backup og meta

အသံဝင်တာတွေ သက်သာစေဖို့ ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ

အသံဝင်တာတွေ သက်သာစေဖို့ ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ

အသံကုန်အောင် အာခေါင်ခြစ်အော်ခြင်း၊ အပူ အအေးမမျှတခြင်းနဲ့ အအေးမိတာတွေကြောင့် အသံဝင်တာတွေ ဖြစ်နိုင်ပါတယ်။ အသံဝင်မယ်ဆိုရင် စကားသေချာ မပြောနိုင်ဘဲ စိတ်ညစ်ရမှာပါ။ ဒီလိုမျိုး စိတ်ညစ်ရတာတွေ မဖြစ်စေဖို့အတွက် အသံဝင်တဲ့အခါ စားရမယ့် အစားအစာနဲ့ ရှောင်ရမယ့် အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။

အသံဝင်တာတွေ သက်သာစေဖို့ ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ

စားသုံးရမယ့် အစားအစာများ

အသံဝင်နေပြီဆိုရင်တော့ ပြန်လည်ကောင်းလာဖို့အတွက် ရေဓာတ်များများ လိုအပ်ပါတယ်။ တစ်နေ့ကို ရေဖန်ခွက်နဲ့ ရှစ်ခွက်လောက် သောက်နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်များတဲ့ အသီးတွေ၊ အရွက်တွေလည်း စားပေးဖို့ လိုပါတယ်နော်။ ခရမ်းချဉ်သီး၊ သခွားသီးတွေ အပြင် ပန်းသီး၊ စပျစ်သီးတွေကလည်း ရေဓာတ်ပါတာမို့ အသံဝင်တာကို သက်သာစေပါတယ်။

ဗီတာမင် အေ ကြွယ်ဝတဲ့ အစားအစာတွေ စားမယ်ဆိုရင်လည်း အသံဝင်တာ သက်သာနိုင်ပါတယ်။ ဗီတာမင် အေ ဟာ တစ်ရှူးတွေကို ပျော့ပြောင်းစေတာကြောင့် လည်ချောင်းနာတာတွေ မဖြစ်စေနိုင်ပါဘူး။ ဥအမျိုးမျိုးနဲ့ အသားတွေ စားပေးလို့ ရတယ်နော်။ လိမ္မော်သီး၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်တွေ စားဖို့ မမေ့နဲ့နော်။

ဖျော်ရည်အနေနဲ့ တစ်ခုခုသောက်ချင်တယ်ဆိုရင်တော့ ပန်းသီးဖျော်ရည်ကိုသာ ရွေးချယ်လိုက်ပါ။ ပန်းသီးဖျော်ရည်မှာ ရေဓာတ်(၉၀) ရာခိုင်နှုန်းလောက် ပါဝင်တာမို့ အသံဝင်တာတွေ သက်သာစေနိုင်မှာပါ။ ဂျင်းပြုတ်ရည်ကတော့ အသံဝင်တဲ့လူတိုင်းအတွက် အကောင်းဆုံး အစားအစာဆိုတာ သိထားပြီး ဖြစ်မှာပါနော်။ ဂျင်းကို ရေသေသေချာချာဆေးပြီး ပါးပါးလေးတွေ လှီးကာ ရေဆူဆူထဲ ထည့်ပြီး ပြုတ်သောက်တာမျိုး လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ဂျင်းကို ပါးပါးလေးတွေ လှီးပြီး ရေနွေးထဲ ထည့်စိမ်ကာ သောက်နိုင်ပါတယ်နော်။ ဂျင်းက ပေးတဲ့ အပူဓာတ်က လည်ချောင်းရှင်းစေပြီး အသံဝင်တာတွေ သက်သာစေနိုင်ပါတယ်။

ရှောင်စားရမယ့် အစားအစာများ

အသံဝင်နေတဲ့အချိန်မှာတော့ ရေခဲမုန့်စားတာကို ရှောင်လိုက်ပါ။ ရေခဲမုန့်မှာ သကြားနဲ့ Lactose ပမာဏ များများ ပါဝင်တာကြောင့် အသံကို ပိုဝင်စေနိုင်ပါတယ်။ ဝက်သားခြောက်ကြိုက်တဲ့ သူတွေကတော့ စိတ်ညစ်ရမှာပါ။ အသံဝင်နေချိန်မှာတော့ ဝက်သားခြောက်ကို ရှောင်ရမယ်နော်။ ဘာလို့လဲဆိုတော့ ဝက်သားခြောက်မှာ ဆားများများ ပါဝင်ပြီး ရေဓာတ်ဆုံးရှုံးတာတွေ ဖြစ်စေတာကြောင့်ပါ။ တကယ်လို့ ဝက်သားခြောက် စားချင်တယ်ဆိုရင်တော့ ဆားလျှော့ရမှာပါ။

နွားနို့ အပါအဝင် နို့ထွက် ပစ္စည်းတွေက လည်ချောင်းကို ချွဲတွေပိုထစေတာမို့ အသံဝင်တာ သက်သာချင်ရင်တော့ မစားပါနဲ့ဦး။ Citrus အက်ဆစ်များတဲ့ အသီးတွေလည်း မစားပါနဲ့ဦး။ ဒီအသီးအနှံတွေဟာ ခြောက်သွေ့စေတာမို့ အသံဝင်ခြင်းကို မသက်သာစေနိုင်ပါဘူး။

ကဖင်းနဲ့ အရက်လည်း ဘယ်လောက်ပဲ ကြိုက်ကြိုက် အသံဝင်နေချိန်မှာတော့ ရှောင်ရပါမယ်။ ကဖင်းဓာတ်များတဲ့ အစားအစာတွေဟာ အသံကို ထိခိုက်စေပြီး လည်ချောင်းကြွက်သားတွေ တင်းမာခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီအခါမှာ ကြွက်သားတွေ တင်းမာနေပြီး အသံထွက်မရတာမျိုး ဖြစ်နိုင်ပါတယ်။ အသံဝင်တာတွေ မြန်မြန်ပျောက်ဖို့ဆိုရင်တော့ စားရမယ့် အစားအစာလေးတွေပဲ ရွေးစားပါနော်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.livescience.com/4078-10-tips-healthy-voice.html

https://spoon https://www.livestrong.com/article/278098-list-of-good-bad-foods-for-your-voice/ university.com/lifestyle/foods-for-voice

http://visihow.com/Use_Ginger_to_Improve_Your_Singing_Voice

ယခုပုံစံ

21/01/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ယူရစ်အက်စစ် လျော့နည်းစေမယ့် အစားအစာ (၁၀) မျိုး

ချော့မွေ့လှပသော အသားအရေ ရရှိပိုင်ဆိုင်စေမယ့် အစားအစာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/01/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ