လက်ဖက်စိမ်းမှ ထုတ်ယူရရှိတဲ့ အနှစ်ဟာဆိုရင် ကစီဓာတ်စုပ်ယူခြင်းကို နှေးကွေးစေပြီး အင်ဆူလင်ရဲ့ လုပ်ငန်းဆောင်တာကို ပိုကောင်းစေကာ အဆီများ လောင်ကျွမ်းခြင်းကို ပိုဖြစ်စေပါတယ်။ ဒါ့အပြင် လက်ဖက်စိမ်း မှာ epigallocatechin gallate (ECCG) လို့ခေါ်တဲ့ ပစ္စည်းတစ်ခုလည်းပဲ ပါဝင်ပါတယ်။ ကဖင်းဓာတ်ပါတဲ့ အစားအသောက်နှင့် ရောစားတဲ့အခါမှာ လက်ဖက်စိမ်းဟာ အစားအသောက်ကြောင့် တက်လာတဲ့ ကယ်လိုရီတွေအများကြီးကို လောင်ကျွမ်းစေပြီး ဇီဝကမ္မ ဖြစ်စဉ်ကို ပိုပြီးမြန်ဆန်လာအောင် ပြုလုပ်ပေးပါတယ်။ ယေဘုယျအားဖြင့် လက်ဖက်စိမ်းဟာ သင့်ကျန်းမာရေးအတွက် အလွန်အကျိုးရှိပြီး ကူညီပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်လာအောင် လုပ်ပေးနိုင်ပါတယ်။
ရှောက်ချိုသီး ကဲ့သို့ အသီးမှာပါဝင်တဲ့ ဆိုင်နီဖရင်းဓါတ်
ဆိုင်နီဖရင်းဓာတ် (Synephrine) ဟာဆိုရင် အယ်လ်ကာလွိုက် (alkaloids) များစွာပါဝင်ပြီး ၎င်းဟာ ဇီဝကမ္မဖြစ်စဉ်ကို ပိုပြီး လှုံ့ဆော်ကာ အဆီများလောင်ကျွမ်းခြင်းကို ပိုကောင်းစေပါတယ်။ လက်ဖက်စိမ်းလိုပဲ ဆိုင်နီဖရင်းဓာတ်ဟာ စွမ်းအင်အသုံးပြုမှုကို ပိုမိုများစေပြီး ခန္ဓာကိုယ်မှ အဆီပိုတွေ များစွာလောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှ အဆီတွေကို စွမ်းအင်အဖြစ် ပြောင်းလဲခြင်းကို လှုံ့ဆော်ပေးကာ အဆီပို လျှော့ချရာမှာ ကူညီပေးနိုင်ပါတယ်။
၇ ကီတို (7 – Keto)
ဒီပစ္စည်းဟာဆိုရင် ဟော်မုန်းမဟုတ်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပြီး အဆီများလောင်ကျွမ်းရာမှာ ကူညီပေးပါတယ်။ ၇ကီတို ကို အသုံးပြုခြင်းအားဖြင့် သင့်အရေပြားအောက်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ၎င်းကို DHEA လို့ခေါ်တဲ့ ဟော်မုန်းနှင့် ဆင်တူတဲ့ နောက်ထပ် ပစ္စည်းတစ်ခုလို့လည်းခေါ်ပြီး ဘေးထွက်ဆိုးကျိုးမရှိပဲ ခန္ဓာကိုယ်ရဲ့ အပူထုတ်နှုန်းကို ပိုမိုတိုးတက် ကောင်းမွန်စေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။