backup og meta

Bilateral Vasectomy (အမျိုးသား သားကြောဖြတ်ခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဆောင်ရန်ရှောင်ရန်များလုပ်သင့်သည်များနည်းလမ်းများနောက်ဆက်တွဲ ပြဿနာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်

အမျိုးသားများသားကြောဖြတ်ရန် ခွဲစိတ်ခြင်းဆိုတာဘာလဲ

အမျိုးသားများသားကြောဖြတ်ခြင်းဆိုတာအမြဲတမ်းကလေးမရနိုင်တော့အောင် ခွဲစိတ်ကုသပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီခွဲစိတ်ခြင်းဟာ ဝှေးစေ့မှာရှိတဲ့ သုက်ပိုးများကိုယောက်ျားတန်ဆာဆီပို့ဆောင်ပေးတဲ့ သုက်ပို့ပြွန်၂ခုကို ဖြတ်တောက်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် သုက်ပိုးများဟာသုက်ရည်ထဲမရောက်နိုင်တော့ပါဘူး။ သုက်ရည်ထဲသုက်ပိုးမပါတဲ့အခါ မမျိုးဥနဲ့ မပေါင်းနိုင်တော့တာမို့ ဒီနည်းကိုကလေးမရဖို့ သုံးနိုင်ပါတယ်။

Bilateral Vasectomy (အမျိုးသား သားကြောဖြတ်ခွဲစိတ်ခြင်း)

ဆောင်ရန်ရှောင်ရန်များ

အမျိုးသားများသားကြောဖြတ်ရန် ခွဲစိတ်ခြင်းကိုဘယ်အချိန်မှာခံယူသင့်သလဲ

သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာတခြားသားဆက်ခြားနည်းတွေ မသုံးချင်တော့ရင် ဒီနည်းကိုအသုံးပြုနိုင်ပါတယ်။

အမျိုးသားများသားကြောဖြတ် ခွဲစိတ်ခြင်းမခံယူခင် ဘာတွေသိထားသင့်သလဲ

ဒီခွဲစိတ်မှုကြောင့် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ ခံစားမှုမှာကျဆင်းမသွားပါဘူး။ သုက်ရည်ထွက်မှုလည်းကျမသွားပါဘူး။ ဒီခွဲစိတ်မှုဟာဘေးကင်းတာများပေမယ့် ဖြစ်နိုင်ခြေပြသနာတွေကိုအရင်သိထားဖို့ လိုပါတယ်။

ဒီခွဲစိတ်မှုကိုမခံယူခင်မှာသတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကိုနားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

လုပ်သင့်သည်များ

သားကြောဖြတ် ခွဲစိတ်မှု မလုပ်ခင် ဘာတွေလုပ်သင့်သလဲ

ခွဲစိတ်မှုကိုမေ့ဆေးပေးပြီးလုပ်ဆောင်မှာ ဖြစ်ပါတယ်။ မခွဲခင်မှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့အညီဆီးခုံမွေးတွေကိုရိတ်သင့်ပါတယ်။ ပြီးရင် သန့်ရှင်းအောင် ဆေးကြောထားရပါမယ်။ သင်ဆန္ဒရှိရင် အစားနည်းနည်းစားနိုင်ပါတယ်။ ရေခဲအိတ်လုပ်ပြီးယူဆောင်သွားဖို့လည်းလိုပါတယ်။ ဆေးရုံကိုသွားရင် အဖော်တယောက်ယောက် ခေါ်သွားသင့်ပါတယ်။

သားကြောဖြတ်ခွဲစိတ်မှုရဲ့ ပုံမှန်အဆင့်တွေကဘာတွေလဲ

ခွဲစိတ်မှုမှာမေ့ဆေးပေးခြင်း ပါဝင်ပြီး ၁၅မိနစ်ကနေ မိနစ်၂၀ထိ ကြာနိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ ကပ္ပါယ်အိတ် တဖက်ဆီမှာအနည်းငယ် ခွဲကြောင်းပေးပါလိမ့်မယ်။ တခါတရံအလယ်ကနေခွဲတတ်ပါတယ်။ ပြီးတဲ့အခါ ကပ္ပါယ်အိတ်ကနေယောက်ျားတန်ဆာဆီသွားတဲ့ သုက်ပို့ပြွန်ကို ဖြတ်တောက်ပြီးအနားနှစ်ဖက်ကိုမဆက်သွယ်နိုင်တော့အောင် ပိတ်ချုပ်လိုက်ပါလိမ့်မယ်။

နည်းလမ်းများ

သားကြောဖြတ်ခွဲစိတ်ပြီးဘာတွေလုပ်သင့်သလဲ

ခွဲစိတ်ပြီးတဲ့နေ့မှာအိမ်ကို ပြန်နိုင်ပါတယ်။

ဝှေးစေ့များဟာ ရက်အနည်းငယ် နာကျင်နေနိုင်ပါတယ်။ ၂ရက်လောက် နားပြီးတဲ့အခါ လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါတယ်။ အင်အားသုံးရတဲ့ အလုပ်ဆိုရင်တော့ တပတ်လောက်နားသင့်ပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာပုံမှန်လှုပ်၇ှား သွားလာနိုင်တဲ့ အနေအထားကို မြန်မြန် ရောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာကျန်းမာရေးစောင့်ရှောက်ပေးသူများနဲ့ တိုင်ပင်ပါ။

ဆရာဝန်ဟာ ခွဲစိတ်ပြီး အကြိမ်၂၀လောက် သုက်ရည်ထုတ်အပြီးမှာသုက်ရည်နမူနာကိုရယူပြီးသုက်ပိုးပါနေခြင်းရှိမရှိစစ်ဆေးပါလိမ့်မယ်။

သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

နောက်ဆက်တွဲ ပြဿနာများ

ဘယ်လိုနောက်ဆက်တွဲ ပြဿနာတွေရှိနိုင်လဲ

အောက်ပါအချက်တွေ အတွေ့ရများပါတယ်။

  • နာကျင်ခြင်း
  • သွေးထွက်ခြင်း
  • ခွဲထားသည့်နေရာ ပိုးဝင်ခြင်း၊ ဝှေးစေ့ ပိုးဝင်ခြင်း

သားကြောဖြတ်ခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေလည်းရှိတတ်ပါတယ်။

  • ကလေးရသွားခြင်း
  • ဝှေးစေ့တာရှည်စွာနာကျင်နေခြင်း
  • သုက်ပို့ပြွန်လမ်းကြောင်းရောင်ရမ်းခြင်း
  • သုက်ရည်အကျိတ်ဖြစ်ခြင်း

အကယ်၍ ဖြစ်ပွားနိုင်သောဘေးထွက်ဆိုးကျိုးများအကြောင်းကိုသိရှိလိုလျှင် သင့်ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Surgery for anal fistula. https://www.betterhealth.vic.gov.au/health/surgicalbrochures/surgery-for- anal-fistula.
08 Mar 2016
Abscess and Fistula Expanded Information. https://www.fascrs.org/patients/disease-condition/abscess- and-fistula-expanded- information. 08 Mar 2016

ယခုပုံစံ

12/05/2020

Written by Dr. Thant Zin

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ

ငလျင်အတွက် အကူအညီများ ရယူရန်


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement