backup og meta

သရက်သီးမှည့်စားရင် သတိထားရမယ့်အချက်လေးများ

သရက်သီးမှည့်စားရင် သတိထားရမယ့်အချက်လေးများ

သရက်သီးမှည့်တွေ လှိုင်လှိုင်ပေါနေပြီနော်။ ဘယ်နားသွားသွား သရက်သီးမှည့်နံ့ ချိုချိုအီအီလေးကို ရနေတာပဲနော်။ ဒီသရက်သီး ချိုချိုလေးက စားရတာ ရှိသလို ကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။ အခုတစ်ခေါက် ပြောပြပေးချင်တာကတော့ သရက်သီးမှည့်စားရင် သတိထားရမယ့်အချက်လေးများ  က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

သရက်သီးမှည့်စားရင် သတိထားရမယ့်အချက်လေးများ

သရက်သီးမှည့် အာဟာရတန်ဖိုး ပြည့်ပြည့်ဝဝ ရရှိစေဖို့ သရက်သီးမှည့်စားရင် သတိထားရမယ့်အချက်လေးများ ကို လေ့လာလိုက်ရအောင်နော်။

  • ယင်နားထားတဲ့ သရက်သီး

ယင်နားထားတဲ့  သရက်သီးကို စားတာက ဝမ်းပျက်တာ ဝမ်းလျှောတာတွေကို ဖြစ်စေနိုင်သလို အစာအဆိပ်သင့်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သရက်သီးမှည့်ကို စားမယ်ဆိုရင် ယင်မနားအောင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ယင်ကောင်လေးတွေမှာ ကပ်ပါလာတဲ့ ရောဂါပိုးတွေက ဝမ်းပျက်ဝမ်းလျှောတာကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် သရက်သီးကို ခွဲပြီးတာနဲ လတ်လတ်ဆတ်ဆတ် စားတာ အကောင်းဆုံးပါ။ မစားနိုင်သေးရင် သေချာဖုံးအုပ်ပြီး ယင်လုံအောင် ထားသင့်ပါတယ်။

  • ဆေးနဲ့ မှည့်ထားတဲ့ သရက်သီး

ဆေးနဲ့ မှည့်ထားတဲ့ သရက်သီးတွေက အာဟာရတန်ဖိုး ပြည့်ပြည့်ဝဝ ရဖို့ခက်သလို အခန့်မသင့်ရင် ဗိုက်အောင့်ဗိုက်နာ တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သရက်သီးမှည့်ကို စားတဲ့အခါ အာဟာရ ပြည့်ပြည့်ဝဝ ရစေချင်တယ်ဆိုရင် ဆေးနဲ့ မှည့်တဲ့ သရက်သီးတွေကို ရှောင်ပါ။

တစ်ခါတရံမှာ ဆေးနဲ့ မှည့်ထားတဲ့ သရက်သီးတွေက ကိုယ်တွင်းအစာခြေစနစ်ကို ကမောက်ကမ  ဖြစ်စေပြီး အစာမကြေတာ အပါအဝင် အမျိုးမျိုးသော အစာခြေစနစ် ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

  • ထမင်းစားပြီးပြီးချင်း စားတာ

ထမင်းစားပြီးပြီးချင်းမှာ သရက်သီး အပါအဝင် ဘယ်အသီးအနှံကိုမှ မစားတာ အကောင်းဆုံးပါ။ သရက်သီးဆိုရင် အချိုဓာတ် များတာကြောင့် ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး ဖြစ်နိုင်တဲ့အတွက် ထမင်းစားပြီးပြီးချင်း သရက်သီး ချက်ချင်းစားတာမျိုး မလုပ်ပါနဲ့။ ဆီးချိုရှိရင် ပိုသတိထားဖို့ လိုပါမယ်။

အခန့်မသင့်ရင် အစာမကြေတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သတိထားဖို့ လိုပါမယ်။

  • အလွန်အကျွံစားတာ 

သရက်သီးကို အလွန်အကျွံ စားတာက အစာမကြေတာ၊ သွေးတွင်းသကြားဓာတ် မြင့်တက်တာ အပြင် အမျိုးမျိုးသော အစာခြေစနစ်ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် စားကောင်းကောင်းနဲ့ အများကြီး စားတာမျိုး မလုပ်ပါနဲ့။

  • အမှည့်လွန်နေတာ

အမှည့်လွန်တဲ့ အသီးတွေက ဝမ်းနူးစာတွေပါ။ ဝမ်းပျက်ဝမ်းလျှောတာကို ဖြစ်စေနိုင်သလို အထက်လန် အောက်လျှောဖြစ်တာ လိုမျိုး အစာခြေစနစ် ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အမှည့်လွန်နေတာ ဆိုရင် သရက်သီးကိုမှ မဟုတ်ပါဘူး။ ဘယ်အသီးကိုမဆို အမှည့်လွန်နေတာမျိုးဆို မစားမိဖို့ လိုပါမယ်။

အမှည့်လွန်နေတဲ့ အသီးအနှံတွေက အာဟာရတန်ဖိုး ပျက်စီးနေပြီ ဖြစ်ပြီး ကျန်းမာစေမယ့် အာဟာရဓာတ်တွေကို ရရှိစေဖို့ ခက်မှာပါ။

ကဲ …. သရက်သီးမှည့် စားတဲ့အခါ ကျန်းမာရေးကို ထိခိုက်တာမျိုး မဖြစ်စေနိုင်ဖို့ အခုပြောခဲ့တဲ့ အချက်လေးတွေကို လိုက်နာစေချင်ပါတယ်။

# အမှာစကား

သရက်သီးမှည့်က ကျန်းမာရေးအတွက် ကောင်းကျိုးများတယ်ဆိုပေမယ့် သဘာဝအတိုင်း မှည့်တဲ့ သရက်သီးကို မျှတတဲ့ ပမာဏလေးအတိုင်း စားပေးတာက နည်းလမ်းကောင်းပါ။ သရက်သီးကို သေချာ သန့်စင်ပြီး ယင်လုံအောင် ဖုံးအုပ် သိမ်းဆည်းလို့ စားပေးဖို့လည်း မမေ့ပါနဲ့။

# မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Love noshing on fruits? Beware of these 4 toxic fruit combinations https://www.healthshots.com/healthy-eating/nutrition/4-fruit-combinations-that-you-should-never-eat/ Accessed Date 30 May 2023

Is mango the luscious superhero of fruit? https://www.heart.org/en/news/2021/06/02/is-mango-the-luscious-superhero-of-fruit Accessed Date 30 May 2023

Love Mangoes? Here Are 5 Foods You Should Avoid Having With Them https://food.ndtv.com/food-drinks/love-mangoes-here-are-5-foods-you-should-avoid-having-with-them-3998130 Accessed Date 30 May 2023

5 Foods To Avoid Combining With Mangoes For Better Digestion And Flavor https://uniquetimes.org/5-foods-to-avoid-combining-with-mangoes-for-better-digestion-and-flavor/ Accessed Date 30 May 2023

The Health Benefits of Mango Make It One of the Best Tropical Fruits https://www.shape.com/healthy-eating/diet-tips/mango-nutrition-health-benefits Accessed Date 30 May 2023

ယခုပုံစံ

01/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီစာ သရက်သီးက ဒီလိုလေး အကျိုးကျေးဇူးတွေ ပေးပါတယ်

မြန်မာလူမျိုးတိုင်း ကြိုက်တဲ့ သရက်သီးရဲ့ အစွမ်း


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 01/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement