Nephrostomy (ဆီးပိုက်တပ်ခြင်း)ဆိုတာဘာလဲ ?
ဆီးတွေကိုပုံမှန်အားဖြင့်ureters လို့ခေါ်တဲ့ကြွက်သားပြွန်ကတစ်ဆင့်ကျောက်ကပ်ကနေဆီးအိမ်ကိုပို့ပေးပါတယ်။ တစ်ခါတစ်လေမှာဆီးပြွန်တစ်ဖက်ဒါမှမဟုတ်နှစ်ဖက်လုံးပိတ်နေတတ်ပါတယ်။ ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်ထည့်တယ်ဆိုတာကကျောက်ကပ်ကို အရေပြားကနေတစ်ဆင့် အပေါက်ဖောက်ပြီး ဆီးတွေကို အရေပြားကနေပြွန်နဲ့စုပ်ထုတ်တာပါ။ ဒီကုသမှုကိုဓါတ်မှန်အထူးကုတွေကပြုလုပ်ပါတယ်။
Nephrostomy ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ။
ကင်ဆာရှိတဲ့လူတစ်ယောက်ရဲ့ဆီးပြွန်ကိုကင်ဆာဆဲလ်တွေပိတ်နေတဲ့အခါကျောက်ကပ်အပေါက်ဖောက်ပြီး ဆီးစွန့်နိုင်ဖို့ လိုပါတယ်
ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်တပ်ခြင်းကြောင့်ဖြစ်လာနိုင်ချေရှိတဲ့ဆိုးကျိုးတွေကဘာတွေလဲ ။
တစ်ခါတစ်လေမှာကျန်းမာရေးပြဿနာတွေကိုခွဲစိတ်ကုသလို့ရပါတယ်။ ဒါတွေကအချိန်ယူဖို့လိုပြီးကျောက်ကပ်အပေါက်ဖောက်ပြီးပိုက်ထည့်ခြင်းကတော့သင့်ကျောက်ကပ်တွေကိုအလုပ်ဆက်လုပ်စေပါတယ်။ တချို့လူတွေကခဏပဲ အပေါက်ဖောက်ဖို့လိုပြီးတချို့ကတော့တစ်သက်လုံး ပိုက်ထည့်ထားရပါတယ်။ သင့်ဆရာဝန်ကသင့်ကိုပိုပြီးအသေးစိတ်ရှင်းပြပါလိမ့်မယ်။
ဒါကိုမလုပ်ခင်သင်အနေနဲ့စွန့်စားရမှာတွေနောက်ဆက်တွဲ ပြဿနာတွေကိုပါနားလည်ထားဖို့အရေးကြီးပါတယ်။ သင့်မှာမေးစရာရှိရင်သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။
ကျောက်ကပ်အပေါက်ဖောက်ပြီး ဆီးပိုက်ထည့်ဖို့ ဘာတွေပြင်ဆင်ရမလဲ။
သင်မကြာခင်ကသောက်ထားတဲ့ဆေးတွေ၊ဓါတ်မတည့်မှုတွေနဲ့ကျန်းမာရေးအခြေအနေတွေကိုဆရာဝန်ဆီပြောပြပါ။
ခွဲစိတ်မှုမစခင်မှာလိုက်နာရမယ့်ညွှန်ကြားချက်တွေသင့်ကိုပေးထားမှာပါ။ဥပမာ – နာရီပိုင်းအလိုမှာအစားစားလို့ရမရဆိုတာမျိုးပေါ့။
ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်ထည့်သွင်းနေချိန်မှာ ဘာတွေဖြစ်လဲ။
ဓါတ်မှန်အထူးကုကသင့်ရဲ့ကျောကတစ်ဆင့်ကျောက်ကပ်ဆီသို့ ပြွန်ကိုအပ်နဲ့လမ်းညွှန်ဝိုင်ယာကြိုးအပျော့ကိုသုံးပြီးထည့်ပါမယ်။ နေရာမှန်သွားပြီဆိုဝိုင်ယာကိုပြွန်နဲ့အစားထိုးလိုက်ပါမယ်။ ပြွန်ကိုဆီးစွန့်ဖို့ပလတ်စတစ်အိတ်နဲ့ဆက်ထားပါတယ်။
ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်ထည့်ပြီးရင်သင် ဘာလုပ်သင့်လဲ။
သင်နာရီအနည်းငယ်အိပ်ရာထဲမှာနားနေရပါမယ်။ ဆီးပြွန်ပိတ်တာကုသလို့မကောင်းမချင်းဆီးပိုက်တပ်ထားရပါမယ်။
သင့်မှာမေးစရာတွေရှိရင်သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။
ကျောက်ကပ်အပေါက်ဖောက်ပိုက်ထည့်ပြီးရင် ဘာတွေဖြစ်မလဲ။
ကျောက်ကပ်အပေါက်ဖောက် ပိုက်ထည့်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေတော့ နည်းပါတယ်။ ဖြစ်နိုင်ချေရှိတာတွေကတော့
- သွေးထွက်ခြင်း
- ရောဂါပိုးဝင်ခြင်း
- ဆီးစိမ့်ထွက်ခြင်း
- ဓါတ်မတည့်ခြင်း
- နီးစပ်ရာအစိတ်အပိုင်းတွေမှာအပ်ကြောင့် ဒဏ်ရာဖြစ်ခြင်း
- ကျောက်ကပ်အတွင်း ပိုက်ထည့်မှုမအောင်မြင်ခြင်း
- ဓါတ်ရောင်ခြည်နဲ့ထိတွေ့ခြင်း
သင့်ကိုအနီးကပ်စောင့်ကြည့်နေမှာဖြစ်တဲ့အတွက်တစ်ခုခုမှားယွင်းလာရင်လည်းချက်ချင်းကုသလို့ရပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ
[embed-health-tool-bmi]