ဗီတာမင်ဒီဟာ ကျန်းမာရေးအတွက် အလွန်အရေးကြီးလှပါတယ်။ ကိုယ်ခန္ဓာရဲ့ ဆဲလ်တွေ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ပုံမှန်လည်ပတ်နိုင်စေဖို့် မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် အရိုးများ သန်မာကြီးထွားဖို့ လိုအပ်ပါတယ်။ အရိုးများဖွဲ့စည်းရာမှာ ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူပေးပါတယ်။ ကိုယ်ခံအားမြှင့်တင်ခြင်း၊ အရိုး ကြွက်သားများနဲ့ နှလုံး ကျန်းမာရေးကို မြှင့်တင်ခြင်း စတဲ့နေရာတွေမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် ဗီတာမင်ဒီ အလွန်အမင်း များပြားသွားရင်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။