ကျောက်ကပ်ပျက်စီးခြင်းအတွက် ကုသမှုမြောက်များစွာရှိပေမဲ့ ကျောက်ကပ်ပျက်စီးရခြင်းအကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုအမျိုးအစားကွဲပါတယ်။ သင့်ဆရာဝန်က သင့်အတွက် အကောင်းဆုံးကုသမှုကို ဆွေးနွေးပေးပါလိမ့်မယ်။
စက်ကို အသုံးပြုပြီး သွေးကို စစ်ထုတ်သန့်စင်ပေးခြင်း ဖြစ်ပါတယ်။ ကျောက်ကပ် ပျက်စီးနေတဲ့အတွက် စက်နဲ့ ကျောက်ကပ်အတိုင်း သန့်စင်ပေးတာဖြစ်ပါတယ်။ သွေးသန့်စင်ခြင်းအမျိုးအစားပေါ်မူတည်ပြီး ကြီးမားတဲ့စက်နဲ့ ချိတ်ဆက်ထားတာမျိုး ဒါမှမဟုတ် အိတ်နဲ့ဆက်ထားနိုင်ပါတယ်။
သွေးသန့်စင်ခြင်း ပြုနေစဉ်အတွင်း ပိုတက်ဆီယမ်၊ ဆားနည်းတဲ့ အစားအစာတွေကိုသာ ညွှန်းလေ့ရှိပါတယ်။ သွေးသန့်စင်ခြင်းက ကျောက်ကပ်ပျက်စီးခြင်းကို ပျောက်ကင်းအောင်မကုသနိုင်ပေမဲ့ ပုံမှန်ကုသမှုခံယူနေခြင်းမယ်ဆိုရင် သင့်သက်တမ်းကို ရှည်စေနိုင်ပါတယ်။
နောက်ထပ်ကုသမှုနည်းလမ်းကတော့ ကျောက်ကပ်အစားထိုးခြင်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ ကျောက်ကပ်ကို အစားထိုးလိုက်တာ ဖြစ်ပါတယ်။
အစားထိုးကုသခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ ကျောက်ကပ်အသစ်က အလုပ်ကောင်းကောင်းလုပ်နိုင်တာကြောင့် သွေးသန့်စင်ခြင်းထပ်လုပ်စရာမလိုတော့ပါဘူး။ မကောင်းတာကတော့ ခုခံအားဖိနှိပ်ပေးတဲ့ဆေးတွေကို ခွဲစိတ်ကုသမှုနောက်ပိုင်း အသုံးပြုရမှာဖြစ်ပါတယ်။
ဒီဆေးတွေမှာ သက်ဆိုင်ရာဘေးထွက်ဆိုးကျိုးတွေရှိနေပြီး အချို့ကပြင်းထန်ပါတယ်။ အစားထိုးခွဲစိတ်ခြင်း မအောင်မြင်တာမျိုးလည်း ဖြစ်သွားနိုင်ပြီး အသက်အန္တရာယ်ပေးနိုင်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက ကျောက်ကပ်ပျက်စီးခြင်းကို ကုသတဲ့နေရာမှာနဲ့ ပိုမဆိုးလာအောင် အကူအညီပေးနိုင်ပါတယ်။
- ဆေးတွေ သောက်တဲ့အခါ သတိပြုပါ။ ဆေးတွေကို ကျောက်ကပ်ကနေ စွန့်ထုတ်ရတာကြောင့် မလိုအပ်ဘဲ၊ ဆရာဝန်မညွှန်ဘဲ ဆေးတွေ မသောက်ပါနဲ့။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေ၊ သစ်ဥသစ်ဖုတွေကို ကြိတ်သောက်တာတွေကို သတိထားပါ။
- အိမ်တွင်းအသုံးပြုသန့်စင်ဆေး၊ ဆေးရွက်ကြီး၊ ပိုးသတ်ဆေးနဲ့ အခြားအဆိပ်ဖြစ်စေနိုင်တဲ့ပစ္စည်းများနဲ့ ထိတွေ့ခြင်းကိုရှောင်ခြင်း
- အငန်ကဲတဲ့ အစားအစာများကိုရှောင်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- အရက်လျှော့သောက်ခြင်း
- ကိုယ်အလေးချိန်ထိန်းခြင်း
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။