backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း)


Nadi မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) ကဘာလဲ။

ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းဆိုတာ ဆီးအိမ်ရှိဆီးများ ကျောက်ကပ်အတွင်းသို့ပြန်စီးဝင်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ဆီးသည် ကျောက်ကပ်မှ ဆီးပြွန် ထိုမှတစ်ဆင့် ဆိးအိတ်အတွင်းသို့ရောက်သည်။ ဆီးအိတ်နှင့် ဆီးပြွန်ကြွက်သား နှင့်အတူ ဆီးအိတ်ရှိ ဆီးဖိအားတို့က ဆီးအားနောက်သို့ပြန်မစီးရန်ကာကွယ်ပေးထားသည်။

ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းဖြစ်ပါက ဆိးအိတ်ထဲမှဆီးထဲရှိဘက်တီးရီးယားများ ကျောက်ကပ်အတွင်းသို့ရောက်မည်။ ထိုကြောင့် ကျောက်ကပ်ရောဂါပိုးဝင်ပြီး အမာရွတ်ထင်ခြင်းနှင့်ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်နိုင်သည်။

Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း

၏ရောဂါလက္ခဏာဖြစ်နိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်သည်ဆိုသော ကလေးသုံးပုံတစ်ပုံတွင် ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း

ရှိနေတတ်သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၏လက္ခဏာများမှာ ဖျားခြင်း ဆီးပေါက်ချိန်တွင် နာခြင်းသို့မဟုတ် ပူခြင်း ခဏခဏ ဆီးသွားရခြင်း နှင့် ဆီးကျန်သည်ဟုခံစားရခြင်းတို့ဖြစ်တတ်သည်။ ဖျားခြင်းသည် ကလေးငယ်များတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် အခြားကြောင်းရာမရှိပါက အဖျားကြီးနေသောကလေးများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုတွေးသင့်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းနှစ်မျိုးရှိပါသည်။

ပထမ ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း

သည် မွေးသည့်အချိန်တွင်ဖြစ်သည်။ ဆီးပြွန်ရှိ အဆို့မဖွံဖြိုးလာခြင်းကြောင့်ဖြစ်သည်။ အဖြစ်များဆုံးပုံစံဖြစ်သည် မွေးပြီးခဏတွင် သတိထားမိတတ်သည်။

ဒုတိယ ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း

သည် ဆီးအိတ် သို့မဟုတ် ဆီးအိတ်အပေါက်ပိတ်ခြင်းကြောင့်ဆီးများကျောက်ကပ်သို့ပြန်ရောက်လာခြင်းဖြစ်သည်။ မည်သည့်အသက်အရွယ်တါင်မဆိုဖြစ်တတ်ပြီး ခွဲစိတ်ခြင်း ထိခိုက်မိခြင်း ဆီးပေါက်ပုံမမှန်ခြင်းသို့မဟုတ် အရင်ကရောဂါပိုးမှ ဆီးအိတ်ဖိအားများစေခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ကျောရိုးအာရုကြောနှစ်ခွဖြစ်သောစသည့် အခြားမွေးရာပါချို့ယွင်းချက်ရှိကလေးများတွင်ပိုဖြစ်တတ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသားဖြူသောကလးများတွင်ပိုဖြစ်တတ်သည်။

မိန်းကလေးများတွင်နှစ်စပိုဖြစ်နိုင်သည်။ ချွင်းချက်မှာ မွေးရာပါ ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းရှိသူသည် ယောကျာ်းလေးတွင်ပိုဖြစ်တတ်သည်။

မွေးခါစနှင့် တစ်နှစ်ထိက်လေးငယ်များတွင် အသက်ကြီးသောကလေးများထက်ပိုဖြစ်တတ်သည်။

မိသားစုမျိုးရိုး၊ပထမ ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းသည် မိသားစုမျိုးရိုးလိုက်၍ဖြစ်တတ်သည်။ မိဘတွင်ဖြစ်ဘူးပါကကလေးတွင်ပိုဖြစ်နိုင်သည်။

ညီအကိုမောင်နှမကလေးများတွင်တယောက်ဖြစ်ပါကလိုက်ဖြစ်နှုန်းများ၍ စမ်းသက်ထားသင့်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းရှိမရှိစမ်းသက်ရာတွင်လိုအပ်နိုင်သည်။

ကျောက်ကပ်နှင့် ဆီးအိမ် ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းဂရပ်ပုံဟုလည်းခေါ်သည်။ ကြိမ်နှုန်းများသော အသံလှိုင်းကိုသုံး၍ ကျောက်ကပ်နှင့်ဆီးအိမ်ကို ပုံရိပ်ဖော်ခြင်းဖြစ်သည်။ အာထရာဆောင်းရိုက်ခြင်းဖြင့် ပုံသဏာန်မူမမှန်မှုများအားသိနိုင်သည်။ဤနည်းလမ်းကို ကိုယ်ဝန်ဆောင်သည့်အခါကလေးကြီးထွားမှုနှုန်းကိုကြည့်သည့်အခါတွင်သုံးသည်။ ကလေးတွင်ကျောက်ကပ်ယောင်ယောင်(ပထမဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း)ရှိမရှိကိုလည်းသိနိုင်သည်။

ဆီးအိမ်ဆီးပြွန်အားဓါတ်မှန်ရိုက်ခြင်း၊ ဆီးအိမ်တင်းနေချိန် နှင့် ဆီးအိမ်ဘာမှမရှိချိန်တို့တွင်ဓါတ်မှန်ရိုက်စစ်ဆေးသည်။ ကလေးမှ ဓါတ်မှန်ခုံပေါ်တွင်လှဲနေချိန် သေး၍ ကံျုနိုင်ဆန့်နိုင်သော ပြွန် အား ဆီးအိတ်ပေါက်နှင့် ဆီးအိမ်အတွင်းသို့ ထည့်သည်။ ဆိုးဆေးအား ထိုးထည့်ပြီး ကလေးဆီးအိမ်ကို ပုစံမျို့းစုံဖြင့် ဓါတ်မှန်ရိုက်သည်။ ထိုနောက် ထိုပြွန်အားပြန်ထုတ်လိုက်ပြီးကလေးအားသေးပေါက်ခိုင်းသည်။ ဆီးသွားနေချိန် ဆီးအိတ် ဆီးအိတ်ပေါက်ကောင်းစွာအလုပ်မလုပ်ကို ဓါတ်မှန်ထက်ရိုက်စစ်ဆေးသည်။ ထိုစစ်ဆေးမှုမကောင်းေးသာဆိုးကျိုးမှာ နေထိုင်ရကတိကတောက်ဖြစ်ခြင်းသို့မဟုတ် နောက်ထပ်ဆီးလမ်းကြောင်းပိုးအသစ်ထက်ဝင်ခြင်းတို့ဖြစ်နိုင်သည်။

နရူးကလီးယားစစ်ဆေးခြင်း။ဤစစ်ဆေးခြင်းကို ရာဒီယိုနရူးကလိုက် ဆီးအိတ်ဓါတ်မှန်ရိုက်ခြင်းဟုခေါ်သည်။ ဆီးအိတ်နှင့်ဆီးအိတ်ပေါက်ဓါတ်မှန်ရိုက်သောနည်းပညာနှင့်တူပြီး ဆိုးဆေးအစား ရေဒီယိုသတ္ထုကြွပစ္စည်းထိုးထည့်ခြင်းသာကွာသည်။ ဆီးလမ်းကြောင်းပုံမှန်အလုပ်လုပ်ခြင်းရှိမရှိကိုသိနိုင်သည်။ ဆိုးကျိုးအနေနှင့် ဆီးသွားသည့်အချိန် ဆီးပြွန်ထည့်ချိန်တွင်ကတိကတောက်ဖြစ်တတ်သည်။ သင့်ကလေးဆီးသည် စစ်ဆေးပြီးတရက်နှစ်ရက်အထိ အနည်းငယ်ပန်းရောင်သန်းတတ်သည်။

အဆင့်သတ်မှတ်ခြင်း

ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းအား ဒီဂရီအပေါ်မူတည်၍ အဆင့်ခွဲခြားသတ်မှတ်လိမ့်မည်။ အနိမ့်ဆုံးကိစ္စတွင် ဆီးသည် ဆီးပြွန်သို့သာရောက်မည်(အဆင့်တစ်)။ ဆိုးဝါးသောကိစ္စများတွင် ကျောက်ကပ်ယောင်ခြင်း နှင့် ဆီးပြွန်လိမ်သွားခြင်း(အဆင့် ငါး)ဟုသတ်မှတ်နိုင်သည်။

Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) ကို ဘယ်လိုကုသပါသလဲ

ကလေးအများစုတွင်ကုသမှုမလိုအပ်တတ်ပါ။ ဆီးပြွန်သည်လဲ ကလေးကြီးလာသည်နှင့်အမျှကြီးလာမည်။ အနိမ့်ဆုံးကိစ္စတွင် အသက် ငါးနှစ်ရောက်သည်နှင့်လုံးဝပျောက်သွားတတ်သည်။

ကုသမှုလိုပါက ပဋ္ဋိဇီဝပိုးသတ်ဆေး ဥပမာ အမောက်စီစလင် သို့မဟုတ် ထရိုင်မီတိုပရင် ဆာဖာမီတိုဇဇော (ဥပမာ ဘတ်တရင်) ကိုပေးလေ့ရှိသည်။ ပိုးသတ်ဆေးသည် ရောဂါပိုးဝင်ခြင်းကိုကာကွယ်ပေးခြင်း ကုသပေးခြင်းနှု့် ကျောက်ကပ်ထိစေသော အမာရွတ်ထင်ခြင်းကိုလျော့ချပေးနိုင်သည်။ ကလေးမှ ပိုးသတ်ဆေးတောက်လျောက်သောက်ရန်လိုနိုင်သည် သို့မဟုတ် ဆရာဝန်မှ အခြားဆီးလမ်းကြောင်းပိုးဝင်ခြင်းလက္ခဏာရှိမရှိစောင့်ကြည့်ခိုင်းပြီးရှိမှသာ ပိုးသတ်ဆေးတိုက်ခြင်းတို့လုပ်နိုင်သည်။ ဆိးတွင် ဘက်တီးရီးယားပါမပါ ခဏခဏစစ်ဆေးရန်လိုအပ်နိုင်သည်။

ပြင်းထန်သော ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းအတွက် ခွဲစိတ်မှုလိုအပ်နိုင်သည်။ ခွဲစိတ်ဆရာဝန်သည် ဆီးပြွန်တွင် အဆို့သစ်များ ပြန်ဖန်တီးရန်လိုအပ်သည်။

ပဋ္ဋိဇီဝပိုးသောက်ဆေးသောက်နေစဉ် သို့မဟုတ် မသောက်သော်လည်း ဆီးလမ်းကြောင်းပိုးဝင်သောလက္ခဏာများခဏခဏရှိနေပါက ခွဲစိတ်မုလိုအပ်နိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ကလေးအားအရည်များများသောက်ခိုင်းပါ(အဓိကအားဖြင့်ရေ) ရေသောက်ခြင်းဖြင့် ဆီးအား ပြင်းအာလျော့စေပြီး ဘက်တီးရီးများများအားတိုက်ထုတ်ရာတွင်ကူညီနိုင်သည်။

ရှောက်အသီးဓါတ်နှင့် ကက်ဖီးဓါတ်ပါသော ဖျော်ရည်အား ကလေးရောဂါပိုးပျောက်သည်အထိရှောင်ပါ။ သူတို့သည် ဆီးအိမ်အား လှုံစွပြီး ဆီးခဏခဏသွားရန်လိုတတ်သည်။

နွေးသောတာဝါသို့မဟုတ် စောင်ဖြင့်ထောက်ပံ့ပေးပါ။ တာဝါသို့မဟုတ် အခြောက်ခံစက်ဖြင့်မှုတ်ထားသောဆောင် (နွေးပါစေမပူစေပါနှင့်)အား ကလေးဗိုက်ပေါ်တွင်ထားပေးပါ။ အပူဓါတ်သည် ဆီးအိတ်နာခြင်း သို့မဟုတ် ဖိအားများစေခြင်းကိုလျော့ချနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Nadi မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement