brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခါးအောက်ပိုင်းထုံရန် ကျောအောက်ဘက်ကို ထိုးရသော ထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

Epidural လို့သိကြတဲ့ ခါးအောက်ပိုင်းထုံဖို့ ကျောအောက်ကို ထိုးရတဲ့ ထုံဆေး (Epidural Anesthesis) ဟာ အဓိက တစိတ်တပိုင်းထုံဆေး ၂မျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ လူနာတွေ ကျန်းမာရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ကိုယ်ခန္ခါအစိတ်အပိုင်းတွေ အဆင်မပြေတာ နာကျင်တာမရှိအောင် ဆေးပစ္စည်းတွေနဲ့ ထုံအောင် ပြုလုပ်ပေးပါတယ်။

ခါးအောက်ပိုင်းထုံရန် ကျောအောက်ဘက်ကို ထိုးရသော ထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

Epidural Anesthesia ဆိုတာဘာလဲ။

Epidural Anesthesia လုပ်ဆောင်ရာမှာ မေ့ဆေးဆရာဝန်တစ်ယောက်ဟာ ဆေးကို အပ်နဲ့ epidural space လို့ခေါ်တဲ့ ကျောနေရာကို ထိုးသွင်းပါတယ်။ ဒီနည်းလမ်းဟာ နေရာတော်တော်များများကို ထုံစေပြီးတော့ ခံစားမှုတွေ၊ နာကျင်မှုတွေကို တားဆီးပေးပါတယ်။ Epidural Anesthesia ကြောင့်ထုံစေနိုင်တဲ့ နေရာတွေက

  • ရင်ဘတ်
  • လူ ခန္ဓါဗေဒ
  • တင်ပဆုံ နေရာ
  • ခြေထောက်
  • ဘေးထွက်ဆိုးကျိုးများ

    Epidural Anesthesia ဟာ တခါတလေမှာ ကောင်းကောင်းမွန်မွန် အလုပ်မဖြစ်ပါဘူး။ အဲ့လိုအခြေအနေမှာ သင့်မေ့ဆေးဆရာဝန်ဟာ သင့်ကို တခြားနာကျင်တာသက်သာမယ့်အရာ ဒါမှမဟုတ် Epidural Anesthesia ကိုပဲ ထပ်သုံးဖို့ အကြံပေးနိုင်ပါတယ်။

    • သင့်ရဲ့ ကျောအောက်နေရာကို ရှာမတွေ့ခြင်း
    • ဆးက ကျောအောက်နေရာကို မပြန့်နှံ့သွားခြင်း
    • အပ်ပြုတ်ထွက်ခြင်း

    ဆေးအစွမ်းပြရင်တောင်မှ တခါတရံ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်။

    လေ့လာထားချက်အရ Epidural Anesthesia ဟာ ကိစ္စတော်တော်များများအတွက် စိတ်ချရပါတယ်။ ဒါပေမယ့် တခြားဆေးဝါးတွေနဲ့ အလားတူ သူ့မှာလဲ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ Epidural Anesthesia ရဲ့ ဘေးထွက်ဆိုးကျိုးအချို့ကို အောက်မှာ ဖော်ပြထားပါတယ်။

    လုပ်ဆောင်နေစဉ်မှာ သင့်ရဲ့ သွေးပေါင်ချိန် ကျသွားနိုင်ပါတယ်။

    ဒါဘာကြောင့်ဖြစ်ရလဲဆိုတော့ အာရုံကြောကို သက်ရောက်စေတဲ့ ဆေးရဲ့အာနိသင်ကို သွေးကြောတွေဆီကိုပါ ရောက်သွားလို့ပါ။ သင်ဟာ ဒီအခြေအနေမှာ လှဲနေသင့်ပါတယ်။ ဒါမှ သွေးတွေက သင့်ခန္ဓါကိုယ်တလျှောက် စီးဆင်းသွားနိုင်မှာပါ။ သို့မဟုတ် သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူက သွေးပေါင်ချိန်ပြန်တက်စေမယ့် ဆေးပေးပြီး ထိန်းထားနိုင်အောင် လုပ်ဆောင်ပါလိမ့်မယ်။ ဒါကြောင့် စိတ်မပူပါနဲ့။

    ဆီးမထိန်းနိုင်ဘဲ ဖြစ်နိုင်ပါတယ်။

    Epidural Anesthesia ကြောင့် သင့်ခံစားသိနိုင်မှုတွေ မရှိတဲ့အတွက် သင့်ဆီးအိမ် ပြည့်မပြည့်ကို သင်မသိနိုင်ပါဘူး။ သူနာပြုတစ်ယောက်က သင်ဆီးသွားနိုင်ဖို့ ဆီးပိုက်လာထည့်ပေးပါလိမ့်မယ်။ ဆေးအရှိန်ပြေတာနဲ့ သင့်ဆီးအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပြန်ရလာပါလိမ့်မယ်။

    အရေပြားတွေ ယားလာနိုင်ပါတယ်။

    Anesthesia ပြုလုပ်ဖို့ သုံးတဲ့ ပါဝင်ပစ္စည်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရက်အတန်ကြာရင် ပျောက်သွားမှာပါ။ ဒါမှမဟုတ်လည်း အလွယ်တကူ ကုသနိုင်ပါတယ်။

    ဆေးထိုးပြီးနောက်မှာ ပင်ပန်းတာ၊ ဖျားနာတာ၊ အိပ်ငိုက်တာတွေ ဖြစ်တတ်ပါတယ်။

    သင့်သွေးပေါင်ချိန် ပြန်မတက်လာရင်တော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ ဆေးအချို့သောက်သုံးသင့်ပါတယ်။

    ကျောအောင့်နိုင်ပါတယ်

    လေ့လာထားချက်တော်တော်များများက ပြောထားချက်အရ ကလေးမွေးပြီးနောက် ခံစားရတဲ့ ရေရှည်ကျောအောင့်တာနဲ့ Epidural Anesthesia မှာ ဆက်နွယ်မှုရှိပါတယ်။ အကယ်၍ သင်ဟာ ပြင်းထန်တဲ့ ကျောအောင့်ဝေဒနာ ခံစားရပါက သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူကို ပြောရပါမယ်။ သူတို့က သင့်ပြဿနာကို ကူညီဖြေရှင်းပေးမှာပါ။

    ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။

    ဖြစ်တောင့်ဖြစ်ခဲပါ။ သင့်ကိုယ်ခန္ဓါထဲ ထိုးသွင်းလိုက်တဲ့ ဆေးကြောင့် ဖြစ်တတ်ပါတယ်။ အချိန်အတော်အသင့်ကြာရင် ပျောက်သွားမှာပါ။ ဒါပေမယ့် မပျောက်သွားရင်တော့ အဲ့အခြေအနေကို သင့်ဆရာဝန်ဆီ အသိပေးလိုက်ပါ။

    ရောဂါပိုး ကူးစက်နိုင်ပါတယ်။

    သင့်ကိုယ်ခန္ဓါထဲ အပ်နဲ့ထိုးလိုက်တဲ့အချိန်မှာ သင့်ကို ရောဂါပိုး ကူးစက်နိုင်ခြေ ရှိသွားပါပြီ။ ဖြစ်ခဲပေမယ့် ပြင်းထန်သွားရင်တော့ သင့်ရဲ့အာရုံကြောတွေကို ထိခိုက်စေပြီး သင့်ခန္ဓါကိုယ်အောက်ပိုင်းရဲ့ လှုပ်ရှားမှုတွေကို လျော့ရဲသွားစေပါလိမ့်မယ်။

    Epidural Anesthesia လူတော်တော်များများအတွက် စိတ်ချရပေမယ့် ဘေးအန္တရာယ်တော့ ရှိပါသေးတယ်။ မပြုလုပ်ခင် သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူနဲ့ လုပ်ရိုးလုပ်စဉ်တွေကို သေချာတိုင်ပင်ပါ။ ဘေးထွက်ဆိုးကျိုးတွေ လျော့နည်းအောင် ဘယ်လိုကာကွယ်မယ်၊ ဘယ်လိုပြင်ဆင်မယ်ဆိုတာတွေကိုပါ ဆွေးနွေးသင့်ပါတယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/11/2019 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။