backup og meta

ညဘက်အချိန် ကိုယ်အလေးချိန်လျှော့ခြင်း နည်းလမ်းများ

လူအများစုသည်တစ်နေကုန်လုပ်ငန်းခွင်ဝင်ရသဖြင့်လေ့ကျင့်ခန်းပြုလုပ်ရန်အချိန်မရှိတတ်ကြပေ။ ကျွန်ုပ်တို့တွင်ညပိုင်းသာ အားလပ်သဖြင့်ထိုအချိန်တွင်အားကစားခန်းမလည်းပိတ်သွားပြီဖြစ်သည်။ တစ်နေ့ပြီးတစ်နေ့ကိုယ်အလေးချိန်တက်လာသည်ကိုသာထိုင်ကြည့်နေရသည်။ ထိုအချင်းအရာသည်အမျိုးသမီးများကိုအလွန်စိတ်မကောင်းဖြစ်စေသည်။ ကံကောင်း သည်မှာဤဆောင်းပါးတွင်ညဘက်၌

ကိုယ်အလေးချိန်လျှော့ချနိုင်သည့်အံ့သြဖွယ်နည်းလမ်းများကို ဖော်ပြထားခြင်းဖြစ်သည်။

ဆားပါဝင်မှုနည်းသောညစာကိုစားပါ

အငန်များသော/ဆားများသောညစာစားပြီးလျှင်နောက်နေ့ မနက်အိပ်ယာထလျှင်ရင်ပြည့်ရင်ကယ်ဖြစ်တတ်သည်။ အစာချေ လမ်းကြောင်းတွင်ဆားဓါတ်ရှိနေပြီးဆားကရေကိုဆွဲထားသဖြင့် ကိုယ်အလေးချိန်မြင့်တက်မည်မှာအထူးပြောစရာပင်မလိုပေ။ ထို့ကြောင့်ရေနွေးနွေးဖြင့်ချက်ခြင်း၊ဟင်းသီးဟင်းရွက်များကိုရေလုံပြုတ်စားခြင်းစသောပေါ့ပါးလွယ်ကူ၍သင် ကိုယ်တိုင်ချက်ပြုတ်နိုင်သောညစာကိုသာစားသင့် ပါသည်။

ညအခါတွင်အားကစားလုပ်ပါ

လေ့ကျင့်ခန်းလုပ်၍ချွေးထွက်သောအခါ ကိုယ်အလေးချိန်လျော့ကျနိုင်ကြောင်းကျွန်ုပ်တို့အားလုံးသိပြီးဖြစ်သည်။ ယခင်ကညဘက်လေ့ကျင့်ခန်းပြုလုပ်ပါက အိပ်ပျော်ရန်ခက်ခဲသည်ဟုထင်ခဲ့သော်လည်းအမှန်မှာထိုသို့မဟုတ်ပါ။ အမေရိကန်အမျိုးသားအိပ်စက်ခြင်းဆိုင်ရာဖောင်ဒေးရှင်းကသုတေသနတစ်ခုတွင်ညဘက်၌လှုပ်လှုပ်ရှားရှား နေသူကထိုသို့မနေသူထက်ပိုမိုကောင်းမွန်စွာအိပ်ပျော်သည်ဟုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော်ထိုသို့ပြုလုပ်ခြင်းဖြင့်

သင်တစ်နေကုန်စိတ်ဖိစီးခဲ့သမျှပြေလျော့သွားခြင်း၊

အားကစားလုပ်ပြီးပင်ပန်းသောကြောင့် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ခြင်းဖြစ်ပါသည်။

သင့်နေ့လည်စာကိုပြင်ဆင်ပါ

နောက်တစ်နေ့နေ့လည်စာအတွက်ညကတည်းကပြင်ဆင်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့်ကယ်လိုရီများစွာကိုသုံးစွဲပြီးသားဖြစ်သွားသည်။ ထို့ပြင်အိမ်တွင်ချက်ပြုတ်သောအစားအစာများသည်စားသောက်ဆိုင်မှအစားအစာများနှင့်ယှဉ်ပါကကယ်လိုရီတစ်ဝက်ခန့်သာရှိပါသည်။ ထို့အစားအစာများနှင့်ယှဉ်ပါကကယ်လိုရီတစ်ဝက်ခန့်သာရှိပါသည်။ ထိုရီ တစ်ဝက်ခန့်သာရှိပါသည်။ ထို့ကြောင့်တစ်ချက်ခုတ်လျှင်နှစ်ချက်

ပြတ်နိုင်သည်ဟုဆိုချင်ပါသည်။

ရေများများသောက်ပါ

ရေများများသောက်ခြင်း၏အကျိုးကျေးဇူးကိုလူတိုင်းသိသည်။ ရေသောက်ခြင်းသည်ကိုယ်အလေးချိန်လျော့ချရာ၌ကူညီပေးသည့်အပြင်အရေပြားကိုလည်းကောင်းမွန် လှပစေသည်။ သို့သော်လည်းညဘက်ခဏခဏဆီးထမသွားရန်မအိပ်ခင် တစ်နာရီအလို လောက်ထိသာရေသောက်ပေးပါ။

အိပ်ခန်းကိုအလင်းရောင်မှောင်မှောင်သာထားပါ

လူတစ်ဦးကလုံးဝမှောင်နေသောနေရာကိုရောက်လျှင်ခန္ဓါကိုယ်က မယ်လယ်တိုနင်ဟုခေါ်သောဟော်မုန်းကိုထုတ်ပေးသည်။ ထိုဟော်

မုန်းသည်ကယ်လိုရီ လောင်ကျွမ်းမှုကိုအားပေးသည်။ ထို့ကြောင့်ကိုယ်အလေးချိန်မြန်မြန်လျှော့ချနိုင်ရန်သင့်အိပ်ခန်းကိုမှောင်နိုင်သမျှမှောင်ပါစေ။

အေးမြသောအိပ်ခန်းတွင်အိပ်ပါ

အေးသောပတ်ဝန်းကျင်တွင်ခန္ဓါကိုယ်ကိုနွေးထွေးရန်စွမ်းအင်ပိုမို သုံးစွဲရသည်။ ထိုအခါကယ်လိုရီကိုလောင်ကျွမ်းစေပြီးကိုယ်အလေးချိန်ကိုလျော့ကျစေသည်။

ကိုယ်အလေးချိန်လျော့ချခြင်းသည် “မဖြစ်နိုင်သောစစ်ဆင်ရေး” ဟုပြော၍မရတော့ပါ။ အဆင်ပြေသည့်အချက်မှာညဘက်တွင်ပင်ကိုယ်အလေးချိန်လျော့ကျနိုင်ခြင်း ဖြစ်သည်။ အထက်ပါအချက်များကိုလိုက်နာခြင်းဖြင့်လာမည့် ပျော်ပွဲစားရာသီအတွက် သင်၏သွယ်လျသောခန္ဓါကိုယ်ကအဆင်သင့်ဖြစ်နေနိုင်ပါပြီ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Things You Can Do at Night to De-Bloat and Promote Weight Loss. http://www.womenshealthmag.com/weight-loss/night-time- weight-loss- tipsAccessed January 13, 2017

Reasons Why It’s Okay to Work out at Night. http://www.womenshealthmag.com/fitness/exercise-at-night Accessed January 13, 2017

 

ယခုပုံစံ

21/06/2022

Dr. Ye Pyae Hein မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အာရှ အစားအစာတွေဟာ သင့်ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုပါတယ်။

အစားအသောက်ထိန်းစရာမလိုပဲ ကိုယ်အလေးချိန် လျှော့ချနည်း ဆယ်မျိုး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Ye Pyae Hein မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement