များပါပြီး ကယ်လ်စီယမ်စုပ်ယူမှုကို လျော့ကျစေနိုင်ပါသည်။ ထို့ကြောင့် အအေးများကို ကလေးများ အလွန်အကျွံမသောက်စေရန် ဂရုစိုက်ပါ။

· ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းသည် ကယ်လ်စီယမ် ချို့တဲ့သည်ထက်ကို ပိုပြီး အရိုးပွနိုင်ပါသည်။ ကိုယ်လက်လှုပ်ရှားခြင်းသည် ကြွက်သားများကိုသာမက အရိုးများကိုပါ တည်ဆောက်ပေးပါသည်။

လေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်းဖြင့်လည်း ကယ်လ်စီယမ်လယ်ဗယ်ကို တိုးမြှင့်နိုင်ပါသည်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Should I Eat to Increase Calcium Absorption? http://www.livestrong.com/article/192667-what-should-i-eat-to-increase-calcium-absorption/. Accessed on February 17, 2017.
Boost Your Calcium Intake. http://www.askdrsears.com/topics/feeding-eating/family-nutrition/calcium/12-ways-to-boost-your-calcium. Accessed on February 17, 2017.
How to boost your body’s calcium absorption. http://www.medbroadcast.com/channel/nutrition/supplements-and-nutraceuticals/how-to-boost-your-bodys-calcium-absorption. Accessed on February 17, 2017.

ယခုပုံစံ

10/08/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement