အခြေခံကိုသိခြင်း။
Chest X-ray (ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း )ဆိုတာဘာလဲ?
Chest X-ray ဆိုတာ နှလုံး၊ အဆုတ်၊ လေပြွန်၊ သွေးကြောတွေနဲ့ lymph nodes တွေကိုပြတဲ့ ရင်ဘတ်ရဲ့ ပုံရိပ်တစ်ခု ဖြစ်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဟာ ရင်ရိုးခွေ၊ နံရိုး၊ ညှပ်ရိုး နဲ့ ကျောရိုးအပေါ်ပိုင်း အပါအဝင် ကျောရိုးတွေ နဲ့ ရင်ဘတ်မှာရှိတဲ့ အရိုးတွေကိုလည်း ပြနိုင်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း ဟာ ရင်ဘတ်အတွင်းရှိ ပြသနာတွေကို ရှာဖွေဖို့ အတွက် အသုံးများတဲ့ ဓါတ်မှန်တစ်မျိုးဖြစ်ပါတယ်။