backup og meta

အကောင်းဆုံး လူကြီးသုံးသေးခံ ကို ဘယ်အချက်တွေနဲ့ ကြည့်ပြီး ရွေးချယ်ရမလဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကောင်းဆုံး လူကြီးသုံးသေးခံ ကို ဘယ်အချက်တွေနဲ့ ကြည့်ပြီး ရွေးချယ်ရမလဲ ။ ။

    ညညဘက် အိပ်ရာထဲ ဆီးသွားတဲ့ ဖိုးဖိုးဖွားဖွားတွေ၊ ဆီးမထိန်းနိုင်တဲ့ ဖိုးဖိုးဖွားဖွားတွေ အိမ်မှာရှိပါသလား။ အသက်အရွယ်ကြောင့် ဆီးထိန်းကြွက်သားတွေ အားလျော့သွားလို့ ဆီးကိုမထိန်းနိုင်တာ၊ ရောဂါအခံတွေ ကြောင့် ဆီးမထိန်းနိုင်တဲ့ကိစ္စတွေ ပတ်ဝန်းကျင်မှာ ကြားဖူးနေကြကိစ္စတွေပါ။ ဒါဆို ကိုယ့်အိမ်က ဖိုးဖိုးဖွားဖွားတွေမှာ ဒီလို ဆီးမထိန်းနိုင်တဲ့ ပြဿနာရှိနေပြီဆိုရင် သူတို့အတွက် ဘယ်လို ဖြေရှင်းပေးကြမလဲ။

    စိတ်မပူပါနဲ့။ ခုနောက်ပိုင်းမှာ ဆီးမထိန်းနိုင်တဲ့ လူကြီးတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ လူကြီးသေးခံတွေရှိပါတယ်။ လူကြီးသေးခံဆိုလို့ တချို့က ဝယ်ရမှာ ၊ဝတ်ရမှာ ရှက်တတ်ကြပါတယ်။ ဒါဟာ ရှက်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဆီးမထိန်းနိုင်လို့ ဆီးထွက်ကျရင်သာ ရှက်စရာနဲ့ စိတ်ညစ်စရာကောင်းတာမို့ ဒါတွေကို ကာကွယ်ပေးတဲ့ လူကြီးသေးခံကို ဝတ်ရမှာ၊ ဝယ်ရမှာ မရှက်သင့်ပါဘူး။ ဝတ်ထားတဲ့အခါမှာလည်း အများထင်သလို ဖုဖုဖောင်းဖောင်းကြီးနဲ့ သိသာနေတာမဟုတ်ဘဲ သက်တောင့်သက်သာနဲ့ သန့်သန့်ရှင်းရှင်းရှိစေပါတယ်။ ဒါပေမယ့် ရွေးချယ်ဝယ်တတ်မှတော့ရမယ်နော်။ ဒီတော့ သုံးရအဆင်ပြေတဲ့ လူကြီးသေးခံတစ်ခုကို ဘယ်လိုရွေးဝယ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်။

    အကောင်းဆုံးနဲ့ သုံးရအဆင်အပြေဆုံး လူကြီးသေးခံတစ်ခုမှာ ဘယ်အချက်တွေပါရမလဲ ။ ။

    ၁ – ဝတ်ဆင်ရတာလည်း လွယ်ကူ၊ စွန့်ပစ်ရတာလည်း မခက်တဲ့ သေးခံမျိုးဖြစ်ရပါမယ်။

    ဝတ်ရလည်းခက်၊ ပြန်ချွတ်ရတာလည်းခက်နေရင် ဘယ်မှာသွား အဆင်ပြေပါ့မလဲနော်။နောက်ထပ်လိုအပ်ချက်တစ်ခုက စုပ်ယူမှုအားကောင်းပြီး နူးညံ့တာဖြစ်နေဖို့ပါ။ ဒါမှအသားအရေတွေကို ထိခိုက်ပွန်းပဲ့တာမရှိဘဲနေရတာသက်တောင့်သက်သာဖြစ်မှာပါ။

    ၂ – စုပ်ယူအားကောင်းြပီး လျှံကျတာမျိုး မဖြစ်ရဘူး ။

    လူကြီးသုံးသေးခံတစ်ခုရွေးဝယ်မယ်ဆိုရင် ဒီအချက်က ပထမဆုံး စဉ်းစားသင့်တဲ့အချက်ပါ။ လူကြီးတစ်ယောက်ရဲ့ ပုံမှန် ဆီးသွားနှုန်းက တစ်ကြိမ်လျှင် ၁၂၀ CC ပမာဏရှိပါတယ်။ ဒီတော့ လူကြီးသုံးသေးခံတွေက ၁၂၀ CC ထက်ကျော်ပြီး စုပ်ယူအားကောင်းဖို့တော့ လိုတာပေါ့နော် ။ ဆီးသွားတဲ့ ပမာဏကလည်း လူတစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် ကိုယ်နဲ့ ကိုက်ညီတာကို ပိုပြီး ဦးစားပေးရွေးသင့်ပါတယ်။

    ၃ – သက်တောင့်သက်သာရှိရမယ်။ သိုသိပ်ရမယ်။

    သက်တောင့်သက်သာရှိတဲ့ဆိုတာနေရာ လမ်းလျှောက် နေရင်ရော၊ ထိုင်ရင်ရော ၊လှဲနေရင်ရော ခုနေတာ၊ ဖောင်းနေတာမျိုး မဖြစ်ရဘူးလို့ ဆိုလိုတာပါ။ ဒါ့အပြင် ကိုယ်ခန္ဓါနဲ့ တစ်သားတည်းဖြစ်နေမှ ကိုယ်သေးခံဝတ်ထားတယ်ဆိုတာ အခြားသူတွေမသိအောင် သိုသိပ်နေမှာ ဖြစ်ပါတယ်။

    ဘက်တီးရီးယားတွေ ပေါက်ပွားမှုကို ကာကွယ်ပေးနိုင်ရမယ်။

    သေးခံတော့ သုံးထားပါရဲ့။ အနံ့အသက်တွေထွက်နေရင် ဘယ်မှာသွား ယုံကြည်မှုတွေရှိတော့မလဲနော်။ မသိသာချင်ပါဘူးဆိုမှ အနံ့တထောင်းထောင်းနဲ့ဆို ပိုလို့တောင် စိတ်ညစ်နေရဦးမယ်။ ဒီတော့ ကိုယ်ဝယ်မယ့်သေးခံမှာ ဘက်တီးရီးယားရန်ကနေ ကာကွယ်နိုင်မယ့် Anti-Bacterial အလွှာပါးလေးတစ်ခု ပါဝင်လားဆိုတာကို သေးခံဝယ်ခါနီး သေချာစစ်ကြည့်ခဲ့ဖို့လည်း မမေ့နဲ့နော်။

    – နူးညံ့ပြီးခြောက်သွေ့လွယ်တဲ့သေးခံတွေကသာ အကောင်းဆုံးပါ။

    နူးညံ့ပြီးခြောက်သွေ့လွယ်တဲ့ သေးခံတွေကို ရွေးဝယ်သင့်ပါတယ်။ ဒါမှ လေဝင်လေထွက်လည်းကောင်း၊ ဝတ်ဆင်ရတာလည်း သက်တောင့်သက်တာရှိ၊ သေးခံလောင်တာတွေလည်း မဖြစ်စေတော့ပါဘူး။

    ၆ – သင့်တော့်တဲ့ အရွယ်အစားကို ရွေးဝယ်တတ်ရမယ်။

    ဝယ်လာပြီးမှ ကိုယ်ဝတ်လို့ မတော်ဘူးဆိုရင် သုံးမရ နဲ့ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်လေနော်။ အရေးအကြီးဆုံးက ခါးဆိုဒ်ပါ။ ကိုယ့်အတွက် ဝယ်တော့မယ်ဆိုရင်ဖြစ်ဖြစ်၊ သူများအတွက် ဝယ်ပေးတော့မယ်ဆိုရင်ဖြစ်ဖြစ် ခါးဆိုဒ်တိုင်းလာဖို့ မမေနဲ့နော်။ အရမ်းကြီး ကြပ်နေရင်လည်းမကောင်းသလို အရမ်းကြီးချောင်နေရင်လည်း မကောင်းပြန်ဘူးလေ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement