backup og meta

အံ့အားသင့်စေမယ့် အစားလျှော့စားခြင်းယုံတမ်းစကားများကို ချေဖျက်ခြင်း

အံ့အားသင့်စေမယ့် အစားလျှော့စားခြင်းယုံတမ်းစကားများကို ချေဖျက်ခြင်း
အံ့အားသင့်စေမယ့် အစားလျှော့စားခြင်းယုံတမ်းစကားများကို ချေဖျက်ခြင်း

အစားအသောက်ဆိုတာဘာလဲ။

ကြိယာအဖြစ် သုံးပါက ဝိတ်ချခြင်းကိုဆိုလိုပြီး နာမ်အနေဖြင့်သုံးပါက ပုံမှန်အစားအသောက်ကို ဆိုလိုသည်။ မှန်ကန်သော အစားအသောက်စားသုံးခြင်းဆိုတာ နောက်တစ်မျိုးရှိသေးသည်။ ဥပမာ ဝိတ်ချရန် အစားအသောက်လျော့နေသည်ဟု ပြောခြင်းသည် အစားအသောက် မစားခြင်းကိုဆိုလိုသည်။  အောက်ပါ ၈မျိုးအဓိပ္ပာယ်ရနိုင်သည်။

အစားအသောက်မစားခြင်း။

လူတိုင်းအဝမလွန်မလိုကြပါ။ ထိုကြောင့် အရေပြားအောက်တွင် စုနေသော အဆီကို ဖယ်ရန် ကြိုးစားကြသည်။ အချို့က အစားအသောက်လျှော့စားခြင်းကို အကြံပေးလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မစားပါက မဝဘူးဟူသော ယုံကြည်ချက်ကြောင့်ဖြစ်သည်။ သို့သော် ထိုအရာက မှားသည်။ ကျွန်ုပ်တို့သည် အစားအသောက်ကြောင့် အင်အားရ အသက်ရှင်နေခြင်းဖြစ်သည်။ ထိုသို့ မစားမသောက်ဘဲနေပါက မနက်ထချိန်တွင် အင်အားအပြည့်အဝရှိပြီး အလုပ်သွားနိုင်ပါ့မလား။ ကောင်းမွန်စွာ မစားပါက ဖြစ်သောထိခိုက်မှုများကို သင်ဘယ်လိုခံနိုင်မလဲ။ အသိသာဆုံးကိစ္စက နုန်းခြင်း၊ အလုပ်ကောင်းစွာမလုပ်နိုင်ခြင်းတို့ဖြစ်လာလိမ့်မည်။ မည်သို့ပင်ဆိုစေ အစားအသောက်ရှောင်ခြင်းမပြုလုပ်ပါနှင့်။

မကောင်းသောအစာများလည်းရှိပါသည်။

တကယ်တော့ သဘာဝအတိုင်းဆိုသောအရာက သင့်တင့်သည်ဟုသာ အဓိပ္ပာယ်ရပြီး အကုန်ကောင်းခြင်း အကုန်ဆိုးခြင်းဟုမဆိုလိုပါ။ သင်ဘယ်လိုအသုံးချသလဲပေါ်သာမူတည်သည်။ လုံးဝမကောင်းသော အစာဟူ၍မရှိပါ။ စွဲသွားပြီး မကောင်းသောအကျိုးဖြစ်စေသော အစာဟုသာရှိသည်။ သို့သော် ကျန်းမာစေသောအစာနှင့် သိပ်မကျန်းမာစေသော အစာတော့တကယ်ရှိသည်။ သင်တစ်ခုခုကိုစမ်းကြည့်ပြီး ကြိုက်သွားတာမျိုးဖြစ်လျှင်တောင် သင့်တင့်အောင်စားခြင်းပြုလုပ်ပါ။

ကျန်းမာသောအစာက ဈေးကြီးသည်။

တစ်ခါတစ်ရံ ကျန်းမာသောအစာက ဈေးကြီးနိုင်သည်။ သို့သော် သိပ်ဈေးမကြီးသောအရာကို ဝယ်ပြီး ကျန်းမာအောင်လုပ်နိုင်သည်။ ပန်းသီး၊ လိမ္မော်သီး၊ ဟင်းနုနွယ်စသည်တို့သည် ပြုပြင်ထားသော အသားဟင်းများထက်များစွာပိုကောင်းသည်။ ထို့ပြင် ကြာရှည်ကို ကြည့်မည်ဆိုသော် ပြုပြင်ပြီး အသင့်စားအစာများစားခြင်းက ဆေးဝါးကုန်ကျမှုများကို ဖြစ်စေနိုင်သည်။ ထိုကြောင့် ကျန်းမာသောအစာက လုံးဝဈေးမကြီးဟုဆိုနိုင်သည်။

အဆီက အဆီဖြစ်စေသည်။

အဆီက အဆီကိုမဖြစ်စေပါ။ စားလိုစိတ်တက်စေခြင်းနှင့်အတူ ဗိုက်ပြည့်ခြင်း၊ တင်းတိမ်ခြင်းကိုဖြစ်စေသည်။ မှန်ကန်သောအဆီကိုရွေးပါက မကောင်းသော ၁ချက်ကောင်းသော ၃ချက်ရှိသည်။ မပြည့်ဝဆီကိုစားသင့်သည်။ သံလွင်ဆီ၊ ငါးအဆီတွင် ထိုအဆီမျိုးပါဝင်သည်။ အဓိက သင့်အားဝစေသောအဆီက ပြုပြင်ပြီးအသင့်စားအစာမှရသော အဆီသာဖြစ်သည်။

ညတွင်စားခြင်းက ခါးတွင်အဆီတုတ်စေသည်။

တကယ်တော့ တိတိကျကျမမှန်ပါ။ လူတိုင်း၂၄ နာရီအချိန်ရှိပြီး သင့်အချိန်ဇယားအတိုင်း အလုပ်လုပ်ကြသည်။ စားခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သင်ဘယ်အချိန်စားသည် ဘာစားသည် စားပြီးဘာလုပ်သည်က တကယ်တော့အရေးမကြီးပါ။ သို့သော် ဗိုက်တင်းနေချိန် အိပ်ရာဝင်ခြင်းကတော့မကောင်းပါ။

ကြက်ဥအနှစ်နှင့် နှလုံးရုတ်တရပ်ဖောက်ခြင်း။

ဥအနှစ်သည် ကိုလက်စထရောပမာဏကို နှလုံးတွင်တက်စေခြင်းကြောင့် သွေးတိုးနှင့် နှလုံးရောဂါဖြစ်စေနိုင်ကြောင်း သိကြသည်။ သို့သော ဥအနှစ်တွင် ၁၈၅မီလီဂရမ် ကိုလက်စထရောပါသည်ဆိုတာ မှန်သော်လည်း ကောင်းသော HDLကိုလက်စထရောများသာဖြစ်ကြောင်း ကော်နက်တီကတ်တက္ကသိုလ်လေ့လာချက်များကဆိုသည်။ သို့သော် အလွန်အကျူးစားခြင်းက မကောင်းနိုင်ပါ။ အသင့်အတင့်စားသုံးခြင်းသာ အကောင်းဆုံးဖြစ်သည်။

သကြားမပါသော အစားများက အကောင်းဆုံးဖြစ်သည်။

အတိအကျမလိုအပ်ပါ။ အမှန်က သင်လိုအပ်သော ကယ်လိုရီထက် သင်ပိုစားပါက ဝိတ်တက်မည်ဖြစ်သည်။ တံဆိပ်တွင် ဘာပါလဲဖတ်သင့်သည်။ သကြားမပါ၊ ဂလူတန်မပါပါက အတုများကို အရသာအတွက် အစားထိုးကြမည်။ ထိုအစားထိုးအရာများက သင့်ခန္ဓါကိုယ်အတွင်း ကယ်လိုရီများလာစေနိုင်သည်။

လေ့ကျင့်ခန်းလုပ်ခြင်းက ပရိုတင်းဖြစ်သည်။

သင်ပုံမှန်လေ့ကျင့်ခန်းလုပ်ပါက ပရိုတင်းပုံမုန်လောက်လိုနိုင်ပြီး အများကြီးတော့မလိုပါ။ လူအတော်များများက လေ့ကျင့်ခန်းမလုပ်ပဲ ပရိုတင်းကိုနေ့စဉ် ပိုစားတတ်ကြသည်။

အင်တာနက်ကအမြဲမှန်သည်။

သတင်းအချက်များ စုသောနေရာဖြစ်သည်က မှန်သော်လည်း သင်ဖတ်သမျှမမှန်နိုင်ပါ။ ကျွမ်းကျင်သူတို့နှင့် တိုင်ပင်ခြင်းကပိုကောင်းနိုင်သည်။

ထိုအရာက အစားအသောက် မူမှားနေသောကိုးချက်ဖြစ်သည်။ အမှန်ဆိုအယူမှားနေခြင်းများစွာရှိသေးသည်။ သို့သော် သင်မဖတ်ခင်သေချာစွာလေ့လာပါ။ မည်သို့ပင်ဆိုစေ ကျန်းမာစွာစားသောက်ခြင်းကအဓိကအချက်ဖြစ်သည်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“Popular diet myths debunked”
https://www.sciencedaily.com/releases/2016/02/160204151750.htm

“20 Mainstream Nutrition Myths (Debunked by Science)”
https://authoritynutrition.com/20-mainstream-nutrition-myths-debunked/

“10 Nutrition Myths Debunked”
http://www.bodybuilding.com/content/10-nutrition-myths-debunked.html

“Top 7 Diet Myths Debunked: Diet Facts Revealed”
http://www.shape.com/weight-loss/tips-plans/top-7-diet-myths-debunked-diet-facts-revealed

ယခုပုံစံ

01/02/2022

Nadi မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အကျိုးပြု HDL ကိုလက်စထရောမြင့်စေသော အစားအစာများ

ပြုပြင်အစားအစာများ အန္တရာယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement