backup og meta

မျှဝေပါ။

အဆီချရာ၌ ပါဝင် စားသုံးပေးသင့်သော အစားအသောက်များ

အဆီချရမှာ အကောင်းဆုံးနည်းလမ်းကတော့ အစားအသောက်နှင့် လေ့ကျင့်ခန်းကိုယှဉ်တွဲပြီး လုံလုံလောက်လောက် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ သို့သော် အချို့သော လူတွေမှာ အဆီတွေဟာ အရမ်းဖယ်ရှားရ ခက်နေတတ်ပါတယ်။ သင်ဘယ်လောက်ဖယ်ရှားရ ခက်တဲ့ အဆီတွေဖြစ်ပါစေ ကိစ္စမရှိပါဘူး။ ယခုအချိန်ဟာ သင့်ရဲ့ အဆီတွေကိုချဖို့ရာ အသုံးဝင်တဲ့ အခြားသော ပစ္စည်းတွေ၊ အစားအသောက်တွေကို ရှာဖွေရမယ့် အချိန်ဖြစ်ပါတယ်။ အဆီချရာမှာ နည်းလမ်းအားဖြင့် အမျိုးမျိုး ကွဲပြားကြသော်လည်း ရည်ရွယ်ချက်အားလုံးကတော့ တစ်ခုတည်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေအားလုံးဟာ အဆီများကို ချေဖျက်ခြင်း၊ ဇီဝကမ္မ ဖြစ်စဉ် ပိုမို မြန်ဆန်လာစေခြင်းနှင့် ဂလူးကို့စ်ဓါတ်ကို လျော့ချခြင်း စတာတွေကို စုပေါင်းဦးတည်ပြီး လုပ်ဆောင်ပေးသောကြောင့် ဖြစ်ပါတယ်။

ကဖင်းဓာတ်

ကဖင်းဓာတ်ဟာဆိုရင် အဆီလျှော့ချတဲ့အခါ လူသိအများဆုံး ဖြည့်စွက်ပစ္စည်းပဲ ဖြစ်ပါတယ်။ ကဖင်းဓာတ်ဟာဆိုရင် အဆီရဲ့ ဓာတ်တိုးနှုန်းကို အလွန်မြင့်မားစေပြီး ခန္ဓာကိုယ်မှာ အဆီတွေကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲ အသုံးပြုခြင်းအားဖြင့် အဆီတွေကို အများကြီး လျော့ကျသွားစေပါတယ်။ ဝိတ်ချနေသူ အတော်များများဟာ ကဖင်းဓာတ်ကို ကြိုက်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကဖင်းဓာတ်ပါသော အစာတွေကို မစားသောက်တာထက်စာရင် စားသောက်ပေးခြင်းဟာ ပိုပြီး ထိရောက်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ကဖင်းဓာတ်ဟာ ဆာလောင်မှုကိုလည်း လျော့ကျစေအောင် ကူညီပေးပြီး အစားတွေ အများကြီးမစားမိအောင်လည်း ပြုလုပ်ပေးပါတယ်။

ကဖင်းဓာတ်ကို သင့်ရဲ့ နေ့စဉ် အစားအသောက်တွေ ထဲမှာ မထည့်ခင် သင့်ခန္ဓာကိုယ်က သူနဲ့အဆင်ပြေရဲ့လားဆိုတာကိုတော့ သေချာဖို့ လိုအပ်ပါတယ်။

လက်ဖက်စိမ်းအနှစ်များ

လက်ဖက်စိမ်းမှ ထုတ်ယူရရှိတဲ့ အနှစ်ဟာဆိုရင် ကစီဓာတ်စုပ်ယူခြင်းကို နှေးကွေးစေပြီး အင်ဆူလင်ရဲ့ လုပ်ငန်းဆောင်တာကို ပိုကောင်းစေကာ အဆီများ လောင်ကျွမ်းခြင်းကို ပိုဖြစ်စေပါတယ်။ ဒါ့အပြင် လက်ဖက်စိမ်း မှာ epigallocatechin gallate (ECCG) လို့ခေါ်တဲ့ ပစ္စည်းတစ်ခုလည်းပဲ ပါဝင်ပါတယ်။ ကဖင်းဓာတ်ပါတဲ့ အစားအသောက်နှင့် ရောစားတဲ့အခါမှာ လက်ဖက်စိမ်းဟာ အစားအသောက်ကြောင့် တက်လာတဲ့ ကယ်လိုရီတွေအများကြီးကို လောင်ကျွမ်းစေပြီး ဇီဝကမ္မ ဖြစ်စဉ်ကို ပိုပြီးမြန်ဆန်လာအောင် ပြုလုပ်ပေးပါတယ်။ ယေဘုယျအားဖြင့် လက်ဖက်စိမ်းဟာ သင့်ကျန်းမာရေးအတွက် အလွန်အကျိုးရှိပြီး ကူညီပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်လာအောင် လုပ်ပေးနိုင်ပါတယ်။

ရှောက်ချိုသီး ကဲ့သို့ အသီးမှာပါဝင်တဲ့ ဆိုင်နီဖရင်းဓါတ်

ဆိုင်နီဖရင်းဓာတ် (Synephrine) ဟာဆိုရင် အယ်လ်ကာလွိုက် (alkaloids) များစွာပါဝင်ပြီး ၎င်းဟာ ဇီဝကမ္မဖြစ်စဉ်ကို ပိုပြီး လှုံ့ဆော်ကာ အဆီများလောင်ကျွမ်းခြင်းကို ပိုကောင်းစေပါတယ်။ လက်ဖက်စိမ်းလိုပဲ ဆိုင်နီဖရင်းဓာတ်ဟာ စွမ်းအင်အသုံးပြုမှုကို ပိုမိုများစေပြီး ခန္ဓာကိုယ်မှ အဆီပိုတွေ များစွာလောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှ အဆီတွေကို စွမ်းအင်အဖြစ် ပြောင်းလဲခြင်းကို လှုံ့ဆော်ပေးကာ အဆီပို လျှော့ချရာမှာ ကူညီပေးနိုင်ပါတယ်။

၇ ကီတို (7 – Keto)

ဒီပစ္စည်းဟာဆိုရင် ဟော်မုန်းမဟုတ်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပြီး အဆီများလောင်ကျွမ်းရာမှာ ကူညီပေးပါတယ်။ ၇ကီတို ကို အသုံးပြုခြင်းအားဖြင့် သင့်အရေပြားအောက်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ၎င်းကို DHEA လို့ခေါ်တဲ့ ဟော်မုန်းနှင့် ဆင်တူတဲ့ နောက်ထပ် ပစ္စည်းတစ်ခုလို့လည်းခေါ်ပြီး ဘေးထွက်ဆိုးကျိုးမရှိပဲ ခန္ဓာကိုယ်ရဲ့ အပူထုတ်နှုန်းကို ပိုမိုတိုးတက် ကောင်းမွန်စေပါတယ်။

ကော်ဖီစေ့ အစိမ်းရဲ့အနှစ်များ

ကော်ဖီစေ့ဟာဆိုရင် ခလိုရိုဂျမ်းနစ် အက်စစ် (chlorogenic acid) ပမာဏများစွာ ပါဝင်ပြီး သွေးတွင်း သကြားဓာတ် စုပ်ယူမှုကို လျော့ကျစေကာ အသည်းမှာရှိတဲ့ အန်ဇိုင်းတွေကို တားဆီးပေးပြီး သွေးကြောထဲသို့ ဂလူးကို့စ်ဓာတ်တွေ ထုတ်လွှတ်ခြင်းကို လျော့ကျစေပါတယ်။ ဒီလို ဂလူးကို့စ်ဓာတ် နည်းနည်းပဲရှိတဲ့အခါ ခန္ဓာကိုယ်ဟာ သိုလှောင်ထားတဲ့ အဆီတွေကို ပိုပြီးချေဖျက်နိုင်ကာ စွမ်းအင် အဖြစ်သို့ ပိုမိုပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

ခရိုမီရမ်ဓာတ်

အင်ဆူလင်များခြင်းဟာ အဆီပိုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တကယ်လို့ သင်ဟာအဆီပိုတွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ အင်ဆူလင် ပမာဏကို ထိန်းသိမ်းထားပေးဖို့ရာ လိုအပ်ပါတယ်။ ခရိုမီရမ်ဓာတ်ဟာဆိုရင် အင်ဆူလင်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စေပြီး သွေးတွင်း သကြားဓာတ်ကို ပုံမှန်ဖြစ်စေပါတယ်။ ခရိုမီရမ်ဟာ ဇီဝကမ္မဖြစ်စဉ်ကိုလည်း ပိုမိုအရှိန်မြင့်လာအောင် ပြုလုပ်ပေးပါတယ်။

ဂလူကိုမန်နန် (Glucomannan)

ဒီပစ္စည်းဟာဆိုရင် အဆီချတဲ့အခါမှာ နည်းနှစ်မျိုး နဲ့ အဓိက ကူညီပေးပါတယ်။ ပထမတစ်ခုကတော့ ပြည့်အင့်တဲ့ခံစားမှုမျိုးကို ခံစားစေပြီး အစားအလွန်အကျွံမစားအောင် ကာကွယ်ပေးပါတယ်။ နောက်တစ်နည်းကတော့ ၎င်းဟာ ကစီဓာတ်စုပ်ယူမှုကို နှေးကွေးစေပြီး အဆီ သိုလှောင်မှုတွေကို လျှော့ချပစ်ပါတယ်။

ပဲကြီး

သင်စားလိုက်တဲ့ သကြားဓာတ် သို့မဟုတ် ဂလူးကို့စ် ဓာတ်ဟာဆိုရင် အဆီအဖြစ်ပြောင်းလဲသွားပြီး စွမ်းအင် အမျိုးအစားတစ်မျိုး အဖြစ်သိုလှောင်ထားပါတယ်။ ပဲကြီး ဟာဆိုရင် ကစီဓာတ်ကို တားဆီးပေးပြီး ၎င်းကို ဂလူးကို့စ် ဓာတ်အဖြစ်သို့ ပြောင်းလဲခြင်းကို လျော့ကျစေပါတယ်။ ၎င်းဟာ သဘာဝမှရတဲ့ ပဲကြီး အနှစ် ရဲ့အစွမ်းသတ္တိပဲ ဖြစ်ပါတယ်။

အဆီချတဲ့ အခါမှာ စိတ်ရှည်မှုနှင့် ဆုံးဖြတ်ချက် ချနိုင်စွမ်းဟာ လိုအပ်ပါတယ်။ အထက်ဖော်ပြပါ အစားအသောက် တွေဟာ အဆီကို လျင်လျင်မြန်မြန် လျှော့ချရာမှာ ကူညီပေးပါတယ်။ သို့သော် လေ့ကျင့်ခန်းနှင့် အစားအသောက်ကို တွဲလုပ်ပေးဖို့ရာ လျစ်လျူမရှု သင့်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ ဆရာဝန် သို့မဟုတ် အာဟာရကျွမ်းကျင်ပညာရှင်နှင့် ဒီအစားအသောက်တွေကို မစားခင်မှာ တိုင်ပင်သင့်ပါတယ်။ ဒါမှ သင်နဲ့ ဓာတ်တည့်မတည့် သိနိုင်မှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

17 top diet ingredients to fight fat and get lean
http://www.nutritionexpress.com/showarticle.aspx?articleid=1760. Accessed June 24, 2016.

Fat Burner Facts: Get The Skinny On 5 Fat-Burning Ingredients http://www.bodybuilding.com/fun/fat-burner-facts-5- fat-burning- ingredients.html. Accessed June 24, 2016.

11 FAT-LOSS INGREDIENTS THAT WILL ACTUALLY BURN FAT https://www.jackedfactory.com/best-fat-burner-supplements/. Accessed June 24, 2016.

ယခုပုံစံ

21/03/2022

Dr. Khin Yin Kyay မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Khin Yin Kyay မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/03/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement