အဓိပ္ပါယ်ဖွင့်ဆိုချက်
Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) ကဘာလဲ။
ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဆိုသည်မှာ တိကျသောအကြောင်းအရင်းမရှိပဲဖြစ်ပွားသော စအိုနာကျင်မှုဖြစ်သည်။ ထိုနာကျင်မှုသည် ပြင်းထန်သော စအိုတွင်းနှင့် စအိုစပ်ရှိကြွက်သားကျုံ့ခြင်းကြောင့်ဖြစ်သည်။ လီဗေတာအေနိုင်းရောဂါစုကဲ့သို့သော စအိုနာကျင်မှုတစ်မျိုးနှင့်လည်း ဆင်တူသည်။ သို့သော် ထို ရောဂါစုတွင် နာကျင်မှုသည် မိနစ်အနည်းငယ်အစား ရက်များစွာကြာရှည်တတ်သည်။
မည်သူမဆို ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဖြစ်ပွားနိုင်သည်။ သို့သော် ထိုရောဂါသည် ပျိုဖော်မဝင်ခင်တွင် ဖြစ်ပွားလေ့မရှိပဲ အမျိုးသားများထက်စာလျှင် မိန်းမများတွင်ပိုဖြစ်တတ်သည်။ မည်သည့်အကြောင်းကြောင့် ဖြစ်ကြောင်း ကိုရှင်းလင်းစွာမသိရပဲ ထိုကဲ့သို့ဖြစ်ကြောင်းကို မိန်းမအများစုကသာ တင်ပြသတင်းပေးလေ့ရှိကြ၍ဖြစ်သည်။
Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) ရဲ့လက္ခဏာတွေကဘာတွေလဲ
ပရော်တယ်ဂျီးယား ဖူးဂပ်စ် ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ပရော်တယ်ဂျီးယား ဖူးဂပ်စ် ရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ စအိုအစပ်နား(သို့)ကျင်ကြီးပြွန်၏ အောက်ပိုင်းတွင် ကြွက်သားများကြုံ့ခြင်းဖြစ်သည်။ နာကျင်မှု(သို့) ကြွက်သားများကြုံ့ခြင်းသည် ရုတ်တရက် ဖြစ်ပြီး သတိပေးလက္ခဏာများမပြတတ်ပေ။ နာကျင်မှုကားပြင်းထန်တတ်ပြီး စက္ကန့်အနည်းငယ်ကြာ ကြာရှည်တတ်သည့်အပြင် အချို့သောအခါများတွင် မိနစ်30 အထိကြာတတ်သည်။ ထိုကဲ့သို့ဖြစ်ပွားမှုများသည် သင့်အလုပ်အားပျက်စေနိုင်ပြီး အိမ်တွင်နားနေရသည်အထိပြင်းထန်တတ်သည်။ အခြားသော လှုပ်ရှားမှုများကိုလည်း နာကျင်မှုများ ပြီးဆုံးသည်အထိ ဟန့်တားနိုင်သည်။ နာကျင်မှုသည် အလိုလိုရပ်သွားတတ်သည်။ ဝေဒနာရှင်များသည် ကြွက်သားကျုံ ခြင်းများကြားကာလတွင်ကား စအိုစပ်တွင် မနာကျင်တတ်ပေ။ ထိုကြားကာလသည်လည်းကြာရှည်တတ်သည်။ ထိုနာကျင်မှုများသည် ညအခါတွင် အများအားဖြင့်ဖြစ်ပွားတတ်ပြီး သင့်အားအိပ်ရာမှ နိုးလာစေသည်အထိ ပြင်းထန်တတ်သည်။ နေ့အချိန်တွင် လည်းဖြစ်ပွားတတ်သည်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) ကိုဘာတွေကဖြစ်စေသလဲ
ဘာတွေက ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဖြစ်ပွားစေသလဲ။
ပရော်တယ်ဂျီးယား ဖူးဂပ်စ်မှုအား ဖြစ်ပွားစေသည့် တိကျသည့် အကြောင်းအရင်းမရှိပေ။ သို့သော် လေ့လာမှုများအရ pudendal နာ့ဗ်အကြောများကြောင့် ဖြစ်ပွားစေကြောင်းလည်းသိရသည်။ လိပ်ခေါင်းကုသရာတွင် sclerotherapyဟုခေါ်သော ဆေးထိုးကုသမှုတခု(သို့) မိန်းမကိုယ်မှတဆင့်သားအိမ်အားဖြတ်ထုတ်ကုသခြင်းတို့ပြုလုပ်အပြီးတွင် လည်း ဖြစ်ပွားတတ်သည်။ အခြားသော ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်းများမှာ လိင်ဆက်ဆံခြင်း၊ရာသီသွေးလာခြင်း၊ဝမ်းချုပ်ခြင်း၊စိတ်ဖိစီးခြင်း စသည်ဖြင့်ဖြစ်သည်။ အထက်ပါ ကဲ့သို့သော အကြောင်းအရင်းများကြောင့်လည်း ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဖြစ်ပွားတတ်သကဲ့သို့မည်သည့်အကြောင်းအရင်းမှ မရှိပဲလည်း ဖြစ်ပွားတတ်သည်။
ပရော်တယ်ဂျီးယား ဖူးဂပ်စ်နှင့် စိတ်ဖိစီးမှု
အချို့သော လေ့လာမှုများအရ စိတ်ဖိစီးမှုသည် ကြွက်သားကျုံ့ခြင်းစတင်ဖြစ်ပေါ်စေကြောင်းလည်းသိရသည်။
ပရော်တယ်ဂျီးယား ဖူးဂပ်စ်နှင့် သင်၏ရာသီ
ရာသီသွေးလာခြင်းသည် ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဖြစ်စေနိုင်သည်ဟု ယုံကြည်ရသော်လည်း ဘာကြောင့်ဖြစ်စေမှန်းရှင်းလင်းစွာမသိရပေ။ ထို့ကြောင့်လည်း မိန်းမများတွင် အမျိုးသားများထက်စာလျှင်ပိုမိုဖြစ်ပွားသည်မှာ ဖြစ်တန်ရာ၏။ သို့သော် ယခုထိ အတည်မပြုရသေးပေ။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
ဘယ်အရာတွေက ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ပရော်တယ်ဂျီးယား ဖူးဂပ်စ် မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) ကို ဘယ်လိုအတည်ပြုပါသလဲ
အခြားသော စအိုနာကျင်မှုများဖြစ်စေသည့် အကြောင်းအရင်းများအား စစ်ဆေး ဖယ်ထုတ်ခြင်းအားဖြင့် ပရော်တယ်ဂျီးယား ဖူးဂပ်စ်အား အများအားဖြင့် အတည်ပြုသည်။
ထိုကဲ့သို့အခြားအကြောင်းအရင်းများမရှိကြောင်း အတည်ပြုရန် သင်၏ဆရာဝန်သည် ထိတွေ့ကိုင်တွယ်စစ်ဆေးခြင်း၊နာကျင်မှု၏ပြင်းထန်မှု၊ကြာချိန်စသည်တို့နှင့် ပတ်သတ်သော မေးခွန်းများမေးခြင်း၊လိပ်ခေါင်း၊အက်ကွဲကြောင်းများ၊ပြည်တည်နာနှင့် အခြားသော စအိုနာစေသည့် ရောဂါများရှိမရှိကို စစ်ဆေးတတ်သည်။ အခြားသော ရောဂါများအတည်ပြုဖယ်ထုတ်ပြီးပါက သင်၏ဆရာဝန်သည် ပရော်တယ်ဂျီးယား ဖူးဂပ်စ်အား စစ်ဆေးအတည်ပြုနိုင်သွားမည်ဖြစ်သည်။
Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) ကို ဘယ်လိုကုသပါသလဲ
ကုသမှုနည်းပေါင်းများစွာရှိသော်လည်း ထိုရောဂါလက္ခဏာများသက်သာမှုမှာ လူတစ်ဦးနှင့်တစ်ဦးမတူညီပေ။ ဖြစ်ပွားသည့်အကြောင်းအရင်းကိုတိကျစွာ မသိနိုင်သောကြောင့် ကုသမှုသည် ဖြစ်ပွားသော လက္ခဏာများပေါ်မူတည်သည်။ အကယ်၍ဖြစ်ပွားရသည့် အကြောင်းအရင်းအားသိရှိရပါက ထိုအကြောင်းအရင်းအားကုသရပါမည်။
အကယ်၍စိတ်ဖိစီးမှုသည်ဖြစ်ပွားစေသည့်အကြောင်းအရင်းဖြစ်ပါကနှစ်သိမ့်ဆွေးနွေးကုသခြင်းသည်အထောက်အကူပြုနိုင်ပါသည်။ ရေနွေးဖြင့်ရေချိုးခြင်းနှင့် ရေနွေးစိမ်ခြင်းတို့ကိုလည်း ကုသမှုတွင် အသုံးပြုတတ်သည်။ သင်၏ဆရာဝန်မှ ဂလစ်စရင်းထရိုင်နိုက်ထရိတ် (သို့) အခြားသော လိမ်းဆေးများကိုညွှန်ကြားတတ်သည်။
အကယ်၍ သင်၏ကြွက်သားကျုံ့မှုများသည် ပြင်းထန်ပါက ဘိုတောက်စ်ဆေးများ (သို့) ထုံဆေးအချို့ကို စအိုနားတွင် ထိုးသွင်းပေးရသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပရော်တယ်ဂျီးယား ဖူးဂပ်စ် ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပရော်တယ်ဂျီးယား ဖူးဂပ်စ် ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
[embed-health-tool-bmi]