အဓိပ္ပါယ်ဖွင့်ဆိုချက်
Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ကဘာလဲ။
ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောက်းနာခြင်းဆိုသည်မှာ အာသီးနှင့်အသံအိုးကိုဆက်ပေးထားတဲ့လည်ချောင်းအစိတ်အပိုင်းရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။
Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းနာခြင်းဟာအလွန်အဖြစ်များလေ့ရှိပြီးအမျိုးသမီးများဟာအမျိုးသားများထက်ပိုဖြစ်တာကိုတွေ့ရပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ပိုဆိုးစေမယ့်အရာများကိုရှောင်ရှားခြင်းဖြင့်လည်ချောင်းနာပြီးရောင်ရမ်းခြင်းများကိုသက်သာစေနိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အဖြစ်များတဲ့လက္ခဏာတွေကတော့ မြိုချတဲ့အခါ မသက်မသာဖြစ်ခြင်း။ ဖျားခြင်း ၊ အဆစ်နှင့်ကြွက်သားများကိုက်ခဲခြင်း ၊လည်ချောင်းနာခြင်းနှင့် လည်ပင်းရှိ ပြန်ရည်ဖုများရောင်ရမ်းခြင်းတို့ဖြစ်တတ်ပါတယ်။
အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီးအသေးစိတ်သိရှိရဖို့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်တွင်အထက်ဖော်ပြပါရောဂါလက္ခဏာများဖြစ်ပေါ်နေပါက ဆရာဝန်နှင့်ပြသသင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီကြပါဘူး။ သင့်အတွက်အကောင်းဆုံးအဖြေကိုရရှိဖို့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးတာအကောင်းဆုံးပါ။
အကြောင်းရင်းများ
Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
လည်ချောင်းရောင်ခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အဆုတ်သို့ အူ လမ်းကြောင်းကဲ့သို့အခြားအင်္ဂါများကိုလည်းကူးစက်နိုင်ပါတယ်။ လည်ချောင်းနာခြင်းရဲ့အများဆုံးအကြောင်းရင်းကတော့ ဗိုင်းရပ်စ်ကြောင့်ပဲ ဖြစ်ပါတယ်။
ဖြစ်နိုင်ခြေများ
Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ရောဂါဖြစ်စေဖို့အခွင့်အလမ်းများစေတဲ့အရာတွေကတော့..
ကလေးသူငယ်များ ၊ ဆေးလိပ်သောက်သူ သို့ ဆေးလိပ်ငွေ့ရှူနေရသူများ ၊ ဂေဟာများ ၊ ကျောင်းများ ၊ စစ်တိုက်ထွက်နေရသူများ ၊ ဆီးချိုသွေးချိုရှိသူနှင့် အလွန်အမင်းမောပန်းလွယ်ခြင်း၊အစားအသောက်ချို့တဲ့ခြင်း၊တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းနှင့်လတ်တစ်လောဖျားနာမှုများကြောင့်ကိုယ်ခံအားကျဆင်းနေသူများတွင်ပိုပြီးအဖြစ်များပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
စစ်ဆေးသူဟာ သင့်ရဲ့လည်ပင်းကိုစစ်ဆေးပြီးလည်ချောင်းရောင်ခြင်းကိုစမ်းသပ်စစ်ဆေးပါလိမ့်မယ်။ သင့်လည်ချောင်းမှာအရည်ကိုယူပြီးစမ်းသပ်စစ်ဆေးခြင်းဟာ ဘတ်တီးရီးယားကြောင့်လည်ချောင်းနာခြင်းမဟုတ်ကြောင်းကိုဖော်ပြပါလိမ့်မယ်။
Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
အတိအကျကုသမှုရယ်လို့တော့မရှိပါဘူး။ တစ်နေ့ကို ဆာရည်နွေးဖြင့်အကြိမ်များစွာ ပလုတ်ကျင်းပေးခြင်းဖြင့်ရောဂါလက္ခဏာများကိုသက်သာစေနိုင်ပါတယ်။ ပါရာစီတမောကဲ့သို့အရောင်ကျဆေးများသောက်သုံး၍လည်းအဖျားကိုထိန်းချုပ်နိုင်ပါတယ်။ အရောင်ကျစေသည့်သုံဆေးများ သို့ ဖျန်းဆေးများအလွန်အကျွံသုံးစွဲခြင်းဟာလည်း လည်ချောင်းနာခြင်းကိုပိုဆိုးစေပါတယ်။
လည်ချောင်းနာခြင်းဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အခါ ပိုးသတ်ဆေးများကိုသောက်သုံးရန်မလိုအပ်ပါဘူး။ ထိုဆေးများဟာ အကူအညီမပေးနိုင်ပါဘူး။ ထိုဆေးများကို ဗိုင်းရပ်စ်ကူးစက်မှုများတွင်သုံးမည်ဆိုလျှင် ဘတ်တီးရီးယားများဟာ ဆေးကိုပိုပြီး ခံနိုင်ရည်ရှိလာပါလိမ့်မယ်။ အချို့လည်ချောင်းနာခြင်းများတွင်တော့ လည်ပင်းမှာရှိတဲ့ပြန်ရည်ဖုများဟာရောင်နေတတ်ပါတယ်။ သင့်ရဲ့ကျန်းမာရေးစောင့်ရှောက်သူဟာ ထိုအရာများကိုကုသဖို့ prednisone ကဲ့သို့ဆေးများကိုပေးပါလိမ့်မယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ
ဘတ်တီးရီးယားများနှင့်ဗိုင်းရပ်စ်များဟာ ပတ်ဝန်းကျင်မှာလည်ချောင်းနာခြင်းကိုဖြစ်စေလေ့ရှိတာမို့အများစုဟာတော့ ကြိုတင်ကာကွယ်လို့မရနိုင်ပါဘူး။ သို့သော်လည်း လည်ချောင်းနာသူနှင့်ထိတွေ့ပြီးတိုင်းမှာသင့်ရဲ့လက်ကိုအမြဲဆေးကြောပေးရပါမယ်။ ထိုသူနှင့် နမ်းခြင်း၊ ခွက်တစ်ခွက်ကိုအတူတူသုံးခြင်းနှင့်အတူတူစားသောက်ခြင်းတို့ကိုမပြုလုပ်ရပါဘူး။
အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ အကောင်းဆုံးနားလည်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]