backup og meta

ကဖိန်းပါတဲ့ အရည်များဟာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

ကဖိန်းပါတဲ့ အရည်များဟာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

ရေဟာ သက်ရှိတို့အတွက် မရှိမဖြစ် ဇီဝဓာတ်ဖြစ်ပါတယ်။ အာဟာရဓာတ်များ ခန္ဓာကိုယ်အနှံ့ သယ်ယူပို့ဆောင်ပေးခြင်း၊ အဆစ်များကို ချောမွေ့စေခြင်း၊ ကိုယ်ခန္ဓာအပူချိန်မျှတစေခြင်း စတဲ့ အကျိုးကျေးဇူးများ ပေးစွမ်းပါတယ်။

ယနေ့အခါမှာ ကဖိန်းပါဝင်တဲ့ အရည်များကို သောက်သုံးလာခြင်းဟာ လူကြိုက်များတဲ့ နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ အထူးသဖြင့် စွမ်းအင်ဖြည့် အချိုရည်တွေ ဖြစ်ပါတယ်။ ကဖိန်းဟာ အသင့်အတင့် သုံးစွဲရင် စိတ်ချရပေမယ့် တချို့ကတော့ ရေငတ်စေပြီး ကျန်းမာရေးနဲ့ မညီညွတ်စေဘူးလို့ ငြင်းခုန်ကြပါတယ်။

ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကဖိန်းပါတဲ့ အရည်တွေအကြောင်းနဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံပဲ ဖြစ်ပါတယ်။

ကဖိန်းအရည်ဆိုတာဘာလဲ

ကဖိန်းအရည်ဆိုတာ ကဖိန်းဓာတ်ကို ထည့်သွင်းထားတဲ့ အဖျော်ရည်မျိုးစုံဖြစ်ပါတယ်။ ကဖိန်းဓာတ်ဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးမြှင့်ပေးပြီး ခန္ဓာကိုယ်ရဲ့ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့ ဂုဏ်သတ္တိရှိပါတယ်။

ကဖိန်းဓာတ်ကို ကော်ဖီစေ့၊ လက်ဖက်ရွက်၊ ကိုကိုးစေ့၊ ကိုလာစေ့၊ ဂွာရာနာဘယ်ရီ စသဖြင့် အပင်တွေကနေ သဘာဝအလျောက် တွေ့ရှိရပါတယ်။ ဓာတုဗေဒနည်းအနေနဲ့လည်း ယူရီးယားနဲ့ ကလိုရိုအက်ဆစ်တစ်အက်ဆစ် စတာတွေကနေ ထုတ်လုပ်ပြီး သဘာဝကဖိန်းဓာတ်နဲ့ အလားတူ အစွမ်းသတ္တိရှိပါတယ်။

ကဖိန်းအရည်မှာ သဘာဝအလျောက် ဒါမှမဟုတ် ထုတ်လုပ်ထားတဲ့ ကဖိန်းဓာတ်အပြင် သကြားဓာတ်နဲ့ ကယ်လိုရီတွေ ပါဝင်ပါတယ်။ ကဖိန်းပါဝင်နှုန်းကလည်း ၃၄ – ၁၂၅ မီလီဂရမ်ထိ ရှိပါတယ်။ သံဗူး၊ ပုလင်း စတာတွေနဲ့ ရောင်းချနေတဲ့ အရည်ပမာဏကတော့ ၁၂-၁၆.၉ အောင်စထိ ပါဝင်ပါတယ်။ အောက်ပါ အရည်အမျိုးအစားနဲ့ ကဖိန်းဓာတ်ပါဝင်မှုနှုန်း ဖြစ်ပါတယ်။

– ကော်ဖီ။ တစ်ခွက်လျှင် ၉၆ မီလီဂရမ် (၂၄၀ မီလီလီတာ)

– ပုံမှန်အားဖြည့်အချိုရည်။ တစ်ခွက်လျှင် ၇၂ မီလီဂရမ် (၂၄၀ မီလီလီတာ)

– Green Tea။ တခွစ်က်လျှင် ၂၉ မီလီဂရမ် (၂၄၀ မီလီလီတာ)

– အချိုရည်။ တစ်ဘူးလျှင် ၃၄ မီလီဂရမ်

ကဖိန်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား

ကဖိန်းနဲ့ ပတ်သက်ရင် ယနေ့တိုင် အပြင်းပွားစရာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ သွေးပေါင်ချိန်တက်လာစေခြင်း၊ အရည်ဓာတ်ခမ်းခြောက်စေခြင်းနဲ့ တုန်ခြင်း၊ ဂနာမငြိမ်ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် အဆိုပါဘေးထွက်ဆိုးကျိုးတွေဟာ အများအပြား သုံးစွဲမှ ဒါမှမဟုတ် သောက်သုံးနေကြမဟုတ်သူတွေ သောက်သုံးချိန်မှာ ကြုံတတ်တာ ဖြစ်ပါတယ်။ ပုံမှန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကဖိန်းဓာတ် ၄၀၀ မီလီဂရမ်ကို စိတ်ချဘေးကင်းစွာ သုံးစွဲနိုင်ကြောင်း သိရပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆိုရင်တော့ တစ်နေ့ကို ၂၀၀ မီလီဂရမ်ထက်ကျော်ပြီး မသုံးစွဲသင့်ဘူးလို့ ဆိုပါတယ်။ စိတ်ပူပန်တတ်သူတွေ၊ အစာမကြေလေချဉ်တက်သူတွေနဲ့ အသည်း၊ ကျောက်ကပ်ပြဿနာရှိသူများအနေနဲ့လည်း ကဖိန်းသောက်သုံးမှုကို လျှော့ချသင့်ပါတယ်။

ကဖိန်း၏ အကျိုးကျေးဇူးများ

ကဖိန်းဓာတ်ဟာ သင့်တော်တဲ့ အချိုးအဆနဲ့ သုံးစွဲရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပါတယ်။ ဥပမာအားဖြင့် လေ့ကျင့်ခန်းဆောင်ရွက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာကိစ္စများ၊ နာကျင်မှုသက်သာစေခြင်း စတဲ့အာနိသင်တွေ ရှိတယ်လို့ ဆိုပါတယ်။ ကော်ဖီကို စနစ်တကျသောက်သုံးရင် နှလုံးနဲ့ ကင်ဆာရောဂါတချို့ကို ကာကွယ်နိုင်ကြောင်းလည်း ဆိုထားပါတယ်။

ရေဓာတ်ဘယ်လောက်လိုအပ်သလဲ

တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် (၆၄ အောင်စ သို့မဟုတ် ၁.၉ လီတာ) အနည်းဆုံး သောက်သုံးသင့်ကြောင်း ဆိုထားပါတယ်။ ရေလိုအပ်ချက်ဟာ သင်ဘယ်ဒေသမှာ နေထိုင်သလဲ၊ ဘယ်လိုလှုပ်ရှားနေသလဲ၊ စားသောက်ပုံ၊ ကိုယ်ခန္ဓာအရွယ်အစား၊ အသက်အရွယ် စတာတွေပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိနိုင်ပါတယ်။ တစ်နေ့တာ စားသုံးတဲ့ အစားအစာတွေကနေ ရေဓာတ်ကို ၂၀%ရရှိပြီး ၈၀%ကိုတော့ ရေသောက်ခြင်းအပြင် နေ့စဉ် သောက်သုံးတဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ ဖျော်ရည်၊ အချိုရည် စတာတွေကလည်း ရရှိပါတယ်။

ကဖိန်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည် စတာတွေဟာ လူသားတို့ နေ့စဉ် သောက်သုံးနေကြဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံမဖြစ်အောင် သတိပြုသောက်သုံးသွားရင် ကျန်းမာရေးအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/caffeinated-water Accessed Date 16 April 2020

ယခုပုံစံ

23/05/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကဖင်းဆိုတိုင်း လန်းရောလား

ကဖင်းတွေလွန်လို့ အိပ်မရဖြစ်နေပြီလား



Dr. Thant Zin မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement