backup og meta

Vasectomy Reversal (အမျိုူးသား သားကြောပြန်ဆက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vasectomy reversal ( အမျိုူးသား သားကြောပြန်ဆက်ခြင်း ) ဆိုတာဘာလဲ။

Vasectomy ဟာ အမျိုးသား သားကြောဖြတ်ခြင်း တစ်မျိုး ဖြစ်ပါတယ်။ သားကြောဖြတ်ခြင်းကို ပြောင်းပြန်ပြန်လုပ်ခြင်းဟာ သားကြောဖြတ်စဉ် ဖြတ်တောက်လိုက်တဲ့ ပြွန်တွေကို ပြန်ဆက်တဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။

တကယ်လို့ ပြွန်တွေကို ပြန်ဆက်နိုင်ရင်တောင် ခွဲစိတ်မှု မအောင်မြင်တာမျိုး ဖြစ်နိုင်ပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Vasectomy reversal တွေကို ဘာကြောင့် လုပ်ကြတာလဲ။

Vasectomy reversal ကို အရင်က သားကြောဖြတ်ထားဖူးပြီး ယခုအချိန် ကလေးပြန်လိုချင်ချိန်မှာ အသုံးပြုကြပါတယ်။

Vasectomy reversal ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

Vasectomy reversal ရဲ့ အောင်မြင်မှုဟာ သားကြောဖြတ်တာနဲ့ ပြန်ဆက်တဲ့အချိန်ကြား အချိန်ဘယ်လောက် ကျော်ဖြတ်ပြီးပြီလဲပေါ်မှာ မူတည်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ပိတ်ဆို့မှုတွေ ဖြစ်နိုင်ပြီး အချို့လူတွေဟာ သူတို့သုက်ပိုးကို ပြန်တိုက်ခိုက်တဲ့ antibodies တွေ ဖြစ်လာနိုင်ပါတယ်။

ခွဲစိတ်မှုဟာ ပိုမိုရှုပ်ထွေးပြီး vas deferens နဲ့ epididymis ကြားက ပိတ်ဆို့မှုကို ပြန်လည်ပြင်ဆင်ဖို့အတွက် အချိန်ပိုမို လိုအပ်ပါတယ်။

ခွဲစိတ်မှုအစားအခြားနည်းလမ်းတွေ ရှိပါသလား။

တကယ်လို့ အလှူရှင် သုက်ပိုးကို သုံးဖို့စဉ်းစားမယ်ဆိုရင် သုက်ပိုးဘဏ်မှသော်လည်းကောင်း၊ သင်သိရှိသူ တစ်ယောက်ယောက်ထံမှသော်လည်းကောင်း စဉ်းစားနိုင်ပါတယ်။

သင့်ဆရာဝန်ဟာ အပ်ကိုအသုံးပြုပြီး ဝှေးစေ့တစ်ခုခုအတွင်းမှ သုက်ပိုးကို ထုတ်ယူနိုင်ပါတယ်။ ဒီနည်းကို IVF ကုသမှုမှာ အသုံးပြုနိုင်ပါတယ်။

ခွဲစိတ်မှုမလုပ်ခင် ဆိုးကျိုးတွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့်မှာ မေးစရာရှိရင် ဆရာဝန် (သို့) ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

Vasectomy reversal တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

သင့်ဆရာဝန်ကို သင်သောက်နေတဲ့ဆေးတွေ၊ ဓါတ်မတည့်ခြင်းတွေ၊ ကျန်းမာရေးအခြေအနေတွေကို ခွဲစိတ်မှုမလုပ်ခင် ပြောပြသင့်ပါတယ်။ သင့်မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး မေ့ဆေးအစီအစဉ်ကို ဆွဲသင့်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်မီ အစာစားခြင်း၊ သောက်ခြင်းကို ဘယ်အချိန်မှာ ရပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။

ခွဲစိတ်မှု မလုပ်ခင် နာရီပေါင်းများစွာကြိုပြီး အစားစားခြင်းလုပ်သင့်သလားဆိုတာ တိကျတဲ့ ညွှန်ကြားချက်တွေ ပေးနိုင်ပါတယ်။ အခြေအနေအများစုမှာ အစာမစားမီ ခြောက်နာရီခန့်ကြိုပြီး အစာစားခြင်းကို ရပ်တန့်သင့်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်မီ နာရီအနည်းငယ်အထိ ကော်ဖီအစရှိတဲ့ အရည်တွေကို သောက်သုံးနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

Vasectomy reversal နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

ခွဲစိတ်မှုကို မေ့ဆေးနဲ့ ပြုလုပ်ပြီး မိနစ် ၉၀ ခန့်ကြာမြင့်နိုင်ပါတယ်။

ခွဲစိတ်ဆရာဝန်က ကပ်ပယ်အိတ်ပေါ်မှာ ခွဲစိတ်ရာနှစ်ခုကို ပြုလုပ်ပါလိမ့်မယ်။

သူတို့ဟာ ဝှေးစေ့တစ်ခုချင်းစီကို စစ်ဆေးပြီး ပြွန်တွေကို ရှာဖွေမှာဖြစ်ကာ အမာရွတ်တစ်ရှူးတွေကို ဖယ်ထုတ်လိုက်မှာ ဖြစ်ပါတယ်။ သင့်ခွဲစိတ်ဆရာဝန်ဟာ ပြွန်တွေရဲ့ အဆုံးသတ်တွေကို ပြန်လည်ချုပ်ပေးဖို့ operating microscope ကို အသုံးပြုမှာ ဖြစ်ပါတယ်။

Vasectomy reversal လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

ခွဲစိတ်မှုအပြီး တစ်နေ့ထဲ (သို့) နောက်တစ်ရက်မှာ အိမ်ပြန်နိုင်ပြီ ဖြစ်ပါတယ်။

တစ်ပတ်လောက်ကြာပြီးရင် အလုပ်ပြန်လည်လုပ်နိုင်ပြီ ဖြစ်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို နေ့စဉ်လှုပ်ရှားမှုကို အမြန်ဆုံးပြန်လုပ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်မီ ကျန်းမာရေးစောင့်ရှောက်သူ (သို့) ဆရာဝန်ကို အကြံဉာဏ်တောင်းသင့်ပါတယ်။

သင့်ဆရာဝန်က ခြောက်ပတ်ကနေ ရှစ်ပတ်အထိ ကြာမြင့်ပြီး ချိန်မှာ သင့်ရဲ့ သုက်ရည် အနည်းငယ်ကို တောင်းယူနိုင်ပါတယ်။ တောင်းယူကြည့်ပြီး သုက်ပိုးပါမပါ စစ်ဆေးမှာ ဖြစ်ပါတယ်။ တကယ်လို့ သုက်ပိုးမပါဘူးဆိုရင်တော့ ခွဲစိတ်မှု အောင်မြင်ခြင်း မရှိပါဘူး။

တကယ်လို့ ခွဲစိတ်မှု မအောင်မြင်ပဲ သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ ကလေးလိုချင်ဆဲဆိုရင် ဆရာဝန်နဲ့ အခြားနည်းတွေကို တိုင်ပင်သင့်ပါတယ်။

ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

နောက်ဆက်တွဲပြသနာများ

Vasectomy reversal အပြီးမှာ ဘာဖြစ်မှာလဲ။

အခြားခွဲစိတ်မှုတွေလိုပဲ သူ့မှာလည်း ဆိုးကျိုးတွေ ရှိပါတယ်။ ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်လဲဆိုတာ ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

ခွဲစိတ်မှုအားလုံးရဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုး ကတော့ မေ့ဆေးနဲ့ပတ်သက်သော ဆိုးကျိုးများ၊ သွေးအလွန်ထွက်ခြင်း၊ သွေးခဲခြင်းတွေပဲ ဖြစ်ပါတယ်။

Vasectomy reversal ရဲ့ ဆိုးကျိုးတွေကတော့

ခွဲစိတ်ထားတဲ့နေရာမှာ ရောဂါပိုးဝင်ခြင်း

ကပ်ပယ်အိတ်မှာ အရည်စုခြင်းကြောင့် drain လုပ်ရန် လိုအပ်ခြင်း

ကပ်ပယ်အိတ်အတွင်းမှ သွေးလွှတ်ကြော၊ အာရုံကြောတွေကို ထိမိခြင်း

ခွဲစိတ်မှုအတွက် ဆရာဝန်ညွှန်ကြားချက်တွေကို လိုက်နာခြင်းအားဖြင့် ဆိုးကျိုးတွေကို နည်းပါးအောင် ပြုလုပ်နိုင်ပါတယ်။ ဥပမာ အစာမစားခြင်း၊ အချို့ဆေးတွေ ရပ်တန့်ခြင်း

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Vasectomy Reversal (Vasovasostomy) http://www.webmd.com/infertility-and-reproduction/vasectomy-reversal-vasovasostomy. Accessed July 6, 2016.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement