backup og meta

ဘိုတော့စ် ကုသမှုအပြီး မိမိကိုယ်ကိုယ် ဂရုစိုက်နည်းများ

Botox ကုသမှု အသုံးပြုခြင်းဟာ အရေးအကြောင်းတွေကို ပျောက်ကင်းစေပြီး အသားအရေကို နုပျိုစေပါတယ်။ ဒီကုသမှုဟာ ရှုပ်ထွေးမှုမရှိဘဲ အချိန်ကြာမြင့်ခြင်းလည်း မရှိပါဘူး။ Botox ထိုးခြင်းရဲ့ အာနိသင်ဟာ သုံးလကနေ လေးလအထိ ကြာမြင့်နိုင်ပြီး တစ်ခါတစ်ရံခြောက်လ အထိလည်း ကြာမြင့်နိုင်ပါတယ်။ အကောင်းဆုံး အစွမ်းတွေကို ရရှိဖို့အတွက် ဘိုတော့စ် ကုသမှုအပြီး မိမိကိုယ်ကိုယ် ဂရုစိုက်နည်းများ ကို သိထားဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ အချက် ၇ ချက်ကတော့ Botox ထိုးအပြီး သင်စဉ်းစားသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဘိုတော့စ် ကုသမှုအပြီး မိမိကိုယ်ကိုယ် ဂရုစိုက်နည်းများ

ဘိုတော့စ် ကုသမှုအပြီး မိမိကိုယ်ကိုယ် ဂရုစိုက်နည်းများ

ဘိုတော့စ် ကုသမှုအပြီး မိမိကိုယ်ကိုယ် ဂရုစိုက်နည်းများ ကတော့

  • လေ့ကျင့်ခန်း အသင့်အတင့်လုပ်ပါ။

Botox ထိုးပြီး ပထမတစ်နာရီမှာ ထိုးထားတဲ့နေရာကို မျက်နှာလေ့ကျင့်ခန်းတွေ ဖြည်းညင်းစွာလုပ်သင့်ပါတယ်။ ပြုံးခြင်း၊ မျက်မှောင်ကျုံ့ခြင်း၊ မျက်ခုံးပင့်ခြင်း၊ မျက်စိစွေကြည့်ခြင်းတွေ ပြုလုပ်သင့်ပါတယ်။ ဒါဟာ Botox ကြွက်သားအတွင်း ပြန့်သွားခြင်းကို ကူညီပေးပြီး မျက်နှာ ကြွက်သားတင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

  • မျက်နှာကို ပွတ်ခြင်းကို ရှောင်ကျဉ်ပါ။

ကုသမှုအပြီး နှစ်နာရီကနေ သုံးနာရီအထိ မျက်နှာကို ဖြည်းညင်းစွာ သစ်သင့်ပြီး ပွတ်ခြင်း၊ နှိပ်ခြင်း လုပ်ခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ Botox တွေဟာ မလိုလားအပ်တဲ့နေရာတွေကို ရောက်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။

ဒါ့ပြင် သင့်လက်တွေဟာ ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေပါတယ်။ တကယ်လို့ သင်ဟာ ထိုးထားတဲ့နေရာကို ဆက်တိုက် ထိမယ်ဆိုရင် ရောဂါပိုးဝင်နိုင်ပါတယ်။ တကယ်လို့ အိပ်မယ်၊ လှဲမယ်ဆိုရင် Botox ထိုးထားတဲ့နေရာကို ဖိမအိပ်သင့်ပါဘူး။ ပက်လက်အိပ်ခြင်းဟာ Botox တွေ ပြန့်နှံ့သွားခြင်းကနေ လျှော့ချပေးနိုင်ပါတယ်။

  • နာကျင်မှုသက်သာစေတဲ့ဆေးတွေကို သေချာစွာ အသုံးပြုပါ။

လူအချို့ဟာ ကုသမှုအပြီးမှာ နာကျင်မှုတွေကို ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းနဲ့ ခဏတာ မျက်နှာ နာကျင်မှုတွေဟာ အဖြစ်အများဆုံး ဆိုးကျိုးနှစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ aspirin နဲ့ ibuprofen တွေကို နာကျင်မှုသက်သာစေဖို့ ကိုယ့်သဘောနဲ့ကိုယ် မသောက်သုံးသင့်ပါဘူး။ တကယ်လို့ နာကျင်မှု ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်ကိုပြသပြီး ဆရာဝန်ညွှန်ကြားတဲ့ဆေးကို သောက်သင့်ပါတယ်။

  • အညိုအမည်းစွဲခြင်းတွေကို လျှော့ချပါ။

Botox ကုသမှု အပြီးမှာ အညိုအမည်းတွေ ပေါ်လာတတ်ပြီး ရက်အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ သူတို့ဟာ ပုံမှန် ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် စိတ်မပူသင့်ပါဘူး။ ဒါဆို သူတို့ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ။

ရေခဲကို ကုသထားတဲ့နေရာတွေကို ကပ်ပေးခြင်းဟာ Botox ထိုးထားတဲ့နေရာမှာ အညိုအမည်းစွဲခြင်းကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ vitamin K နဲ့ arnica လိမ်းဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။

  • အခြားမျက်နှာကုသမှုတွေကို ရွှေ့ဆိုင်းပါ။

တကယ်လို့ အခြားမျက်နှာကုသမှုတွေဖြစ်တဲ့ microdermabrasion နဲ့ chemical peels တွေကို လုပ်လိုတယ်ဆိုရင် Botox ထိုးပြီး အနည်းဆုံး ၂၄ နာရီကြာမှ ပြုလုပ်သင့်ပါတယ်။ Botox ကုသမှု အပြီး ပထမ ၄၈ နာရီအတွင်း အခြား skin care ထုတ်ကုန်တွေကို သုံးစွဲဖို့ စိတ်ချရလားဆိုတာ သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

  • လေ့ကျင့်ခန်းလုပ်ခြင်းကို ကန့်သတ်ပါ။

အချို့ဆရာဝန်တွေက လေ့ကျင့်ခန်းလိုအပ်မှုကို အငြင်းပွားကြပေမယ့် ကုသမှုအပြီး ပထမ တစ်ရက်နှစ်ရက်အတွင်း ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ တကယ်လို့ Botox ကို မေးစေ့၊ လည်ပင်းစေရှိတဲ့နေရာတွေမှာ ထိုးထားတယ်ဆိုရင် ဒါတွေကို နေရာရွေ့သွားပြီး လည်ချောင်းပိတ်နိုင်ကာ အသက်ရှူလမ်းကြောင်း ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

  • အရက်ကို ရှောင်ကျဉ်ပါ။

Botox ကုသမှု အပြီး နောက်ပိုင်းရက်တွေမှာ အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကျဉ်သင့်ပါတယ်။ အရက်ဟာ သင့်ယေဘုယျကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရေပြား ရောင်ရမ်းခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်စေပြီး အရေပြားကို လျော့ရဲစေနိုင်ပါတယ်။ အရက်ဟာ Botox ရဲ့ အာနိသင်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

တကယ်လို့ သင်က Botox ထိုးအပြီး သေချာ ဆက်တိုက်ဂရုစိုက်တယ်ဆိုရင် အာနိသင် အပြည့်အဝရနိုင်ပါတယ်။ ဒါ့ပြင် တကယ်လို့ Botox နဲ့ ဆက်နွယ်နိုင်တဲ့ ဆိုးကျိုးတွေကိုတွေ့ပြီဆိုရင်တော့ ဆရာဝန်ကို ဆက်သွယ်ပြီး ကျန်းမာရေးအကြံဉာဏ် တောင်းခံသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Botulinum Toxin (Botox). http://www.webmd.com/beauty/botox/botulinum-toxin-botox. Accessed July 2, 2016.

Botox Aftercare & What You Should Avoid. http://cosmetbeauty.com/botox-aftercare/. Accessed July 2, 2016.

After your Botox ® injections. http://jbcosmetic.co.uk/aftercare/. Accessed July 2, 2016.

Checklist: Botox Do’s and Don’ts. http://www.skinacea.com/facials/botox/botox-dos-and-donts.html#.V0-sRI9OLIU. Accessed July 2, 2016.

Botox Aftercare Instructions. https://www.sonataskinandbody.com/botox/aftercare-instructions/. Accessed July 2, 2016.

After-care Botox. http://rejuvieclinic.com/articles/after-care/after-care-botox.html. Accessed July 2, 2016.

ယခုပုံစံ

05/01/2023

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ

ငလျင်အတွက် အကူအညီများ ရယူရန်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/01/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ