backup og meta

အဆီပိုများဖြစ်ရခြင်းအကြောင်းရင်း

အဆီပိုများဖြစ်ရခြင်းအကြောင်းရင်း

တချို့လူတွေက Cellulite ဆိုတာ အဆီပဲ လို့ပြောကြတယ်။ အချို့ကတော့ Cellulite မှာ အရေပြားအောက်မှာ ပိုနေတဲ့ ရေတွေနဲ့ ပိတ်မိနေတဲ့ အဆိပ်အတောက်တွေ ပါဝင်တယ်လို့ ဆိုကြတယ်။ အမှန်ကတော့ Cellulite ဟာ အရေပြားရဲ့ ပုံသဏ္ဍာန်ကို ပျက်ပြားစေပြီး အဆီဖုလေးတွေ အရေပြားအောက်မှာရှိနေတာကြောင့် ခွက်နေ၊ အဖုထနေတဲ့ ပုံစံမျိုးဖြစ်တဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။

အဆီဟာ သူ့ချည်းဆိုရင် Cellulite ရဲ့ဖုထစ်နေတဲ့ ပုံစံမျိုးဖြစ်အောင် မလုပ်ပါဘူး။ မှန်ကန်တဲ့ အခြေအနေမှာဆိုရင် အဆီဟာ လှပစေပါတယ်။ တကယ်တော့ မျက်နှာကအဆီဟာ ငယ်ရွယ်တဲ့လူတွေရဲ့ မျက်နှာမှာတွေ့ရတဲ့ ချောမွေ့လှပတဲ့ ပါးလေးတွေကို ဖြစ်စေပါတယ်။ ပလပ်စတစ် ဆာဂျင်တွေက လူနာတွေရဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓါထဲကို အဆီထိုးသွင်းဖို့အတွက် ပိုက်ဆံအများကြီး ယူကြတာဖြစ်ပါတယ်။ တကယ်တော့ အဆီထိုးခြင်းဟာ Cellulite ဖြစ်ပေါ်ခြင်းကို ကုသမှုတစ်ခု အနေနဲ့လဲ အသုံးပြုနိုင်ပါတယ်။

ဘယ်အရာက cellulite ကို ပုံမှန် အဆီတွေကနေ ကွာခြားအောင် လုပ်လိုက်တာလဲ။

တကယ်တော့ နေရာတစ်ခုဟာ ချောမွေ့မလား၊ ကြမ်းတမ်းမလားဆိုတာဟာ အပေါ်ယံအရေပြားနဲ့ အောက်မှာရှိတဲ့ connective tissue တို့ရဲ့ တည်ဆောက်ပုံပေါ်မှာ မူတည်ပါတယ်။

ဘယ်သူတွေက Cellulite ရတတ်တာလဲ။

အမျိုးသားတွေဟာ အဝလွန်နေရင်တောင် Cellulite ရဖို့ ခက်ခဲတယ်ဆိုတာ ဘာလို့လဲလို့ တွေးတောဖူးပါသလား။ အဝလွန်တဲ့ ကလေးတွေကရော ဘာလို့ Cellulite မရှိတာလဲ။ ဒါမှမဟုတ် အရမ်းပိန်တဲ့ အမျိုးသမီးတွေမှာရော Cellulite ကို မြင်ဖူးပါသလား။

သူဖြစ်တဲ့နေရာမှာ အဆီပါဝင်မှုပေါ်မူတည်ပြီး Cellulite ဖြစ်တတ်သော်လည်း သူဟာ အလွန်ပိန်တဲ့ အမျိုးသမီးတွေမှာတောင် ဖြစ်ပွားတတ်ပါတယ်။ ဒီအခါမျိုးမှာတော့ အဆီဟာ သူ့ရဲ့ ပထမ အကြောင်းရင်း မဟုတ်တော့ပါဘူး။

ဘာလို့ Cellulite ရှိကြတာလဲ။

အရေပြားအောက်မှာ ကြွက်သားနဲ့ ကပ်ထားပေးတဲ့ fibrous tissue ဆိုတဲ့ အလွှာတစ်ခုရှိပါတယ်။ အမျိုးသားအများစုမှာ ဒီ တစ်ရှူးဟာ ထောင့်ဖြတ် အနေအထားနဲ့ ရှိနေပြီးတော့ ချောမွေ့တဲ့ ပုံစံကို ပေးစွမ်းပါတယ်။

အမျိုးသမီးတွေမှာတော့ ဒီလိုမဟုတ်ပဲ ဒေါင်လိုက်ပုံစံရှိပါတယ်။ ဒါ့ကြောင့် ဒီကပ်စေတဲ့ fibrous bands တွေက အချို့နေရာတွေမှာ အရေပြားနဲ့ အောက်က တစ်ရှူးကို ကပ်စေပြီး အဆီအတွက် အခန်းငယ်တွေကို ဖြစ်ပေါ်စေပါတယ်။

ဒီလို ပုံစံကွာခြားမှုဟာ ဘာလို့ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ Cellulite ပိုဖြစ်တာလဲ ဆိုတာ ရှင်းပြနိုင်ပါတယ်။

သတင်းဆိုးကို အရင်ပြောပါရစေ။

ငယ်ရွယ်စဉ်မှာ connective tissue တွေဟာ အရေပြားကို ချောမွေ့စေဖို့ ကျုံ့နိုင် ဆန့်နိုင်တဲ့ အစွမ်းရှိပါတယ်။ အရွဝ်ရောက်လာရင်တော့ ဟော်မုန်းဖေါက်ပြန်မှုတွေ ဖြစ်လာပြီးတော့ သူတို့ကို မာကျောလာစေပါတယ်။ တစ်ချိန်တည်းမှာပဲ အဆီဆဲလ်တွေဟာ အခြားနေရာတွေကို ပြန့်သွားပြီးတော့ အရေပြားကို တွန်းတင်လိုက်ပါတယ်။

Bands of connective tissue တွေဟာ ကျုံ့လာပြီးတော့ အသက်ကြီးလာတာနဲ့အမျှ မာလာတာကြောင့် သူတို့ဟာ အရေပြားကို ပိုပြီးတောင် ဆွဲချပ်သေးတယ်။ ဒီအချိန်မှာ အဆီသိုလှောင်မှုများလာပြီး ပတ်ဝန်းကျင်နေရာတွေကိ တွန်းတင်လိုက်ပါတယ်။ ဒီလိုနှစ်ခု အတူတူဖြစ်လာရင်တော့ ခွက်လိုက် ဖေါင်းလိုက် ဖြစ်တဲ့ နေရာတွေ ဖြစ်ပေါ်လာပါတော့တယ်။

အသက်ကြီးလာတာနဲ့ အမျှ အရေပြားရဲ့ အပေါ်ယံအလွှာဟာ အားနည်းလာပြီး ပါးလာကာ ကျုံ့နိုင်ဆန့်နိုင်စွမ်း နည်းပါးလာပါတယ်။ အရေပြားဟာ ကျုံ့လာပါတယ်။ connective septae တွေဟာ ဒီအတိုးရှိပြီးတော့ ကျုံ့လိုက်ခြင်းကြောင့် အချိန်ကြာလာတဲ့အမျှ Cellulite ဖြစ်ပေါ်မှုဟာ ပိုမို ဆိုးဝါးလာပါတယ်။

ဖစ်နိုင်တဲ့ နောက်တစ်ချက်ကတော့ Yo-yo dieting ပဲဖြစ်ပါတယ်။ ပိန်လိုက် ဝလိုက် ဖြစ်နေတာဟာ အရေပြားရဲ့ ကျုံ့ဆန့်နိုင်ခြင်းကို ပျက်စီးစေပြီး Cellulite တွေ ပိုပြီး သိသာ ထင်ရှားလာမှာပါ။

သတင်းကောင်း

ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုမူနေထိုင်ခြင်းနဲ့ Cellulite တွေရဲ့ ပုံပန်းသဏ္ဍာန်ကို တိုးတက်စေနိုင်ပါတယ်။ ဒါဟာ ရေဓါတ်ဖြည့်တင်းခြင်း၊ ဆေးလိပ်မသောက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကို ဆိုလိုတာ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အရေပြားအောက်မှာရှိတဲ့ အဆီလွှာကို လျော့နည်းလာစေပြီး Cellulite တွေကို ပျောက်ကင်းစေပါတယ်။ သင့်တော်တဲ့ အစားအစာတွေ စားသောက်ခြင်းဟာ အရေပြားနဲ့ connective tissue ကို ပိုမို သန်မာ စေပါတယ်။ ရေများများသောက်ခြင်းကလဲ Cellulite ကို ပိုဆိုးစေတဲ့ ရေကို ကိုယ်ခန္ဓါထဲမှာ သိုလှောင်ထားမှုကို ကာကွယ်ပေးပါတယ်။

လေ့ကျင့်ခန်းကတော့ Cellulite ကို နည်းလမ်းအမျိုးမျိုးနဲ့ အထောက်အကူပြုပါတယ်။ အဆီကို ကျဆင်းစေရုံတင်မက သွေးစီးဆင်းမှုကို အားပေးပြီး ကြွက်သားတွေကို မာလာစေပါတယ်။ ဒါဟာ အရေပြားနဲ့ connective tissue ကို ကျန်းမာသန်စွမ်းစေပြီး မလိုလားအပ်တဲ့ ပစ္စည်းတွေကို ထုတ်ပစ်ခြင်းနဲ့အရည်ကို သိမ်းဆည်းခြင်းတို့ကို ကူညီပေးပါတယ်။

ခါးသီးတဲ့ အမှန်တရား

ကမ္ဘာပေါ်မှာ အကောင်းဆုံး အစားအစာတွေကို စားနေပေမယ့်လည်း Cellulite တော့ ဖြစ်နိုင်သေးတာပါပဲ။ ပြင်းထန်မှုနဲ့ တည်နေရာတို့ကတော့ ဟော်မုန်းနဲ့ မျိုးရိုးဗီဇပေါ် မူတည်ပါတယ်။

Cellulite ကုသမှုတွေ ရှိပေမယ့် လုံးဝပျောက်ကင်းအောင်တော့ လုပ်လို့မရပါဘူး။ တကယ်တော့ အကောင်းဆုံး နည်းလမ်းတွေကို ပေးနေကြတဲ့သူတွေဟာ ဈေးကြီးတဲ့ အာနိသင်မရှိတဲ့ ဆေးတွေကို သုံးပြီး သင်ခက်ခက်ခဲခဲ ရှားထားရတဲ့ ပိုက်ဆံကို ယူဖို့ ကြိုါ်စားနေကြတာပါပဲ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Cellulite: A Review of its Physiology and Treatment; Mathew M. Avram; Journal of Cosmetic and Laser Therapy, Volume 6, Issue 4 December 2004
Cellulite: An Update; Press Release, American Society for Aesthetic Plastic Surgery, August 2003

ယခုပုံစံ

01/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကြွက်တက်ခြင်းဆိုတာ ဘာလဲ၊ ဖြစ်လာရင် ဘယ်လိုသက်သာအောင်လုပ်မလဲ

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေရရှိနိုင်မယ့်အရင်းအမြစ်များ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement