backup og meta

ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝဖို့ အရေးကြီးပုံ

ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝဖို့ အရေးကြီးပုံ

ဆောင်းလေးအေးလာတော့ ရေသိပ်မသောက်ဖြစ်တော့ဘူးဟုတ်။ ရာသီဥတုအေးတော့ နွေလောက် ရေမသောက်ဖြစ်တာတော့ အမှန်ပဲနော်။ ဒါက ကိုယ်တစ်ယောက်တည်းလားဆိုတော့ မဟုတ်ပြန်ပါဘူး။ လူတိုင်း ဆောင်းရောက်လာရင် ရေသောက်နည်းတာကတော့ ပုံမှန်ပဲလို့ ဆိုရပါမယ်။ ဒီလို ရေသောက်နည်းတာက ဘာဖြစ်လာလဲဆိုရင် ကိုယ်တွင်းမှာ ရေဓာတ်နည်းလာတာပေါ့။ ဒါကြောင့်ပဲ ဆောင်းရာသီမှာ ရေဓာတ်ခမ်းခြောက်ပြီး အသားခြောက်တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေ ဖြစ်လာတာပေါ့။ ဒီတစ်ခေါက်တော့ အေးမြတဲ့ ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝဖို့ ဘယ်လိုနေကြမလဲဆိုတာကို နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

ဆောင်းတွင်းမှာ ရေဓာတ်မပြည့်ရင် ဘာတွေ ဖြစ်နိုင်လဲ!

ဆောင်းတွင်းမှာ အသားပက်တယ်။ နှုတ်ခမ်းတွေ ခြောက်တယ်ဆိုတာ တကယ်ကတော့ ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးနေတာရဲ့ အမြင်သာဆုံး လက္ခဏာပါပဲ။ ဒါတွေအပြင် ဆောင်းတွင်းမှာ ရေဓာတ်ဆုံးရှုံးတာကြောင့် အခုလို လက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။

  • ရေအရမ်းဆာတာ
  • ဆီးအရောင်ရင့်တာ
  • ချွေးမထွက်တော့တာ
  • ဆီးသွားနည်းလာတာ
  • ခြေကုန်လက်ပမ်းကျတာ
  • ခံတွင်းခြောက်တာ
  • အသားခြောက်တာ
  • ခေါင်းကိုက်တာ
  • အချိုအရမ်းစားချင်တာတွေ ခံစားရနိုင်ပါတယ်။

ဆောင်းတွင်းမှာ ရေဓာတ်ခမ်းခြောက်တာကြောင့် နေ့စဉ်ဘဝမှာရော ကျန်းမာရေးကိုပါ မထိခိုက်စေဖို့အတွက်ဆောင်းတွင်းမှာ ရေဓာတ်ပြည့်ဝအောင် ဘယ်လိုလေး ဂရုစိုက်လို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝဖို့ နည်းလမ်းများ

ဆောင်းအေးအေးမှာ ရေဓာတ်ပြည့်ဝအောင် ဆိုရင် ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးဖို့ လိုပါမယ်။

  • ရေကို လက်လှမ်းမီတဲ့ နေရာမှာ ထားပေးပါ 

အချို့သော အခြေအနေတွေမှာ ရေသောက်နည်းရတာက သောက်ရမယ့် ရေက လက်လှမ်းမီတဲ့ နေရာမှာ မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အလုပ်စားပွဲ၊ ဟင်းချက်နေမယ်ဆိုရင်လည်း မီးဖိုခန်းစတဲ့ ကိုယ်ရှိနေမယ့် နေရာမှာ သောက်ရေကို ဗူးနဲ့ ထည့်ပြီး ထားပေးတာကလည်း နည်းလမ်းကောင်းပါ။ အပြင်သွားမယ်ဆိုရင်လည်း သွားလေရာနေရာကို သောက်ရေဗူးလေး ယူသွားပေးဖို့ အကြံပေးချင်ပါတယ်။

  • အရည်များများပါအောင် စားပါ 

အစားအစာတွေ စားတဲ့အခါမှာလည်း စွပ်ပြုတ်၊ ဟင်းခါး လိုမျိုး ခန္ဓာကိုယ်ရဲ့ ရေဓာတ် လိုအပ်ချက်ကို ဖြည့်ပေးနိုင်မယ့် အရည်များများပါတဲ့ အစားအစာတွေကို ရွေးချယ်ပေးတာမျိုးပေါ့။ ဆောင်းအေးအေးနဲ့ စွပ်ပြုတ်ပူပူလေး၊ ဟင်းခါးပူပူလေးကလည်း လိုက်ဖက်တဲ့ အတွဲအစပ်ပါ။

  • အရည်ရွှမ်းတဲ့ အသီးအနှံလေးတွေ စားပေးပါ

ဆောင်းရာသီမှာ ကိုယ်တွင်းရေဓာတ်လိုအပ်ချက်ကို ဖြည့်ပေးဖို့ ရေသောက်တာပဲ လုပ်လို့ ရတာမဟုတ်ပါဘူး။ ဖရဲသီး၊ လိမ္မော်သီး၊ ဇီးပန်းသီး၊ မာလကာသီးတို့လိုမျိုး အရည်ရွှမ်းတဲ့ အသီးအနှံလေးတွေကို စားပေးပါ။ ကိုယ်ခံအားကို အားဖြည့်ပေးသလို လိုအပ်တဲ့ ရေဓာတ်ကိုလည်း ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • အစားစားပြီးတိုင်း ရေသောက်ပါ

အစားတစ်ခုခု စားပြီးချိန်တိုင်းမှာ ​ရေတစ်ခွက်လောက် သောက်ပေးပါ။ ဒီလို သောက်ပေးတာက ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝအောင် ထောက်ကူပေးနိုင်ပါတယ်။

  • သစ်သီးဖျော်ရည်တွေ သောက်ပေးပါ

ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝအောင် လုပ်ဆောင်လို့ ရမယ့် နောက်ထပ် နည်းလမ်း တစ်ခုကတော့ အုန်းစိမ်းရည် အပါအဝင် သစ်သီးဖျော်ရည်တွေကို သဘာဝအတိုင်း ဖျော်ထားပြီး သောက်တာပါ။ ဒီလို လုပ်ပေးတာကလည်း အပြောင်းအလဲ ဖြစ်စေမှာပါ။

  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခပ်နွေးနွေး သောက်စရာလေးတွေ သောက်ပေးပါ

လက်ဖက်စိမ်း ရေနွေးကြမ်း အပါအဝင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်စရာတွေကို သောက်ပေးတာကလည်း ဆောင်းရာသီမှာ နွေးထွေးမှုကို ရရှိစေသလို ရေဓာတ် ပြည့်ဝစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။

  • အယ်လ်ကိုဟော နဲ့ ကဖင်းပါတာတွေကို ရှောင်ပါ

အယ်လ်ကိုဟောတွေ ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်စတဲ့ သောက်စရာတွေက ဆီးခဏခဏ သွားစေပြီး ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ရေဓာတ် ပြည့်ဝချင်တယ်ဆိုရင် အယ်လ်ကိုဟောနဲ့ ကဖင်းပါတာတွေကို ရှောင်ဖို့ လိုပါမယ်။

  • ရာသီဥတုနဲ့ လိုက်ဖက်ညီအောင် ဝတ်ဆင်ပါ။

ထူလွန်းတာ၊ ပါးလွန်းတာ မဟုတ်ဘဲ အပြင်က အပူချိန်နဲ့ ကိုက်အောင် ဝတ်ဆင်ပါ။ သင့်တင့်အောင် ဝတ်စားတာက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းပေးနိုင်ပြီး ခန္ဓာကိုယ်က ရေငွေ့ပျံပြီး ရေဓာတ်ဆုံးရှုံးတာကို ကာကွယ်ပေးနိုင်ပါတယ်။

ဆောင်းရာသီမှာ အသားခြောက်တာကစလို့ ရေဓာတ်နည်းတာကြောင့် ခံစားရမှုတွေ ကင်းဝေးစေဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ ရေဓာတ်ပြည့်ဝအောင် လုပ်ဆောင်လိုက်တော့နော်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

HOW TO STAY HYDRATED DURING THE WINTER MONTHS https://nafc.org/bhealth-blog/how-to-stay-hydrated-during-the-winter-months/ Accessed Date 12 January 2022

Why Dehydration Is Still a Risk During the Wintertime https://www.everydayhealth.com/dehydration/why-dehydration-is-still-a-risk-during-the-wintertime/ Accessed Date 12 January 2022

STAYING HYDRATED IN WINTER: TOP TIPS achieveoxfordshire.org.uk/news/staying-hydrated-in-winter-top-tips#:~:text=Top%20Tips%20for%20Staying%20Hydrated%20in%20Winter&text=Keep%20a%20water%20bottle%20on,to%20you%20at%20meal%20times. Accessed Date 12 January 2022

Are you more dehydrated in the winter? https://intermountainhealthcare.org/blogs/topics/live-well/2021/02/are-you-more-dehydrated-in-the-winter/ Accessed Date 12 January 2022

8 Tips for Hydrating in Cold Weather https://www.active.com/nutrition/articles/8-tips-for-hydrating-in-cold-weather Accessed Date 12 January 2022

ယခုပုံစံ

26/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement