backup og meta

ဖျော်ရည်ဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန်လျှော့ချဖို့ ထိရောက်တဲ့ နည်းလမ်းကိုရှာရတာဟာလူအတော်များများကြားမှာထင်ရှားတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာလူတွေဟာဖျော်ရည်သောက်ပြီးကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားလာကြပါတယ်။

သို့သော်ဒါဟာထိရောက်မှု ရှိမရှိကိုတွေဝေနေကြတုံးပါပဲ။ သင့်မှာအလားတူမေးခွန်းရှိနေရင် ဒီဆောင်းပါးဟာအသုံးဝင်တဲ့ အချက်အလက်တွေ ပြောပြမှာဖြစ်ပါတယ်။

အဝလွန်ခြင်းနဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်အလေးချိန် တစ်ပေါင် ပိုတက်လာလေလေမတူညီတဲ့ ကျန်းမာရေး ပြဿနာတွေ အခု၅၀လောက် ပိုရင်ဆိုင်ရလာလေလေ ဖြစ်ပါတယ်။ ဟားဗတ် တက္ကသိုလ်မှလေ့လာမှုတစ်ခုအရကိုယ်အလေးချိန်များတဲ့ (သို့) အဝလွန်တဲ့သူတွေဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာနဲ့ စိတ်ကျရောဂါတို့ကိုပိုမိုခံစားရဖွယ်ရှိတယ်လို့ ဖော်ပြပါတယ်။

ကိုယ်အလေးချိန်နဲ့ စိတ်ကျခြင်း – ၂၀၁၀မှာ ထုတ်ဝေခဲ့တဲ့ စိတ်ကျန်းမာရေးလေ့လာမှုတစ်ခုအရအဝလွန်ခြင်းဟာပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေနဲ့ ယှဉ်ရင် စိတ်ကျရောဂါဖြစ်နိုင်ခြေကို ၅၅ရာခိုင်နှုန်းပိုမိုဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။

ကိုယ်အလေးချိန်နှင့် ကင်ဆာ – အင်္ဂလန် ဆေးပညာဂျာနယ်တစ်ခုမှာထုတ်ဝေခဲ့တဲ့လေ့လာမှုတစ်ခုကအဝလွန်ခြင်းနဲ့ ကင်ဆာအတော်များများရဲ့ ဆက်နွယ်မှုကိုဖော်ပြခဲ့ပါတယ်။ အမျိုးသားရောအမျိုးသမီးမှာပါ အဝလွန်ခြင်းဟာအစာပြွန်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အသည်းနဲ့ ကျောက်ကပ်ကင်ဆာတို့ကို ဖြစ်နိုင်ချေ ပိုမိုများပြားစေပါတယ်။

အမျိုးသားတွေမှာ အစာအိမ် (သို့) ဆီးကျိတ်ကင်ဆာအပြင်းအထန် ခံစားနေရသူတွေဟာ ကိုယ်အလေးချိန်များသူ (သို့) အဝလွန်သူတွေ ဖြစ်ကြပါတယ်။ အမျိုးသမီးတွေမှာတော့ အဝလွန်ခြင်းဟာ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာတို့ကနေ သေနှုန်းပိုမို မြင့်မားစေပါတယ်။

ကိုယ်အလေးချိန်နဲ့ ဘဝသက်တမ်း – အဝလွန်ခြင်းဟာသင့်ဘဝရဲ့ နှစ်ပေါင်းများစွာကိုယူဆောင်သွားမှာပါ။ အင်္ဂလန် ဆေးပညာဂျာနယ်ကလေ့လာမှုတစ်ခုအရအသက် ၅၀ ကနေ ၇၁နှစ်အရွယ်မှာကိုယ်အလေးချိန်များတဲ့လူတွေဟာအခြားသူတွေထက် ပိုမိုမြန်ဆန်တဲ့ သေဆုံးခြင်းကိုကြုံရတတ်တယ်လို့ ဆိုပါတယ်။ အဝလွန်တဲ့ လူတွေကြားမှာလည်းသေနှုန်းဟာ နှစ်ဆကနေသုံးဆအထိပိုမိုများပြားပါတယ်။

အဝလွန်ခြင်းရဲ့ အကြောင်းရင်းများ

အဝလွန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။

  • လေ့ကျင့်ခန်း (သို့) ကိုယ်ခန္ဓာ လှုပ်ရှားမှု မလုပ်ခြင်း
  • မှားယွင်းသောလူမှုဘဝနေထိုင်ပုံရွေးချယ်ခြင်းများ
  • မျိုးရိုးဗီဇ
  • ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ပုံ

ကိုယ်အလေးချိန် လျော့ကျစေရန် နည်းလမ်းများ

ကာဘိုဟိုက်ဒရိတ်နည်းပါးတဲ့ အစားအစာစားသုံးခြင်း၊ ဘီယာနှင့်အရက် စွဲလမ်းမှုမှ ရှောင်ကြဉ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ သောက်သုံးခြင်းနဲ့ တရားထိုင်ခြင်းအစရှိတဲ့ အရာတွေနဲ့ ကိုယ်အလေးချိန်ကို ကြိုးစားလျှော့ချ နိုင်ပါတယ်။

ဖျော်ရည်ဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်း

လူသိများတဲ့ အခြားကိုယ်အလေးချိန်လျှော့နည်းကတော့ အစာစိမ်းလို့ လူသိများတဲ့ ဖျော်ရည်သောက်ခြင်းပဲ ဖြစ်ပါတယ်။ အသီးဖျော်ရည်ကိုသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ကအဆိပ်အတောက်တွေ ထွက်စေပြီးလိုအပ်တဲ့ အာဟာရတွေ ပြန်လည်ရရှိတာမို့ကောင်းမွန်တဲ့ကျန်းမာရေးအခြေအနေကိုပြန်လည်ထိန်းသိမ်းထားနိုင်ပါတယ်။

The Miracle of Fastingစာအုပ်ရေးသူ Paul and Patricia Bragg က အစားမစားဘဲနေခြင်းဟာ ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကိုရှင်းထုတ်သန့်စင်ခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒါဟာ ရေတိုနည်းလမ်းပဲ ဖြစ်ပြီး ရေရှည်မျာတော့ အစာအုပ်စု စုံစုံလင်လင်ကို မျှမျှတတနဲ့ သင့်တော်တဲ့ပမာဏစားတာက အကောင်းဆုံး ဖြစ်မှာပါ။

အောက်ဖော်ပြပါ စာရင်းကတော့ ကိုယ်အလေးချိန်လျှော့ချဖို့ သောက်သုံးနိုင်တဲ့အသီးဖျော်ရည်တွေဖြစ်ပါတယ်။

  • သခွားသီးဖျော်ရည်
  • တရုတ်နံနံဖျော်ရည်
  • မုန်လာဥနီဖျော်ရည်
  • ဂေါ်ဖီရွက် ဖျော်ရည်
  • ကြက်ပါင်းခါးသီးဖျော်ရည်
  • Wheatgrassဖျော်ရည်
  • ရှားစောင်းလက်ပပ်ဖျော်ရည်
  • ဖရဲသီးဖျော်ရည်
  • ဆီးဖြူသီးဖျော်ရည်
  • တလည်းသီးဖျော်ရည်
  • သံပုရာရည်
  • ဘယ်ရီသီးဖျော်ရည်

ကိုယ်အလေးချိန်များခြင်း (သို့) အဝလွန်ခြင်းဟာကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကို ဆိုးကျိုးတွေ အများကြီးသယ်ဆောင်လာတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ရမယ် (သို့) ဘယ်လိုအသီးဖျော်ရည်က သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်တယ် ဆိုတာကို သေချာရွေးချယ်သင့်ပါတယ်။ တကယ်လို့ မသေချာဘူးဆိုရင်တော့ ဆရာဝန်ဆီကအကြံဉာဏ်ကိုတောင်းခံသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.helpguide.org/harvard/how-excess- weight-affects- your-health.htm Accessed
March 30, 2017

https://www.helpguide.org/harvard/how-excess- weight-affects- your-health.htm Accessed March 30,2017

ယခုပုံစံ

16/06/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစားအသောက်ထိန်းစရာမလိုပဲ ကိုယ်အလေးချိန် လျှော့ချနည်း ဆယ်မျိုး

အာရှ အစားအစာတွေဟာ သင့်ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုပါတယ်။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement